Zawgyi version
LUHAN ~LUHAN
အိမ်အောက်ထပ်မှ မားမားရဲ့ ခုနှစ်ချီအော်သံကြောင့် အပေါ်ထပ် ဧည့်ခန်းက ဆက်တီခုံတွင် ၀ိုင်းထိုင်ကာ စာသင်နေရာမှ ခဏရပ်လိုက်ပြီး ပြန်အော်လိုက်သည်
"မား ဘာလဲ ကျတော် ဒီမှာ စာသင်နေတယ်လေ "
"အေး ဒီမှာ ဖုန်းလာနေတယ် လာကိုင်ဦး "
"ဟာ ~~~ဘယ်ကဖုန်းလဲဗျာ ဟန်းဖုန်းကို ဆက်ခိုင်းလိုက် "
"ဟဲ့ ငါက ဘယ်သိမလဲ လျှာတွေရှည်မနေနဲ့ မြန်မြန်သာ လာကိုင်လိုက် "
Luhan နဲ့ မာမားရဲ့ အောင်မြင်သော High Tone တွေကြောင့် ဘေးနားမှ တပည့်များက နားခံသာပုံမပေါ်ပေ
"သွားလိုက်ပါ ဆရာလေးရယ် ဖုန်းကိုင်ထားတဲ့ သူအားနာစရာကြီး "
"ဒါဆို ဒီ အပိုဒ်လေး သေချာ ကြည့်ထားနော် ကျတော် ပြန်လာမှ ဆက်ရှင်းမယ်"
ပြောရင်းဆိုရင်း ထိုင်ခုံမှ ထပြေးတော့ ကျောင်းသားတစ်ယောက်ရဲ့ ခုံအောက်ကို ကျနေတဲ့ လွယ်အိပ်ကြိုး အရှည်ထဲ ဘယ်အချိန်က ၀င်နေမှန်းမသိသောခြေထောက်ကြောင့် လွယ်အိပ်က ကိုယ်ပြေးရာ နောက်ကို တရွတ်တိုက်ပါလာသလို ဇစ်ပိတ်မထားသော လွယ်အိပ်ထဲမှ ဗြုတ်စဗျင်းတောင်းများက လဲ ကြမ်းပြင်က ကော်ဇောပေါ် ပြန့်ကျဲလျှက် ~~
ဟီး~~လုဟန် သူ့ တပည့်တွေ ကို ဖြီးပြရင် လွယ်အိပ်ကို ပြန်ကောက်ပေးရန် ပြင်တော့
အမြဲ နမော်နမဲ့ ရှပ်ပြာပြာဖြစ်သော သူတို့ ဆရာအား ရိုးနေပြီဆိုသော အကြည့်တွေနဲ့ တပည့်တွေက
"ထားခဲ့ပါ ဆရာလေးရယ် ကျတော်တို့ပဲ လုပ်လိုက်ပါ့မယ် "
"ဒါဆိုလဲ ~ကျေးဇူးနော်"
လူဟန် အိမ်အောက်ထပ်သို့ ၀ရုန်းသုန်းကား ပြေးဆင်းလာခဲ့သည် ။
ကျတော် လုဟန်က တပည့်တွေနဲ့ ဆိုတော့ ဆရာတစ်ယောက်ဆိုတာ သတိထားမိကြမှာပေါ့ ၊ ဟုတ်ကဲ့ ကျတော် ဆရာ တစ်ယောက်ပါ . ဘာဆရာလဲ ဆိုတော့ ကိုရီးယားစာ သင်တာပါ ။ သင်ဆို ကျတော်က ကိုရီးယား မေဂျာနဲ့ ကျောင်းပြီးထားတာလေ ။ ၀ါသနာပါလို့ ဒီမေဂျာယူတာလား ဆိုတော့ မဟုတ်ဘူးဗျ ၊ အမှတ်ကလဲ ဆေးကျောင်းလဲ မမှီ ဘာမမှီ အင်ဂျင်နီယာကြတော့လဲ မလုပ်ချင်ဆိုတော့ အိမ်နဲ့ အနီးဆုံး ဖြစ်တဲ့ နိုင်ငံခြား ဘာသာ တက္ကသိုလ် ကိုသာ ရွေးလိုက်တာပါ ။
YOU ARE READING
A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)
FanfictionLuhan -ခင်များကြီးနော် တနေ့နေ့ ကျုပ်လက်ချက် မိမယ်သာမှတ် အဲ့ကြမှ အလုကယ်ပါ မလုပ်နဲ့ ချေမိုးပစ်မယ် Sehun -ချာတိတ်ရာ မင်းငယ်ပါသေးတယ် ~~မင်းပါးစပ်ဟလိုက်တာနဲ့ ဘာပြောမယ်ဆိုတာတောင် သိရလောက်အောင် ရိုးသားလွန်းတယ်