<Unicode>
အကုန်လုံး ထောင့်စွန်းမှာရှိသည့် လှေကားမှတဆင့်အောက်ကိုဆင်းဖို့ သွားချိန် လှေကားနားရှိအခန်းဟာ ရုတ်တရက် တစ်နေရာထဲမှာဘဲမီးလင်းလာပြီး ထိုနေရာမှ စန္ဒယားတီးလုံးသံထွက်ပေါ်လာသည်။တီးလုံးဟာ အလွန်ဝမ်းနည်းဖွယ်ကောင်းစွာအစဉ်မပြတ်ထွက်ပေါ်လာသည်။ဝမ်းနည်းဖွယ်ကောင်းတာကြောင့် အားလုံးအသံကြားရာဆီဝင်ပြီးကြည့်လိုက်ကြသည်။
သူတို့တီးတဲ့သူကိုကြည့်လိုက်ချိန်တွင် မိန်းကလေးတစ်ယောက်ဟာ မျက်လုံးမှိတ်ကာ သွယ်လှတဲ့သူမလက်နဲ့တီးခတ်နေသည်။
5 မိနစ်ကျော်ကြာပြီးနောက်တွင် ထိုမိန်းကလေးရဲ့ပါးပြင်ပေါ်တွင် မျက်ရည်တစ်စက်ကျဆင်းသွားသည်။
အားလုံးရဲ့မျက်နှာဟာလည်း မျက်ရည်တစ်ချို့တည်ရှိနေသည်။ထိုမိန်းကလေးက သေချာထိုင်လိုက်ပြီး ငြိမ်သက်သွားသည်။
3 စက္ကန့်အကြာမှာဘဲ ထိုမိန်းကလေးရဲ့ခေါင်းဟာ ကိုယ်လုံးမပါဘဲ အနောက်သို့လှည့်လာသည်။
သူမ၏မျက်လုံးတွင်စီးဆင်းနေသည့်မျက်ရည်များဟာလည်း သွေးရောင်သို့ပြောင်းလဲသွားပြီး သူမ၏မျက်နှာဟာလည်း ကြောက်စရာကောင်းအောင် ပြုံးရီလာသည်။
ထိုအခါမှ အားလုံးအသိပြန်ဝင်လာပြီး ထိုအခန်းထဲက ထွက်ဖို့ပြေးကြတော့သည်။သို့သော် သူတို့အခန်းထဲကမထွက်နိုင်ခင်မှာဘဲ အခန်းတံခါးဟာ ဂျိန်းကနဲပိတ်သွားသည်။
အကုန်လုံးက
"အား!!!.."
ဆိုပြီးအချင်းချင်းဖက်တွယ်ကာ အော်ဟစ်လာကြသည်။ဒါပေမဲ့ ကြောက်စရာမျက်နှာမှ
"ကယ်ပါ ကျမကိုကယ်ပါ "
ဆိုပြီးသနားစရာကောင်းသည့်အသံထွက်လာသည်။ထရီ ထိုမိန်းကလေးကို ကလေးကိုဖက်တွယ်နေရင်းနဲ့ဘဲကြည့်လိုက်သည်။
ထိုမိန်းကလေး၏လက်ထဲတွင် သွေးတွေပေနေသည့် ဓါးမြှောင်ကိုကိုင်ထားပေမဲ့ တစ်ပါးသူကိုထိခိုက်စေချင်သည့်စိတ်ရှိမနေသလိုပင်...
သူမ၏မျက်ဝန်းတွေဟာလည်း ကြောက်စရာကောင်းတဲ့မျက်နှာနှင့်ဆန့်ကျင်စွာ တစ်စုံတစ်ဦးကို ကူညီဖို့တောင်းခံနေသည့်အကြည့်ဖြစ်နေသည်။
YOU ARE READING
ကူညီပါရစေ system
FanfictionGL. System ပါ ပထမဆုံး GL. ရေးကြည့်တာပါ တောင်းဆိုထားတဲ့ဒါဒါလေးရေ အရေးအသားကိုတော့သည်းခံပေးပါ 😋😋