<Unicode>
ဟန်ဟယ်ဝန်းနဲ့ပက်ဟွန်းနာအတူတူလာတာကို ကျောင်းကသူတွေတွေ့တော့ အထူးအဆန်းကြည့်လာကြသည်။ဟွန်းနာက ဂရုမစိုက်ဘဲစက်ဘီးကို လွတ်တဲ့နေရာမှာ ထားထားလိုက်ပြီး ကလေးရဲ့လက်ကိုဆွဲကာ ကလေးရဲ့အခန်းထဲဝင်သွားလိုက်သည်။
ဟယ်ဝန်း ရှက်လွန်းလို့ ခေါင်းကိုငုံ့ကာသာလျှောက်နေရသည်။ဟွန်းနာ သူ့အခန်းမသွားခင် ကလေးရဲ့နဖူးကို တစ်ချက်နမ်းကာ သူ့အပိုင်ဖြစ်ကြောင်းကြော်ငြာလိုက်သည်။
"မမ သွားတော့မယ်နော် ကလေး"
"အင်း မြန်မြန်သွားတော့"
"ဘာလို့ဇွတ်နှင်နေတာလဲ ဟင်"
"သွားတော့လေ ကျောင်းတက်တော့မှာကို"
"အင်းပါ နေ့လည်လာခေါ်မယ်နော်"
"ထမင်းချိုင့်က ကလေးဆီမှာလေ"
"အော် အဲ့ဆို ကလေး မမကိုလာခေါ်လိုက်"
"အင်း"
"စောင့်နေမှာနော်"
"အင်းပါ သွားတော့"
ကလေးရဲ့ခေါင်းကို တစ်ချက်နှစ်ချက်ပုတ်ပြီး ထိုအတန်းကနေထွက်လာခဲ့တော့သည်။ ပက်ဟွန်းနာ မရှိတော့တာနဲ့ ပက်ဆွန်းနာက ဟန်ဟယ်ဝန်းရဲ့ရှေ့ကိုရောက်လာပြီး လက်ကိုပိုက်ကာ
"လူမြင်ကွင်းမှာမြင်မကောင်းဘူး မိန်းကလေးအချင်းချင်းဖြစ်ပြီး အရှက်လည်းမရှိကြဘူး"
ထိုစကားသံထွက်လာတဲ့နောက် သူမရဲ့ ခေါင်းကို
"ဖက်"
ဆိုတဲ့အသံမြည်အောင် ဟန်ဟယ်ဝန်းက စာအုပ်ထူနဲ့ကောက်ရိုက်လိုက်သည်။
"မိန်းကလေးအချင်းချင်းချစ်တော့ဘာဖြစ်လဲ နင်တောင် မိန်းကလေးမပြောနဲ့ ယောက်ျားလေးတစ်ယောက်မှလာမချစ်လို့ မနာလိုဖြစ်နေတာမလား ဘယ်လာချစ်မလဲ နင့်လိုစိတ်ဓါတ်နဲ့ ရုပ်ကလည်းဆိုးချက် ဒီကြားထဲ ဆံပင်ကပါ သရဲမလိုလို အရူးမလိုလို အရှေ့မှာချထားပြီးတော့"
"မင်း..မင်း"
"အင်း ငါလေ ငါဘာဖြစ်လဲ"
"ငါဘယ်အိမ်တော်ကလဲဆိုတာ နင်သိလို့လား"
YOU ARE READING
ကူညီပါရစေ system
FanfictionGL. System ပါ ပထမဆုံး GL. ရေးကြည့်တာပါ တောင်းဆိုထားတဲ့ဒါဒါလေးရေ အရေးအသားကိုတော့သည်းခံပေးပါ 😋😋