<Unicode>
တစ်ဖြေးဖြေးနီးကပ်လာသည့်ခြေသံများကြောင့် မိန်းကလေးရဲ့ခန္ဓာကိုယ်ဟာ ပိုမိုတုန်ရီလာတော့သည်။ပတ်ဟွန်းနာ သူ့ကလေးကို နံရံဆီကပ်လိုက်ပြီး
"မမ လို့တစ်ခွန်းထဲခေါ်လိုက် တစ်ဘဝလုံးကာကွယ်ပေးမယ်"
သူမပြောလိုက်တော့ မိန်းကလေးမှာအံဩသလို မျက်လုံးပြူးကာကြည့်လာသည်။သူမက ဒီကျောင်းကိုရောက်တာ ဒီနေ့နဲ့မှ တစ်ရက်ဘဲရှိသေးတယ်...
ဒါပေမဲ့ ဘာအကြောင်းအရင်းမှမရှိဘဲ အနိုင်ကျင့်ခံလိုက်ရသည်။အခုသူမရှေ့က လူကရော စိတ်ရောမှန်ရဲ့လား လူကြည့်တော့ သူ့ထပ်တောင်ငယ်မဲ့ပုံနဲ့ မမလို့လာခေါ်ခိုင်းနေသေးတယ်..
ပြီးတော့ ခံစားချက် ဟုတ်တယ် ခုနက ထိုမိန်းကလေး သူမလက်ကောက်ဝတ်ကိုလာကိုင်ချိန် ပေါ်လာတဲ့ ခံစားချက်က ရောထွေးလွန်းလှသည်။
ယုံကြည်အားကိုးချစ်ခင်မြတ်နိုးနွေးထွေး အိုစုံလို့ဘဲ...သူမကြောင်ကြည့်နေချိန် သူမကိုအနိုင်ကျင့်တဲ့မိန်းကလေးတွေဟာ သန့်စင်ခန်းသို့ဝင်ရောက်လာကြသည်။
သူမတို့နှစ်ယောက်ရဲ့ ပုံစံကိုမြင်တာနဲ့ သူတို့က ခနရပ်တန့်သွားပြီး ခေါင်းဆောင်ဖြစ်ဟန်တူတဲ့မိန်းကလေးက
"ပတ်ဟွန်းနာ မင်းနဲ့အသိလား"
"ဟင့်အင်း."
ပတ်ဟွန်းနာ သူမကိုမမလို့ မခေါ်တဲ့ကလေးကြောင့် တစ်ဖက်ကမိန်းကလေးရဲ့ အမေးကိုငြင်းလိုက်ကာ ဘေစင်သို့ မသိသလိုလက်ပိုက်ကာ ပြန်သွားရပ်နေလိုက်သည်။
ထိုအခါ မိန်းကလေးအဖွဲ့က တိုးလာကြပြီး နံရံတွင်ကပ်နေသည့်မိန်းကလေးကို ရိုက်ဖို့လက်ရွယ်ကုန်ကြသည်။
နာကျင်ရမည်ဆိုးတာကြောင့် မျက်နှာကိုလက်နှစ်ဖက်နဲ့ကြက်ခြေခတ်ပုံစံကာပြီး
"မမ!!!.."
ဆိုပြီး အသံကုန်အော်ဟစ်လိုက်သည်။ ပတ်ဟွန်းနာထိုအသံကြောင့် လစ်ကနဲပြုံးလိုက်ပြီး ရိုက်ဖို့ပြင်နေတဲ့မိန်းကလေးအဖွဲ့ကို
"ရပ်လိုက် "
ဆိုပြီးအမြန်တားလိုက်သည်။ဒါပေမဲ့ လက်မြန်တဲ့ မိန်းကလေးတစ်ယောက်ကြောင့် နံရံကမိန်းကလေးငယ်မှာ ခေါင်းကိုတစ်ခါရိုက်ခံလိုက်ရသည်။
YOU ARE READING
ကူညီပါရစေ system
FanficGL. System ပါ ပထမဆုံး GL. ရေးကြည့်တာပါ တောင်းဆိုထားတဲ့ဒါဒါလေးရေ အရေးအသားကိုတော့သည်းခံပေးပါ 😋😋