<Unicode>
သွန်းဝတီ နောက်ဆုံးကမ္ဘာမှ မူလကမ္ဘာသို့တန်းရောက်လာခဲ့သည်။သူမမူလကမ္ဘာသို့ပြန်ရောက်ချိန်တွင် ဆေးရုံတစ်ခု၏ရှေ့တွင်ရှိသည့်ထိုင်ခုံတွင်ထိုင်နေခြင်းပင်...သူမဖြစ်ပျက်ခဲ့သမျှကိုပြန်စဉ်းစားကြည့်လိုက်သည်။သူမ၏ ကလေးအမည်မှာ လွန်းစန္ဒာဖြစ်သည်။
သူမနှင့်ကလေးဟာ လွန်ခဲ့သည့် နှစ်နှစ်တွင်လက်ထပ်ဖြစ်ခဲ့သည်။မိဘများကသဘောမတူတာကြောင့် သူမက ကိုယ့်ဒူးကိုယ်ချွန်ပြီး တစ်နှစ်အတွင်း ဒေဝါလီခံရမည့်ဆဲဆဲကုမ္ပဏီတစ်ခုကို ဝယ်ယူကာ တိုးတက်အောင်ပြုလုပ်ခဲ့သည်။
ကုမ္ပဏီက သူမထင်ထားတာထက်ပိုအောင်မြင်ခဲ့တာကြောင့် နှစ်ယောက်သား အလွန်ပျော်ရွှင်ခဲ့ရသည်။
မိဘများကလည်း ပစ်မထားရက်တော့တာကြောင့် ပြန်ဆက်သွယ်ကာ ခေါ်ခဲ့ပေမဲ့ နှစ်ယောက်သားကတော့ ပြန်မသွားတော့ဘဲ တစ်ယောက်နှင့်တစ်ယောက်ဖေးမကာ နေထိုင်ခဲ့သည်။
သူမတို့ပျော်ရွှင်မှုက တစ်နှစ်ကျော်တောင်မခံခဲ့ပေ..အိမ်ထောင်သက်နှစ်နှစ်ပြည့်တဲ့နေ့မှာဘဲ ကလေးကို surprise တိုက်ချိန် ကလေးက သူ့ကို surprise ပြန်တိုက်ခဲ့သည်။
"Happy 2 Years anniversary I Love You Baby "
ဆိုသည့်စာတန်းပါသည့်ကိတ်ကိုကိုင်ပြီး အခန်းထဲအပြုံးနှင့်ဝင်ခဲ့ချိန် ကြမ်းပြင်တွင်လဲကျနေသည့် ကလေးကိုတွေ့ခဲ့ရသည်။
နှာခေါင်းနှင့်ပါးစပ်နားတွင်ပေနေသည့် သွေးများကြောင့် အလန့်တကြားဖြစ်ပြီး ဆေးရုံကိုအမြန်ပို့ပြီးစစ်ဆေးကြည့်တော့ ကင်ဆာ ဒုတိယအဆင့်တဲ့ ကုလို့ရတယ်ဆိုပေမဲ့ တတိယအဆင့်ကိုကူးပြောင်းချင်သလိုလိုဖြစ်နေတယ်ဆိုတဲ့ဆရာဝန်၏စကားကြောင့် စိတ်ဓါတ်တွေကျခဲ့ရသည်။
ဒါပေမဲ့အားတင်းပြီး အလုပ်တစ်ဖက်ကလေးကိုတစ်ဖက် ဂရုစိုက်ခဲ့ပေမဲ့ ကလေး၏အခြေအနေက တစ်နေတစ်ခြားပိုပိုဆိုးလာခဲ့သည်။
သူမဝမ်းနည်းစွာ ဆေးရုံခေါင်မိုးထပ်တွင် ဒူးပေါ်မျက်နှာအပ်ကာ ငိုနေချိန်
"ကူညီပါရစေ system နှင့်ချိတ်ဆက်ချင်ပါသလား"
ဆိုသည့်စက်ရုပ်သံတစ်သံကြားလိုက်ရသည်။အစက အကြားမှားတာပါလို့တွေးနေချိန်
YOU ARE READING
ကူညီပါရစေ system
FanfictionGL. System ပါ ပထမဆုံး GL. ရေးကြည့်တာပါ တောင်းဆိုထားတဲ့ဒါဒါလေးရေ အရေးအသားကိုတော့သည်းခံပေးပါ 😋😋