<Unicode>
သူ ဒီလူတွေကို တစ်ခါထဲအဆိပ်ခတ်ပြီး သတ်ပစ်လို့ရပေမဲ့ သူမလုပ်ချင်ပေ..သူအဆိပ်ခတ်ရင် တစ်ချို့သိုင်းပညာမြင့်မားသည့်သူတွေက မသေဘဲ ကလဲ့စားပြန်ချေလာနိုင်သည်။ထို့ကြောင့် ဂယောင်ချောက်ခြားဖြစ်စေပြီး မကြာခင်မှာဘဲ မှတ်ဉာဏ်ပျောက်သွားစေသည့်ဆေးကိုသာခတ်ခဲ့သည်။
ဒီဆေးက သိတဲ့သူနည်းသလို ဒီဆေးကိုခတ်ထားရင်လည်းခတ်ထားမှန်းမည်သူမှသတိမထားမိနိုင်ပေ...
အချင်းချင်းတိုက်ခိုက်စေပြီး တစ်ယောက်မှမကျန်တော့ရင် သိုင်းလောကကို အသာလေးအုပ်ချုပ်လိုက်လို့ရသည်။အစက တစ်ဂိုဏ်းပြီးမှတစ်ဂိုဏ်း ဖျက်ဆီးဖို့ကြံပေမဲ့ ရှုးယင်း၏ရုတ်တရက်လုပ်ရပ်များကြောင့် ယခုလိုတစ်ခါထဲရှင်းပစ်ဖို့တွေးလိုက်ရခြင်းပင်...
ထိုပွဲတွင် ဇာတ်လိုက်နှစ်ယောက်နှင့် ရှန့်ယင်လည်းပါသည်။သိုင်းပညာမြင့်မားသည့်တရာများ၊ကျင့်ကြံသူများလည်းပါတာကြောင့် ဒီပွဲဟာ အကြီးအကျယ်ဖြစ်လိမ့်မည်။
အားလုံးက လုကျိုး၏စကားနှိုးဆော်သံကိုကြားတာနဲ့ချက်ချင်းဘဲ ရှုးယင်းဆီသို့ပြေးသွားကာ တိုက်ခိုက်ကြတော့သည်။ရှုးယင်းလည်း သူ၏ဓါးကိုဆင့်ခေါ်လိုက်သလို ရန်လျိုဟွားကလည်း သူမ၏ဓါးကိုဆင့်ခေါ်လိုက်သည်။
အနီးဆုံးရောက်လာသည့်သူများကိုတိုက်ခိုက်နေချိန် လုကျိုးက အသံမြင့်ပြီး
"အို မင်းတို့နားကလူတွေက မင်းတို့ကိုသတ်ဖို့ပြင်နေပြီ သူတို့ကိုအမြန်ခုခံပြီးတိုက်ကြ"
ဆိုပြီးအော်လိုက်တော့ လူတိုင်းက မိမိ၏ဘေးတွင် ဓါးကိုင်ပြီးရပ်နေသည့်သူများကိုစတင်တိုက်ခိုက်ကြတော့သည်။
အချင်းချင်းတိုက်ခိုက်နေတာကိုကြည့်ပြီး လုကျိုးဟာ ဝမ်းသာအားရဖြစ်နေသည်။သူအားကုန်စရာမလိုဘဲ လူတိုင်းက သူ့အတွက်အချင်းချင်းသတ်နေကြသည်။
အနီရောင်ရဲရဲတောက်နေသည့်ခန်းမတွင် ပို၍အနီရောင်တောက်သည့်သွေးများဟာ နေရာအနှံ့ပျံ့ကျဲသွားသလို အလောင်းများဟာလည်း စုပုံလာသည်။
YOU ARE READING
ကူညီပါရစေ system
FanfictionGL. System ပါ ပထမဆုံး GL. ရေးကြည့်တာပါ တောင်းဆိုထားတဲ့ဒါဒါလေးရေ အရေးအသားကိုတော့သည်းခံပေးပါ 😋😋