<Unicode>
ထရီက မျက်မှောင့်ကြုံ့လိုက်ပြီး"အမ်ဖန် နင်ဘယ်တုန်းက ဒီလောက်လျှာရှည်သွားတာလဲ နင်တို့အရင်သွား ငါတို့နောက်မှလိုက်လာခဲ့မယ်လို့ပြောတာ နားမလည်ဘူးလား"
"အင်းပါ ငါတို့သွားနှင့်မယ် နောက်ကနေလိုက်ခဲ့နော်"
အမ်ဖန်က ဒီတိုင်းပြောကာ အရှေ့မှ ဦးဆောင်၍ထွက်သွားတော့သည်။ထရီ အခန်းထဲ ဝီရာရဲ့လက်ကိုဆွဲပြီးဝင်ကာ
"ကလေး ဒီအခန်းထဲမှာ ဝမ်းဗိုက်ပုံစံရှိတဲ့အရာကိုရှာကြမယ်"
"အင်း"
နှစ်ယောက်သား အတော်ကြာအောင်အခန်းထဲလှည့်ပတ်ရှာပေမဲ့ဘာမှမတွေ့ပေ..ထရီ တွေးကြည့်လိုက်ပြီး
"ဝမ်း ဗိုက်...ဝမ်းဗိုက်..မဟုတ်မှ.."
ထရီလက်ညိုးထိုးကာ ဝီရာကိုပြောလိုက်ချိန် ဝီရာကလည်း လက်ညိုးထိုးရင်း ခေါင်းညိမ့်ပြလာသည်။
ထို့ကြောင့် နှစ်ယောက်သား သေဆုံးနေသည့်ကျောင်းသားများ၏ပါးစပ်မှ အူတွေကို မရွံမရှာထုတ်လိုက်သည်။
"အော့.."
"ကလေးအဆင်ပြေလား မပြေရင် မမဘဲလုပ်လိုက်မယ်"
"ပြေပါတယ် ဆက်လုပ်ရအောင်"
နှစ်ယောက်သား အူတွေကိုထုတ်ပြီး ဆက်ကြည့်လိုက်တော့ အူက လူတစ်ယောက်စာသာရှိနေသည်။
ထရီ ထိုအူတွေကိုမရွံမရှာ သေဆုံးနေတဲ့ကျောင်းသားနှစ်ယောက်ရဲ့အင်္ကျီနဲ့ထုတ်ကာ ယူထားလိုက်သည်။
ထို့နောက် နှစ်ယောက်သား အောက်ထပ်ကိုထပ်ဆင်းဖို့ လှေကားနားလာခဲ့ကြသည်။ဒါ ပေမဲ့ ထရီက လှေကားနဲ့မဆင်းသွားသေးဘဲ ဒီအထပ်မှာ သူမတို့ သရဲအခြောက်ခံရသေးလားထပစဉ်းစားကြည့်လိုက်သည်။အခြောက်ခံရတာပေါ့ စန္ဒယားနဲ့လေ..
သူမ စန္ဒယားခန်းထဲ ကလေးလက်ကိုဆွဲလိုက်ပြီး
"ကလေး စန္ဒယားက ဘာနဲ့တီးရလဲ"
"လက်နဲ့လေ"
"အင်း ဒီအခန်းမှာ လက်နှစ်ချောင်းကိုတွေ့အောင်ရှာကြမယ်"
"အင်း"
ဝီရာဟာ ဘာမှမေးမြန်းခြင်းမပြုပေ..သူ့မမလုပ်တာအားလုံးက အကြောင်းရှိလို့ဖြစ်လိမ့်မယ်ဆိုပြီးတွေးနေလိုက်သည်။နှစ်ယောက်သား စန္ဒယားခန်းထဲတွင် လက်ရှာပုံတော်ဖွင့်ကြတော့သည်။
YOU ARE READING
ကူညီပါရစေ system
FanficGL. System ပါ ပထမဆုံး GL. ရေးကြည့်တာပါ တောင်းဆိုထားတဲ့ဒါဒါလေးရေ အရေးအသားကိုတော့သည်းခံပေးပါ 😋😋