Ep 13

3.5K 424 61
                                    

Zawgyi Version 

ဒီနေ့ တစ်နေ့လုံး ရှောင်လု တော့ ဆဲဟွန်းရဲ့ အဆူကို ခံရလို့ ထမင်းပင် မ၀င်အောင် ထိချက်ပြင်းသွားလေသည် ။ မငိုအောင် ထိန်းထားပေမယ့် ဘယ်သူက ကြည့်ကြည့် ရှောင်လု ငိုထားတာလား မေးရလောက်အောင် ပြိုမယောင် မျက်လုံးအိမ်က နီရဲလို့ နေသည် ။ အိမ်က မာမားတောင် ဆဲဟွန်းလောက် မကြောက်ရတဲ့ လုဟန်ရဲ့ ဘ၀က အဖြစ်ဆိုးလွန်းလှသည် ။ တစ်နေ့လုံးလဲ   ဆဲဟွန်းရဲ့ အဆူကို ခံပြီး အလုပ်လုပ်ရအောင်  ကိုယ့်ကိုယ်ကို ဘာတွေများ ချွတ်ယွင်းနေလဲ ပြန်စမ်းစစ်မိအောင်ပင် ၊ အခုလဲအလုပ်မရှိ အလုပ်ရှာပြီး တူးဖော်ပြီးသား ကျောက်စိမ်းတုန်းတွေကို ဆွဲဖို့ ကရိန်းကားတွေရဲ့ ဈေးနှုန်းကို စုံစမ်းခိုင်းထားသည် ။ လုပ်ငန်း အခု ၁၀၀ ရဲ့ ဈေးနှုန်းတွေကို နှိုင်းယှဉ်တင်ပြရမည်ဟု မညှာမတာ ခိုင်းထားလို့ မနက်ခင်း စက်ရုံ ရောက်ကတည်းက ဖုန်းထိုင်ဆက်နေတာ ဖြစ်သည် ။

လမ်းညွှန်စာအုပ်ကို ဘေးချကာ ကရိန်း Company တွေကို ဖုန်းထိုင်ဆက်နေသည် ။ တကယ်လဲ ဒီနေ့က ထွေထွေထူးထူး ဘာသာပြန်စရာလဲ မရှိသောကြောင့် ဒီအလုပ်ကိုစာ အသဲသန်လုပ်နေသည် ။ ဖုန်းနံပါတ်ပြောင်းသွားသော လုပ်ငန်းများ နှင့် ဆက်သွယ်မရသော ဖုန်းတို့ကြောင့် ထင်ထားသလောက် ခရီးမပေါက်ပေ ။နေ့ခင်းရောက်တဲ့ အထိ ကျတာ် ရတဲ့ အချက်လက်မှာ Company ၅၀ မပြည့်သေးပေ ။ ၁၂ခွဲတော့ ရုံးခန်းထဲက ဆဲဟွန်းက ထွက်လာကာ နေ့လည်စာ သွားစား၇န် ခေါ်သည် ။ ရုံးမှာ က ကန်တင်းရှိပြီး စက်ရုံအလုပ်သမားတွေက ကူပွန်နဲ့ စားရတာ ဖြစ်ပြီး ကျတော်တို့ကတော့ ကန်တင်းမှာ စားကြတာ ဖြစ်ညသည်  ။ ကန်တင်းမှာ စားတာဖြစ်လို့ အချိန်ကိုက် မစားလဲ ဖြစ်သောကြောင့် ဖုန်းတွေသာ လှိမ့်ဆက်ပြီး စုံစမ်းနေလိုက်သည် ။

"ထမင်းမစားဘဲ လုပ်တော့မယ်ပေါ့ ~မစားလဲ မင်းအရည်ချင်းနဲ့ ဒီနေ့မပြီးနိုင်ဘူး လုဟန် "

အနည်းနဲ့ အများတော့ နှိမ်လိုက် ပြောလိုက်ရမှ ထမင်းစားဝင်မယ့် ပဲလင်းမြွေကြီးထင်ပါရဲ့

၂နာရီလောက်ထိ မနားတမ်း ထိုင်ရာက မထပဲဖုန်းတွေဆက် ဒေတာတွေ ထိုင်စုလိုက်သည် ။
နေ့ခင်းက ထမင်းစားမယ်လို့ ပြောတုန်းက ကျတော် မဆာဘူးဟုပြောပြီး နေခဲ့သမျှ အခုမှ  ဗိုက်က အသေဆာလာသည် ။

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Where stories live. Discover now