<Unicode>
Rose သူမဆီပြေးလာနေတဲ့ ဇွန်ဘီအကောင် 20 ကြောင့် ဘယ်နေရာကိုဝင်ပုန်းလိုက်ရင်ကောင်းမလဲ မျက်လုံးကိုဘေးပတ်ဝန်းကျင်ဆီဝေ့ကြည့်လိုက်သည်။ကံဆိုးစွာ ဝင်ပုန်းဖို့နေရာရှိမနေပေ..သူမရောက်နေသည့်နေရာမှာ စင်္ကြန်ထောင့်တွင်ဖြစ်နေသည်။
အရှေ့ရှိ ဇွန်ဘီတွေနီးကပ်လာသလို ဘယ်ကမှန်းမသိထွက်လာသည့်ဇွန်ဘီတစ်ချို့ကလည်း အနောက်ဘက်မှ သူမရှိရာဆီပြေးလာတော့သည်။
အနောက်ဘက်မှရောက်လာသည့် ဇွန်ဘီတွေက ပိုများတာကြောင့် အရှေ့ရှိဇွန်ဘီများကိုရင်ဆိုင်ဖို့သာတွေးလိုက်သည်။
အရှေ့တွင်ပြေးလာသည့်ဇွန်ဘီများကို ကြိုးထိပ်မှကိုင်ပြီး ဓါးကို ထိပ်တွင်ထားကာ ဝေ့ယမ်းလိုက်သည်။
အရှေ့ရှိဇွန်ဘီကောင်တွေရဲ့ ခြေထောက်ကို ဓါးနဲ့ထိမိချိန် ဇွန်ဘီများက လဲကျသွားပြီး 2 စက္ကန့်အကြာမှာဘဲ အမဲရောင်သွေးတွေနဲ့ပြန်ထကာ ဘာမှဖြစ်မသွားတဲ့အတိုင်းပြန်ရပ်ကာ တိုးလာကြသည်။
ရှေ့ဆုံးရောက်လာတဲ့ဇွန်ဘီက Rose ၏ကိုယ်လုံးပေါ်ပြေးကာအုပ်လာတာကြောင့် Rose ခေါင်းကို ညာဘက်ရှောင်လိုက်ရင်း သူ့ပုခုံးပေါ်လဲကျသွားသည့် ဇွန်ဘီ၏ဦးခေါင်းကို ဓါးမြှောင်နှင့် 2 ချက်ဆက်တိုက်ထိုးလိုက်သည်။
ဆက်ထိုးချင်ပေမဲ့ ထပ်ရောက်လာသည့် ဇွန်ဘီ 3 ကောင်ကြောင့် သေဆုံးသွားသည့်ဇွန်ဘီ၏ခန္ဓာကိုယ်ကို ဒိုင်းကာအဖြစ်သုံးပြီး ကိုက်ဖို့ရောက်လာသည့်ဇွန်ဘီ၏ပါးစပ်သို့ သေဆုံးသွားသည့်ဇွန်ဘီ၏လက်ကိုထည့်ပေးလိုက်သည်။
ချက်ချင်းဘဲ ဦးခေါင်းကို ဓါးမြှောင်နဲ့ 1 ချက်ထိုးလိုက်ပြီး ကျန်သည့်ဇွန်ဘီများ၏အကိုက်မခံရအောင်ရှောင်တိမ်းရင်း ခေါင်းကိုဓါးမြှောင်နှင့်ထိုးစိုက်လိုက်သည်။
အနောက်ဘက်က ဇွန်ဘီအုပ်မှာလည်း လျှင်မြန်စွာပြေးလာနေသည်မို့ Rose သူမ၏ wheelchair သွားသည့်နှုန်းကိုပိုမြင့်လိုက်ပြီး ရှေ့တွင်ကာရပ်နေသည့်ဇွန်ဘီများကို သေဆုံးသွားသည့်ဇွန်ဘီ၏ကိုယ်လုံးများသုံးကာ ကာရင်း ပြန်တိုက်ခိုက်တော့သည်။
YOU ARE READING
ကူညီပါရစေ system
FanfictionGL. System ပါ ပထမဆုံး GL. ရေးကြည့်တာပါ တောင်းဆိုထားတဲ့ဒါဒါလေးရေ အရေးအသားကိုတော့သည်းခံပေးပါ 😋😋