<Unicode>
ရေစိုသွားတဲ့ လေးယောက်ကိုကြည့်ကာ ပတ်ဟွန်းနာ သဘောကျသလို ခေါင်းတစ်ချက်ငြိမ့်ပြီး သူ့အတန်းဆီပြန်သွားတော့သည်။ကျောင်းတက်ချိန်တွင် ဟန်ဟယ်ဝန်း ရေစိုနေတဲ့ လေးယောက်ကိုကြည့်ကာ ကြောင်သွားသည်။
အချိုရည်ဘူးကိုပိုက်နဲ့စုပ်သောက်နေရင်း သူ့ထိုင်ခုံမှာထိုင်ပြီး ဆရာမတွေသင်တဲ့သက်ခန်းစာကို သေချာလိုက်ကြည့်နေလိုက်သည်။
ဟန်ဟယ်ဝန်းက ဆင်းရဲသည့်မိသားစုက မိန်းကလေးဖြစ်ပြီး အရင်ကျောင်းမှ ကျောင်းသားလဲလှယ်ရေးကိုယ်စားလှယ်အနေနဲ့ ဒီကျောင်းတွင် လာတက်ခြင်းပင်..
အရင်ကျောင်းက သာမာန်ကျောင်းသာဖြစ်တာကြောင့် ဤကျောင်းလို အနိုင်ကျင့်မှုတွေမရှိဘဲ လူတိုင်းက ကိုယ့်ဘာသာကိုယ်နေကြသည်။
ညနေကျောင်းဆင်းချိန်တွင် ကျောင်းဝင်းတွင် နံရံကိုခြေတစ်ဖက်ထောက်ကာ မှီရပ်နေသည့် ပတ်ဟွန်းနာနဲ့အကြည့်သွားစုံလေသည်။
မနက်ကကူညီပေးလိုက်သည့်ကိစ္စအပြင် အင်္ကျီကိစ္စကြောင့် ကျေးဇူးတင်ကြောင်း ခါးကိုင်းအရိုအသေပေးကာ သူမရဲ့အိမ်သို့စက်ဘီးစီးကာ ပြန်သွားတော့သည်။
ကလေးရဲ့အပြုအမူကြောင့် ပတ်ဟွန်းနာပြုံးလိုက်ပြီး သူမအိမ်ကလာကြိုသည့် ဒရိုင်ဘာနဲ့လိုက်သွားတော့သည်။
သူမအိမ်ရောက်ပြီး နှစ်နာရီကျော်မှ ပတ်ဆွန်းနာက ပြန်ရောက်လာသည်။သူမက ပြန်ရောက်တာနဲ့ ဖျော့တော့သည့်အပြုံးဖြင့်လူတိုင်းကို
"ပြန်ရောက်ပါပြီ"
ဆိုပြီးနှုတ်ဆက်လေသည်။သူမမျက်နှာပေါ်က ဖျော့တော့သည့်အပြုံးကြောင့် လူတိုင်းဟာ ပတ်ဟွန်းနာကို အနည်းငယ်မုန်းတီးမိကြသည်။
သခင်မလေးနှစ်က သနားစရာကောင်းလွန်းတယ်ဆိုပြီးတွေးမိကြသည်။သူတို့ဟာအစက ပတ်ဆွန်းနာကို မယားငယ်ကမွေးသည့်ကလေးမို့ အမြင်မကြည်ကြပေမဲ့ သိမ့်မွေ့ပြီး သနားစရာကောင်းသည့် ပတ်ဆွန်းနာရဲ့ဟန်ဆောင်မျက်နှာဖုံးကြောင်း အခုဆိုရင် သူမကို ချစ်သူတွေကများလာပြီးဖြစ်သည်။
YOU ARE READING
ကူညီပါရစေ system
FanfictionGL. System ပါ ပထမဆုံး GL. ရေးကြည့်တာပါ တောင်းဆိုထားတဲ့ဒါဒါလေးရေ အရေးအသားကိုတော့သည်းခံပေးပါ 😋😋