<Unicode>
ဆရာမကြီးရဲ့စကားကြောင့် ချစ်သက်မေ ဟက်ကနဲတစ်ချက်ရီကာ"ကျမကျောင်းထွက်မယ်"
"ချစ်သက်မေ!!!... သမီး စကားကိုပြန်ရုတ်သိမ်းလိုက်စမ်း ပြီးရင်ဆရာမကြီးကိုတောင်းပန်လိုက်"
"စိုးသက်သခင်သာ အပြစ်ခံရရင် ကျမကျောင်းထွက်မယ် စိုးသက်သခင်က ကျမအတွက်အရေးပါတယ်ဆိုတာ အမေသိတယ်မလား သူမကြောင့်သာမဟုတ်ရင် ဒီလိုနေရာရောက်မလာဘူး ဘယ်လိုလဲ ဆရာမကြီး စိုးသက်သခင်ကို အပြစ်ပေးချင်နေတုန်းလား "
သူမရဲ့စကားကြောင့် ဆရာမကြီးမှာ စဉ်းစားရကြပ်သွားသည်။ချစ်သက်မေရဲ့ယခုလို အဆင့်နဲ့သာဆိုရင် နိုင်ငံတစ်ခုလုံးမှာ သူမတို့ကျောင်းက နာမည်အကြီးဆုံးဖြစ်လာလိမ့်မည်..
ထို့ကြောင့်
"အင်း သမီးသာ ဒီလိုအဆင့်ကိုဆက်လက်ထိန်းသိမ်းထားရင် စိုးသက်သခင်ကိုအပြစ်မပေးလည်းရတယ်"
"ကျေးဇူးတင်ပါတယ် ဆရာမကြီး သွားခွင့်ပြုပါအုံး"
ချစ်သက်မေ ထွက်သွားတဲ့ ချစ်သက်ထားက အပြေးလိုက်သွားပြီး လက်ကိုဆွဲကာ
"နေအုံး သမီး အမေနဲ့စကားပြောကြမယ်"
"ပြောစရာမရှိဘူး "
"သမီးမရှိလည်းအမေရှိတယ်"
"ဘာပြောချင်လဲ အမြန်ပြော"
"စိုးသက်သခင်နဲ့ဝေးဝေးနေလို့မရဘူးလား သူက သမီးရဲ့တက်လမ်းအတွက်အတားအဆီးဖြစ်လိမ့်မယ်"
"ခုနကလည်း ကျမပြောပြီးသား သူမကြောင့်သာမဟုတ်ရင် ကျမဒီလိုနေရာရောက်လာမှာမဟုတ်ဘူးလို့ သွားခွင့်ပြုပါအုံး"
ချစ်သက်မေ ထွက်သွားမှ ချစ်သက်ထားရဲ့မျက်နှာတွင် ယုတ်မာသည့်အပြုံးပေါ်လာသည်။
...
စိုးသက်သခင် သူ့မမထွက်သွားတာနဲ့ စာအုပ်ဖွင့်ကာ မနေ့ကစာတွေကိုပြန်ကြည့်နေလိုက်သည်။
ထိုအချိန်တွင် မေသူရောက်လာပြီး စိုးသက်သခင်ရှေ့တွင် ဓါတ်ပုံတစ်ပုံလာပြလေသည်။
ထိုပုံထဲတွင် ချစ်သက်မေနောက် သူမလိုက်သွားပုံ၊ချစ်သက်မေရဲ့နောက်ကျောတွင် သူမပွတ်သပ်နေပုံနဲ့၊ချစ်သက်မေက သူမကိုအပြင်းအထန်နမ်းလာပုံ၊ပြီးနောက် နှစ်ယောက်သား ကုတင်ပေါ်တွင် ဝတ်လစ်စလစ်နဲ့ ဖက်တွယ်ကာ ဆက်နွယ်နေပုံတစ်ပုံချင်းရှိလေသည်။
YOU ARE READING
ကူညီပါရစေ system
FanfictionGL. System ပါ ပထမဆုံး GL. ရေးကြည့်တာပါ တောင်းဆိုထားတဲ့ဒါဒါလေးရေ အရေးအသားကိုတော့သည်းခံပေးပါ 😋😋