5.6

1 1 0
                                    

<Unicode>
ရန်ဖုန်းဆိုတာက ဓါးစကြာဂိုဏ်းချပ်၏အမည်နာမဖြစ်သည်။ပုဝါအမြဲအုပ်ထားတဲ့ ဓါးစကြာဂိုဏ်းချုပ်သမီး၏အမည်မှာ ရန်လျိုဟွား ဖြစ်သည်။

ရန်လျိုဟွား စာကိုဖတ်ကြည့်လိုက်ပြီး

"ဒါ အဖေ့လက်ရေးမဟုတ်ဘူး"

ဆိုပြီးဘူးခံငြင်းလိုက်သည်။

"ဘာမဟုတ်တာလဲ အခုနကကြတော့ ငါတို့ဂိုဏ်းတွေကိုစွပ်စွဲတယ် မင်းတို့ဂိုဏ်းကိုသက်သေနဲ့တကွပြောတော့ မဟုတ်ဘူးလို့ငြင်းတယ် တော်တော်ကောင်းတာဘဲ အားလုံးဘဲ ဓါးစကြာဂိုဏ်းကလူတွေကို တစ်ယောက်မကျန်သတ်ပစ်.."

ဓါးပျံဂိုဏ်းက ဂိုဏ်းသားတစ်ယောက်အော်လိုက်တော့ကျန်တဲ့သူတွေအကုန်လုံးကလည်း

"ဟုတ်တယ် သတ်ပစ်ကြ"

ဆိုပြီး ဓါးကိုယ်စီမြှောက်ကာ ဓါးစကြာဂိုဏ်းသားတွေကိုစတင်တိုက်ခိုက်ကြတော့သည်။မိစ္ဆာဂိုဏ်းသားတွေက သူတို့အရှင်မက ဘာမှမပြောတာကြောင့် ရန်ပွဲကိုဒီတိုင်းရပ်ကြည့်နေကြသည်။

လူအများနှင့် ၄ ယောက်ဘဲမို့ ဓါးစကြာဂိုဏ်းသားတွေဟာအတော်ခုခံနေရသည်။ရန်လျိုဟွားကလည်း ခုခံနေရင်း ဓါးချက်တစ်ချက်ကြောင့် လက်မောင်းတွင်ဒဏ်ရာရသွားသည်။

သူမက ဒဏ်ရာကိုတစ်ချက်သာကြည့်ပြီး သူမကိုတိုက်ခိုက်လာတဲ့သူတွေကိုပြန်တိုက်လိုက်သည်။

ဂိုဏ်းခေါင်းဆောင်တွေက အပေါ်ရှိထိုင်ခုံများမှ ရန်ပွဲကို ဒီတိုင်းကြည့်နေကြသည်။အထင်သေးလို့လား ဝင်မပါချင်လို့လားဆိုတာတော့ သူတို့ကိုယ်တိုင်သာသိလိမ့်မည်။

ဟန်ကျင်း၏ဓါးချက်အဝေ့တွင် ရန်လျိုဟွား၏ဆောင်းထားသည့်ပုဝါမှာ ဓါးနှင့်ငြိကာပါသွားတော့သည်။

ပုဝါ၏အောက်တွင် လှပသည့်မျက်နှာဟာအပြစ်ကင်းစင်စွာထွက်ပေါ်လာသည်။တစ်ဝက်ချည်နှောင်ထားတဲ့ဆံပင်များမှာလည်း လေနှင့်အတူပျံဝဲကာ အနောက်ဆုတ်ရင်း ရှုးယင်း၏လက်ပေါ်လာကျလေသည်။

ရှုးယင်းလည်းတစ်ဖက်မိန်းကလေး မရှုမလှကျသွားမည်ဆိုးတာကြောင့် လက်ကောက်ဝတ်မှတဆင့်ဆွဲလိုက်ပြီး ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

ကူညီပါရစေ system Where stories live. Discover now