သူမဟာအရင်တုန်းက လူတွေကိုသိပ်မကြောက်ပေမဲ့ ယခုလိုပြန်ပြောရဲသူလုံးဝမဟုတ်ပေ..မမနဲ့မတွေ့ခင်ထိပေါ့ မမနဲ့တွေ့ပြီးတဲ့နောက် သူမစိတ်ထဲမှာ မမသာရှိရင် တစ်လောကလုံးကိုကြောက်စရာမလိုဘူးဆိုတဲ့ယုံကြည်မှုတွေရှိလာခဲ့သည်။
အကယ်၍သူမတစ်စုံတစ်ယောက်ကိုသာ တစ်ခုခုပြန်လုပ်လို့ ပြသနာတွေဖြစ်ခဲ့ရင်လည်း မမက အချိန်မှီဖြေရှင်းပြီး သူမကိုဘာမှဖြစ်ခွင့်ပေးမှာမဟုတ်ဘူးဆိုပြီးလည်း ယုံကြည်နေမိသည်။
သူမခေါင်းမိုးပေါ်သို့ရောက်ချိန် အလွန်ချောတဲ့လူတစ်ယောက်က ဝရံတာလက်ရန်းတွင်ထိုင်ပြီး နေရောင်ကို မျက်လုံးမှိတ်ကာ ထိုင်နေသည်။
ထိုသူရဲ့ဆံနွယ်တစ်ချို့ဟာ လေတိုက်လိုက်ချိန်တိုင်း နဖူးပေါ်ဝဲကျနေပုံကအလွန်လှပနေသည်။
ထိုသူရဲ့ပိတ်ထားတဲ့မျက်လုံးတွေကမို့မောက်နေပြီး ဖြာကျနေတဲ့ မျက်တောင်တွေဂာလည်း ယပ်တောင်သဖွယ်တည်ရှိနေသည်။
လျှောကျသွားတဲ့ နှာတံနဲ့ ပန်းရောင်သန်းနေတဲ့နှုတ်ခမ်းပါးလွှာလေးနှစ်ခုဟာလည်း အနည်းငယ်ပြုံးယောင်သမ်းကာ ကြည့်ကောင်းလွန်းလှသည်။
တစ်စုံတစ်ယောက်စိုက်ကြည့်နေသလို ခံစားလိုက်ရလို့ထင်ပါရဲ့ ထိုသူက မျက်လုံးဖွင့်ကာ ဘေးကိုလှည့်ကြည့်လာသည်။
ရေတွေစိုနေတဲ့ သူမရဲ့အဝတ်အစားတွေကြောင့် ထိုကောင်လေးက မျက်လုံးကို လက်တစ်ဖက်နဲ့ပိတ်ကာ တစ်ခြားဘက်ကိုလှည့်သွားပြီး
"ဟို ခများအဆင်ပြေရဲ့လား ရေတွေဘာလို့စိုရွှဲနေတာလဲ "
"အဆင်ပြေပါတယ် ရေစိုနေလို့ရေခြောက်သွားအောင် နေပူဆာလာလှုံတာ ဒါနဲ့ ဒီကအချောလေးရော ဘယ်သူများလဲ တစ်ခါမှမတွေ့ဖူးသလိုဘဲ"
"ကျနော့်နာမည်က ဟိုချွန်းဆောင်းပါ"
"ဟိုချွန်းဆောင်း တကယ်ကြီးဟိုချွန်းဆောင်းလား ဟိုအချောဆုံး အတော်ဆုံးဆိုတဲ့သူလေ"
"အင်း"
"ဒီလောက်နာမည်ကြီးနေတာ မထူးဆန်းတော့ပါဘူး လူကအရမ်းချောနေသလို စိတ်ထားကလည်း ဝါး ကြွေသွားပြီ"
"ဟို ဒီကမိန်းကလေး ကျနော့်ကိုခွင့်ပြုပါအုံး"
ဟိုချွန်းဆောင်းက ဟန်ဟယ်ဝန်းရဲ့မျက်နှာကိုမကြည့်ဘဲ တစ်ခြားဘက်ကိုသာလှည့်ကာ ခေါင်းမိုးထပ်ကနေဆင်းသွားတော့သည်။
စိတ်ထဲတွင်လည်း
'မိန်းကလေးကိုကြည့်မိတာကိုသာ Daddy ကြီးသိလို့ကတော့ ညအိပ်ရမယ်မထင်ဘူး ဟူး..'
သူဟာ လေပူတွေမှုတ်ထုတ်ရင်း ထိုနေရာကနေအမြန်ထွက်သွားတော့သည်။ဒါကိုမသိဘဲ ကျန်ခဲ့တဲ့ ဟန်ဟယ်ဝန်းကတော့
"ငါအရမ်းလှလို့ ကြည့်ရမှာရှက်ပြီး ထွက်သွားတာဘဲနေမှာ ဝါး မမ ကိုသာမချစ်မိရင် သူ့ကငါ့အပိုင်ဖြစ်လာမှာ"
သူမ မချိတင်ကဲရေရွတ်ပြီး နေရောင်အောက် လက်နှစ်ဖက်ဆန့်တန်းပြီး အင်္ကျီခြောက်အောင် နေပူဆာလှုံနေလိုက်သည်။
နေ့လည်ကျောင်းဆင်းချိန်တွင်တော့ နေ့လည်စာထမင်းဗူးသွားယူပြီး မမရှိတဲ့အခန်းဆီထွက်လာခဲ့သည်။
မမအခန်းရောက်တာနဲ့ မမ ရဲ့ရှေ့မှာ
ပက်ဆွန်းနာက အနိုင်ကျင့်ခံနေရသလို ခေါင်းကိုငုံ့ကာ ရပ်နေသည်။မမကတော့ ခုံပေါ်မှာ အေးဆေးထိုင်နေပြီး နောက်လိုက်ယောက်ျားလေးတစ်ယောက်က ပုခုံးကိုနှိပ်ပေးနေသည်။
ဟန်ဟယ်ဝန်း ပြုံးလိုက်ပြီး
"မမ!!.."
ဆိုပြီးအကျယ်ကြီးအော်ခေါ်ကာပြေးလာလိုက်သည်။ပက်ဆွန်းနာအနားရောက်တာနဲ့
"အ့.."
ဆိုတဲ့ညည်းသံနဲ့အတူ ကြမ်းပြင်ပေါ်လဲကျသွားတော့သည်။ပြီးတော့ ပက်ဆွန်းနာကို ကြောက်လန့်သလိုတစ်ချက်ကြည့်ပြီး ဒူးခေါင်းကို လက်နဲ့ကိုင်ကာ အသံမထွက်ဘဲထိုင်နေလိုက်သည်။
ထိုအပြုအမူကို ပက်ဟွန်းနာတွေ့တော့ ကလေးရဲ့လက်မောင်းနှစ်ဖက်မှကိုင်ကာ ခုံပေါ်ပွေ့တင်လိုက်သည်။
"ကလေးဘာဖြစ်သွားတာလဲ"
ဟန်ဟယ်ဝန်း ပက်ဆွန်းကို မျက်လုံးလှန်ကြည့်လိုက်ပြီး ကြောက်ရွံ့နေသလိုနဲ့ ခေါင်းကို အတင်းခါကာ
" ဘာ ဘာမှမဖြစ်ပါဘူး မမ ကလေးက ဇွတ်ပြေးလာလို့ ဟို ပက်သခင်မလေးရဲ့ခြေထောက်နဲ့ တိုက်မိပြီးလဲကျသွားတာပါ ဘာ ဘာမှမဖြစ်ဘူး တကယ်"
ပက်ဟွန်းနာ ကြမ်းပြင်ပေါ်ဒူးတစ်ဖက်ထောက်ချလိုက်ပြီး ထောင်ထားတဲ့ခြေထောက်ပေါ်
YOU ARE READING
ကူညီပါရစေ system
FanfictionGL. System ပါ ပထမဆုံး GL. ရေးကြည့်တာပါ တောင်းဆိုထားတဲ့ဒါဒါလေးရေ အရေးအသားကိုတော့သည်းခံပေးပါ 😋😋