<Unicode>
သွန်းဝတီ နောက်ကမ္ဘာရောက်ချိန်တွင် လူတစ်စုနှင့်အတူ တစ်နေရာရာသို့ဝင်ရောက်နေသည်။ဓါတ်မီးကိုသာအားကိုးပြီးလမ်းလျှောက်နေချိန်
"ဝုန်း!!.."
ဆိုသည့်တံခါးပိတ်သံဟာ အနောက်မှကျယ်လောင်စွာထွက်ပေါ်လာသည်။
(သွန်းဝတီကို ထရီ လို့သုံးပါပြီ"
ထရီ မျက်မှောင့်ကြုံ့ပြီး ရောက်နေရာတွင်ရပ်ပြီး လူတွေကိုကြည့်လိုက်သည်။လူစုစုပေါင်း သူမနှင့်အတူ ၁၅ ယောက်ရှိသည်။
အကုန်လုံးက ဓါတ်မီးကိုယ်စီ ကိုင်ဆောင်ထားတာကြောင့် မျက်နှာများကိုမှုန်ဝါးဝါးတွေ့မြင်လိုက်ရသည်။
မိန်းကလေးက ၇ ယောက်ရှိပြီး ယောက်ျားလေးက ၈ ယောက်ရှိလေသည်။အကုန်လုံး၏မျက်နှာတွင်တော့ ကြောက်ရွံနေပေမဲ့ စပ်စုလိုစိတ်အပြည့်ရှိနေသည်။
မိန်းကလေးတစ်ယောက်၏မျက်နှာကတော့ အပြစ်ကင်းစင်တဲ့ချစ်စရာမျက်နှာကိုပိုင်ဆိုင်ထားသလို အခုချိန်ထိုမျက်မှာတွင် အရာရာကိုစပ်စုချင်စိတ်အပြည့်ရှိနေသည်။ထိုမိန်းကလေးဟာ မရာနီသာဖြစ်သည်။
သူမ၏ရှေ့တွင်တော့ ချောမောသည့် ယောကျာ်းပျို ထဝီရှိလေသည်။သူမမသွားဘဲရပ်သွားတာကို သူမ၏သူငယ်ချင်း အမ်ဖန်က တွေ့တော့ အနားသို့ကပ်လာပြီး
"ထရီ ဘာလို့ရပ်နေတာလဲ သွားရအောင်လေ"
"အင်း"
အမ်ဖန်က သူမ၏ပြန်ဖြေမှုကြောင့် စိတ်ထဲကနေရွံရှာသလိုခံစားလိုက်ရပေမဲ့ သူမကိုခင်မင်ထားမှ အဆင်ပြေမှာမို့ မခေါ်ချင်ခေါ်ချင်နှင့်ခေါ်နေရသည်။
အမ်ဖန်နှင့် ထရီဟာ ဒီနှစ်မှကျောင်းတွင်လာဆုံခြင်းပင်...ထရီက ချမ်းသာပေမဲ့ တစ်ယောက်ထဲသီးသန့်နေသလို သူမ၏အဝတ်အစားတွေဟာလည်း တောက်ပြောင်ခြင်းမရှိတာကြောင့် ကျောင်းထဲက လူတွေက သူမကိုဆင်းရဲသည်ဟုထင်မှတ်ထားကြသည်။
အမ်ဖန်ကသာ သူမ၏ဖခင်က ထရီတို့အိမ်တွင်ဒရိုင်ဘာလုပ်နေတာကြောင့် ထရီချမ်းသာမှန်းသိခဲ့ရသည်။
YOU ARE READING
ကူညီပါရစေ system
FanficGL. System ပါ ပထမဆုံး GL. ရေးကြည့်တာပါ တောင်းဆိုထားတဲ့ဒါဒါလေးရေ အရေးအသားကိုတော့သည်းခံပေးပါ 😋😋