<Unicode>
ပတ်ဟွန်းနာ သူ့ကလေးရှိတဲ့အိမ်ရှေ့ကားကိုရပ်လိုက်သည်။အိမ်ထဲတွင် တစ်ဒုန်းဒုန်းထုသံကြားတာကြောင့် ကားကို လမ်းဘေးကပ်ရပ်လိုက်ပြီး အိမ်ထဲသို့ဝင်သွားလိုက်သည်။ချွေးတစ်လုံးလုံးဖြင့် စင်တစ်ခုလုပ်နေတဲ့ကလေးကြောင့် ကလေးဆီက တူကိုယူလိုက်ပြီး
"ကလေး တူ မမကိုပေး မမလုပ်လိုက်မယ်"
"ဟင် ပတ်ဟွန်းနာ"
"မမ လို့ခေါ်လေ"
"ဟို မမ ဒီကိုဘယ်လိုရောက်လာတာလဲ"
"ဘာလို့ရောက်လာရမှာလဲ ကလေးကိုလွမ်းလို့ပေါ့ မကြိုဆိုဘူးလား"
" မ မဟုတ်ပါဘူး ရုတ်တရက်ဆိုတော့ ဒါနဲ့ အိမ်ကိုဘယ်လိုသိပြီးရောက်လာတာလဲ"
"မမက ချစ်နေရသူဆိုတော့ စုံစမ်းပြီးရောက်လာတာပေါ့ ဖယ် မမ လုပ်လိုက်မယ်"
"ဟီး ကျေးဇူး ဒါဆို ကလေး ညနေစာပြင်လိုက်မယ်နော်"
"အင်း"
ပက်ဟွန်းနာက တူနဲ့စင်ကိုသေချာဆောက်ပေးချိန်တွင် ဟန်ဟယ်ဝန်းက ညနေစာပြင်ဆင်လိုက်သည်။
သူမက တစ်ဦးတည်းတစ်ကောင်ကြွက်မို့ စားစရာများများစားစားသိပ်မရှိပေ..ဒါပေမဲ့ ရှိတာလေးနဲ့ ဟင်းသုံးခွက်ချက်လိုက်ပြီး ထမင်းလည်းတည်လိုက်သည်။
သူမက စာတော်တာမို့ ပညာသင်စရိတ်၊ကျောင်းသုံးပစ္စည်းတွေအတွက်စိတ်ပူစရာမလိုဘဲ သူမစားသောက်ဖို့အတွက်သာ စိတ်ပူရသည်။
သူမအခုနေသည့် အိမ်ကလည်း သူမမိဘတွေထားခဲ့တဲ့တစ်ခုတည်းသောအမွေဖြစ်သည်။သူမတို့ရပ်ကွက်ကဆင်းရဲပေမဲ့ အားလုံးက လုံးချင်းအိမ်ကိုယ်ပိုင်ရှိကြသည်။
ခြံနောက်တွင်လည်း အသီးအနှံများစိုက်လို့ရသည့် ခြံသေးတစ်ခုစီလည်းရှိကြသည်။မြေနေရာက ကိုယ်ပိုင်မို့ ဘာလုပ်လုပ်ပိတ်ပင်မဲ့သူမရှိပေ..
ဟန်ဟယ်ဝန်းက သူမရဲ့ဝမ်းစာအတွက် စနေ၊တနင်္ဂနွေတွင် deliver ပို့သည့်အလုပ်ကိုလုပ်ပြီး သူမဝမ်းစာကိုဖြေရှင်းလေသည်။
ပက်ဟွန်းနာ စင်ဆောက်ပြီးချိန်တွင် ထိုစင်က ပန်းကန်တွေထားဖို့စင်ဆိုတာသိလိုက်ရသည်။သူမချွေးတစ်လုံးလုံးကျနေတာကြောင့် လက်ခုံနဲ့ နဖူးပေါ်ကချွေးစတွေကိုသုတ်လိုက်ချိန်တွင်
YOU ARE READING
ကူညီပါရစေ system
FanficGL. System ပါ ပထမဆုံး GL. ရေးကြည့်တာပါ တောင်းဆိုထားတဲ့ဒါဒါလေးရေ အရေးအသားကိုတော့သည်းခံပေးပါ 😋😋