3.9

3 2 0
                                    

<Unicode>
Rose တံခါးကိုဟပြီးကြည့်လိုက်တော့ ထိုကျောင်းသားပြောသလိုပင် ဇွန်ဘီတွေဟာ တံခါးနားမှာတင် ယောင်လည်လည်လုပ်နေကြသည်။

ဒီနေရာကနေ ထွက်ဖို့အဆင်ပြေပေမဲ့ လူနှစ်ယောက်ချင်းစီသာ တိတ်တိတ်ကလေးထွက်နိုင်လောက်သည်။

Rose ဇွန်ဘီတွေကို ဒီနားကနေ ခွာသွားအောင်ဘယ်လိုလုပ်ရမလဲတွေးတောလိုက်သည်။

တစ်ဖက်ရှိ ရဲသားများဟာလည်း ကျောင်းသူတစ်ယောက်၏ တိုင်ကြားမှုကြောင့် အထက်အရာရှိတွေကိုအကြောင်းကြားလိုက်ရသည်။

အထက်အရာရှိတွေဟာလည်း အစည်းအဝေးများလုပ်ပြီး မည်သို့လုပ်သင့်ကြောင်း အကြိတ်အနယ်ဆွေးနွေးကြတော့သည်။

တစ်ချို့သူတွေက ကျောင်းသူကစနောက်တာဖြစ်နိုင်တယ်ဆိုပြီးပြောလာကြသလို တစ်ချို့ကလည်း ဖုန်းပြန်ဆက်ကြည့်ဖို့ပြောနေကြသည်။

ဖုန်းပြန်ဆက်ပေမဲ့ မရတာမို့ ထိုကျောင်းကိုစစ်ဆေးကြည့်ဖို့ ‌ဆွေးနွေးကြပြန်သည်။အားလုံး သွားမယ် မသွားဘူး ငြင်းခုံနေကြချိန် ဝန်ကြီးရောက်လာပြီး

"အခုချက်ချင်း ကျောင်းကိုစစ်ဆေးဖို့ပြင်ကြ"

ဆိုပြီး တစ်ချက်လွတ်အမိန့်ပေးလိုက်သည်။တစ်ချို့တွေကသဘောမတူတာကြောင့်

"ကောင်းပြီလေ ကျောင်းကို ဒရုန်းနဲ့စစ်ဆေးကြည့်ကြမယ် ဘာတွေဖြစ်နေလဲ ‌ကျောင်းသူ‌ ပြောတာအမှန်လား‌ပေါ့ တကယ်လို့ ဇွန်ဘီတွေဖြစ်ကုန်ရင်လည်း အသက်ရှင်သူတစ်ယောက်ဖြစ်ဖြစ်ကျန်‌နေခဲ့ရင် သွားကယ်မယ် မတွေ့ရင်တော့ မင်းတို့သဘောကျလုပ်ကြ "

"ဒီအစီအစဉ်ကောင်းတယ်"

ဆိုပြီးအကုန်လုံးက ခေါင်းငြိမ့်ကာသဘောတူလာကြသည်။ထို့နောက် ကျောင်းကို ဒရုန်းနဲ့စစ်ဆေးဖို့ စတင်ကြတော့သည်။

ဝန်ကြီးမှာ ‌‌ကျောင်းသူက စနောက်တာသာဖြစ်ဖို့ တိတ်တဆိတ်ဆုတောင်းနေမိသည်။သိပ်မကြာခင်မှာဘဲ ဒရုန်းနှင့်ကျောင်းကိုစစ်ဆေးကြည့်ကြတော့သည်။

ဒရုန်း၏အသံဟာ အနည်းငယ်ခပ်ကျယ်ကျယ်ထွက်နေတဲ့အပြင် မီးဟာလည်း မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတာကြောင့် ဟောင်းလောင်းပေါက်ဖြစ်နေသည့် ခေါင်းမိုးကြားမှ Rose တွေ့လိုက်ရသည်။

ကူညီပါရစေ system Where stories live. Discover now