system space

5 1 0
                                    

<Unicode>
သွန်းဝတီ space ပြန်ရောက်တာနဲ့ အိပ်ငိုက်နေကြ doll မှာတက်ကြွနေတဲ့အသံနဲ့

"Mission တစ်ခုမအောင်မြင်တဲ့အတွက် အပြစ်ဒဏ်ခံရပါမယ် host congratulations ပါ"

"ငါဘယ် Mission မအောင်လို့လဲ"

"ဖခင်နဲ့ပျော်ရွှင်စွာနေထိုင်ရန် ဆိုတဲ့ mission မအောင်ပါဘူး"

"ငါ့ကိုထိုးတဲ့သူနဲ့ငါက ဘာလို့ပျော်‌ရွှင်စွာနေရမှာလဲ ဘာအပြစ်ဒဏ်လဲခံလိုက်မယ်"

"နောက်ကမ္ဘာရောက်ရင်သိပါလိမ့်မယ်"

"Ok ဇာတ်ကြောင်းပေးတော့"

"ဟုတ်..ဇာတ်ကြောင်း၊mission တစ်ခါထဲလွှဲပေးမယ်..ပြည့်စေ ဥုံဖွ.."

Doll က ဇာတ်ကြောင်းတွေလွှဲပေးပြီးတာနဲ့ပြန်ငိုက်သွားတော့သည်။ သွန်းဝတီ မှတ်ဉာဏ်ထဲ တိုးဝင်လာတဲ့ ဇာတ်ကြောင်းကိုစတင်ဖတ်ကြည့်လိုက်တော့သည်။

ဒီကမ္ဘာက အင်္ဂလန်နိုင်ငံရဲ့တစ်နေရာမှာရှိတဲ့ ကျောင်းတစ်ကျောင်းရှိဇာတ်လမ်းဖြစ်သည်။

ထိုကျောင်းတွင် ကျောင်းသားကျောင်းသူများဟာ ကျောင်းဆောင်တွင်သာအနေများပြီး အပြင်လောကနှင့်ကျောင်းမပိတ်ခင်ထိ သီးသန့်လောကတစ်ခုလိုနေထိုင်ကြရသည်။

ထိုကျောင်းတွင် မိန်းကလေးအယောက် ၃၀၀၀ နှင့်ယောက်ျားလေး ၄၀၀၀ ကျော်ရှိကာ ဆရာ၊ဆရာမ ၁၀၀ ရှိကြသည်။

တစ်နေ့ ထိုကျောင်းရှိ စမ်းသပ်ခန်းတွင် ကြွက်တစ်ကောင်မှာ ဓါတုဓါတ်ငွေ့တစ်ချို့ကို မတော်တဆရောထိမိပြီးနောက် ဆင့်ကဲပြောင်းလဲသွားတော့သည်။

ဆင့်ကဲပြောင်းလဲသွားတဲ့ကြွက်ဟာ ဓါတ်ခွဲခန်းတွင်လေ့လာနေသည့်ကျောင်းသား၊ကျောင်းသူတစ်ချို့ကို ကိုက်မိရာကနေ ထိုကျောင်းသူ၊ကျောင်းသားတွေဟာ မျက်လုံးများဖြူသွားပြီး ခန္ဓာကိုယ်ဟာလည်း တွန့်လိမ်သွားကြသည်။

ပါးစပ်ရှိသွားများမှ အမဲရောင်အရည်တွေထွက်လာပြီး သွေးကြောတွေဟာလည်း မဲနက်ကုန်ကြသည်။

လူသွေးအနံ့ရတာနဲ့ သူတို့ဟာ နှိုးဆော်မှုတစ်ခုခံလိုက်ရသလိုနဲ့ ထိုလူတွေရဲ့သွေးနံ့နောက်လိုက်ကာ တစ်ဦးနဲ့တစ်ဦးကိုက်ကြတော့သည်။

ကူညီပါရစေ system Where stories live. Discover now