<Unicode>
လေယာဉ်များတွင် စီးနှင်လိုက်ပါသွားသည့်သူတိုင်းဟာ မီးလောင်နေသည့်ကျောင်းတော်ကြီးကိုကြည့်ပြီး အမျိုးအမည်မသိသည့်ခံစားချက်များပေါ်လာသည်။ကျောင်း၏မီးလောင်သံနှင့်အတူ ဇွန်ဘီများဟာလည်း နာကျင်မှုကြောင့်လူးလွန့်နေကြသည်။
ထို့နောက်တစ်ဖြေးဖြေးနဲ့ကျောင်းတစ်ခုလုံးဟာ ပြာပုံဖြစ်သွားသလို ဇွန်ဘီများမှာလည်း ပြာမှုန့်အဖြစ်သို့ရောက်သွားကြပြီး ဒီလောကကနေ ဇွန်ဘီတွေဟာ အပြီးတိုင်ပျောက်သွားတော့သည်။
Rose သူမအိမ်သို့ရောက်တာနဲ့ လူတိုင်းရဲ့စိတ်ပူစွာပြောနေသံကိုကြားနေရသည်။တစ်ကိုယ်လုံးကို စစ်ဆေးခြင်းလည်းခံနေရသည်။
အသက်ရှင်ကျန်ရစ်သူတွေဟာလည်း သူတို့မိသားစုတွေနဲ့ဆုံတွေ့ရင်း ဖြစ်ပျက်သမျှကိုပြန်ပြောပြနေကြသည်။
တစ်ချို့သူတွေက ငိုယိုရင်း ပွေ့ဖက်နေကြသည်။အကုန်လုံး၏မျက်နှာတွင် မျက်ရည်များစီးကျနေပေမဲ့ ပျော်ရွှင်မှုကိုတော့အတိုင်းသားမြင်နေရသည်။
Rose ရေမိုးချိုးလိုက်ပြီး အဝတ်အစားများလဲလှယ်လိုက်သည်။ထို့နောက် သူဖခင်ဆီက ခွင့်တောင်းပြီး ဒရိုင်ဘာတစ်ယောက်နှင့်အတူ ကလေးဆီထွက်လာခဲ့သည်။
Daisy အိမ်ပြန်ရောက်တာနဲ့ သူဖခင်၏ဆူပူမှုနဲ့အတူ သူ့အကိုဖြစ်သူ၏ ဩဝါဒချသံကိုပါ နားပူအောင်နားထောင်လိုက်ရသည်။
သူဖခင်က ဇွန်ဘီတွေစဖြစ်တာနဲ့ဘာလို့ ချက်ချင်းဖုန်းမဆက်ကြောင်းမေးမြန်နေသည်။
Daisy ကလက်ဟန်ဖြင့်
"ဖုန်းဆက်လည်း သမီးက စကားမှမပြောနိုင်တာကို"
ဆိုပြီး လက်ဟန်နှင့်လုပ်ပြလိုက်သည်။ထိုအမူအယာကြောင့် သူမ၏ဖခင်နဲ့ အကိုဟာဆက်လက်မဆူပူတော့ဘဲ ကောင်းကောင်းအနားယူဖို့ ပြောကာ တစ်ယောက်ထဲထားခဲ့ကြသည်။
Daisy ရေမိုးချိုးလိုက်ပြီး မျန်ရှိသူမ၏ပုံရိပ်ကိုကြည့်လိုက်သည်။သူမဟာ အချိန်အတော်ကြာအောင် မပြုံးမရီဘဲ နေခဲ့တာကြောင့် သူမ၏မျက်နှာထားမှာ မာထန်နေသည်။
YOU ARE READING
ကူညီပါရစေ system
Fiksi PenggemarGL. System ပါ ပထမဆုံး GL. ရေးကြည့်တာပါ တောင်းဆိုထားတဲ့ဒါဒါလေးရေ အရေးအသားကိုတော့သည်းခံပေးပါ 😋😋