5.1

1 1 0
                                    

<Unicode>
သွန်းဝတီ နောက်မ္ဘာရောက်ချိန်တွင် မှောင်မဲနေသည့် မြေအောက်ကမ္ဘာရှိပုလ္လင်တွင်ထိုင်နေသည်။သူမ၏ရှေ့တွင်လည်း အမဲရောင်ဝတ်စုံများဝတ်ဆင်ထားသည့် စစ်သည်ရဲမက်တွေဟာ ကြိုးတုပ်ခံရပြီးဒူးထောက်နေကြသည်။

သူတို့နောက်မှာတော့ ဓါးကိုင်ဆောင်ထားသည့် တစ်ချို့ရဲမက်တွေက လည်ပင်းကိုဓါးတေ့ပြီးရပ်နေကြသည်။

သွန်းဝတီဘာဖြစ်နေလဲ မှတ်ဉာဏ်တွင်ရှာဖွေကြည့်လိုက်တော့ သူမ၏ဦးလေးဖြစ်သူက ဒီဘူတွေဟာ ‌ပုန်ကန်ပြီးထီးနန်းကိုလုယူဖို့ကြိုးစားနေတဲ့သူတွေဖြစ်ကြောင်းပြောပြီး သတ်မိန့်ပေးဖို့ပြင်ထားသည့်သူများပင်...

အမှန်တကယ်တွင် ထိုလူများဟာ ရှုးယင်း၏ဖခင်က သူမကိုကာကွယ်ဖို့ထားခဲ့သည့်အသေခံတပ်သားများဖြစ်သည်။

ရှုးယင်း၏ဦးလေး လုကျိုးဟာ ထီးနန်းကိုလိုချင်နေသူတစ်ယောက်သာဖြစ်သည်။ရှုးယင်း၏တပ်သားများ အားနည်းအောင်လုပ်ပြီး ထီးနန်းကိုလုယူဖို့တွေးထားတာကြောင့် ရှုးယင်း၏သစ္စာခံတပည့်များကို နည်းလမ်းအမျိုးမျိုးဖြင့်သတ်ပစ်နေသူဖြစ်သည်။

ဒါတွေကိုမသိတဲ့ရှုးယင်းဟာ သူမ၏တစ်ဦးတည်းသော ဆွေမျိုးဦးလေး၏စကားကိုနာခံပြီး  သူမ၏သစ္စာခံတပည့်များကို ကိုယ်တိုင်သတ်မိန့်ပေးခဲ့သည်။ယခုဒီတပ်သားတွေကိုလည်း သူမဦးလေးက သတ်ပစ်ဖို့ပြန်စေခိုင်းပြန်ပြီ...

(သွန်းဝတီကို ရှုးယင်းလို့သုံးပါပြီ)

ရှုးယင်း တပ်သားတွေရှေ့လျှောက်သွားလိုက်ပြီး အ‌‌နောက်ကလူတွေကို ဆုတ်ဖို့ ညာလက်ခါကာ အမိန့်ပေးလိုက်သည်။

ဒူးထောက်နေတဲ့တပ်သားတွေရှေ့‌ခါးကိုကိုင်းကာ မျက်နှာချင်းဆိုင်စေလိုက်ပြီး

"အတင့်ရဲလိုက်ချက်ဘဲ ဘယ်လိုသတ္တိနဲ့များ ငါ့ကိုပုန်ကန်ဖို့တွေးရဲရတာလဲ ငါနဲ့ရင်ဆိုင်ဖို့ နင်တို့အရည်အချင်းဘယ်လောက်ရှိလဲကြည့်ရသေးတာပေါ့"

သူမ မတ်မတ်ပြန်ရပ်လိုက်ပြီး လက်နောက်ပစ်ကာ ဘေးမှာရှိသည့်စစ်သူကြီးကို

ကူညီပါရစေ system Where stories live. Discover now