Ep 30

3.1K 380 44
                                    

Zawgyi Version 

"Hyung ~~ Hyung ~~~"

"ဘာလဲ ~ ဘာလို့ သေမလိုအော်ခေါ်နေတာလဲ "
ခြံထဲမှာ ပန်းပင်တွေ ရေလောင်းနေသော ဆဲဟွန်းက ပြန်အော်သည် ။

"ဟို ကျတော်တို့ မနေ့ညက ဘာဖြစ်သွားတာလဲဟင် "

"ဘာဖြစ်တယ် ထင်လို့လဲ " ရေပိုက်ကို ချပြီး ကျတော့ကို စေ့စေ့ကြည့်ကာ ပြန်မေးလိုက်သော ဆဲဟွန်းကြောင့် လူက တက်လာသော အလုံးကြီးအားဂလုခနဲ့ ပြန်မြိုချလိုက်မိသည် ။ မနေ့ညက အိမ်မက်လား တစ်ကယ်လား မသိ ဝိုးတဝါးဖြစ်နေသော KISS sense ကြီးက အိပ်ယာနိုးတော့ ခြောက်လှန့်လို့ နေပါသည် မဟုတ်ပါလား။ အခုလို သူက ပြန်မေးလိုက်တော့ ဒီလူ့ပါးစပ်ကြီးကနေ ခင်ဗျားကြီး ကျုပ်ကို KISS ပေးသလားလို့ မေးရဖို့က တော်တော်ပင် တွန့်ဆုတ်သွားသည် ။ သူက ဟုတ်တယ်လို့ ပြောရင် ကျတော်က ဘာပြန်ပြောရမှာလဲ မသိသလို မဟုတ်ဘူးပြောရင်လဲ သောင်ရှက်တွေ ဗြန်းဗြန်းကွဲချေရော့မည် ။

"မဟုတ်ဘူး ကျတော် ဘာမှ မမှတ်မိတော့လို့ အမှားတွေများ လုပ်ခဲ့လားလို့ "

"ဘာလဲ ~အိမ်မက်ထဲမှာ Kissing တွေ ဘာတွေ ဆွဲနေလို့လား "

ဆဲဟွန်းက ကျတော့ရဲ့ မျက်နှာတည့်တည့်နားကပ်ပြီး ကုန်းကာ မေးလိုက်သဖြင့် လူက ယောင်ယမ်းကာ ပါးစပ်ကို လက်ဖြင့်ပိတ်လိုက်မိသည် ။ နောက်ကို ဆုတ်ရင်း ရုတ်တရက် ပေါ်လာသော မြင်ကွင်းကြီးကြောင့် ခေါင်းကို ခါယမ်းကာ လက်ဖြင့် ယောင်ယမ်းပြီး ဝှေ့ယမ်းလိုက်မိတော့ ~

"အဲ့ဒါက ဘာဖြစ်တာလဲ " မျက်မှောင်ကြီး ကြုံ့ကာ မေးလိုက်သော ဆဲဟွန်းကြောင့် ကိုယ်တွေးနေသော အတွေးကိုဂသူများ ရိပ်မိသွားသလားဟု လူက လန့်ဖြန့်သွားကာ ပါးစပ်ထဲကနေ ထွက်ချင်တာတွေ ထွက်သွားလေသည် ~

"မဖြစ် ~~ မဟုတ် အာ~~~ မဖြစ်နိုင်ပါဘူး Hyung က ကျတော့ကို ~~ ဟဟဟဟ ကျတော်က straight ဗျ "

ပြောချင်တာတွေ ပြောကာ အရူးကွက်နင်းပြီး ထွက်ပြေးလာခဲ့လေသည် ။စိတ်ထဲမှာတော့ ခုနက မျက်နှာနားကပ်ပြီး တိုးကာ မေးလိုက်သော ဆဲဟွန်းကြီးရဲ့ မျက်လုံး ဟန်ပန်နဲ့ အနေထားတွေက အင်မတန်ကို ရင်းနှီးလွန်းနေသည် ။ မနေ့ညက မှတ်မိသလောက်ဆိုရင် ကျတော့အတွက် တကယ်ကို မစိမ်းလှပေ ။ဒါပေမယ့် ဆဲဟွန်းက ဘာလို့ ကျတော့်လို ယောက်ျားလေးကို ကြိုက်ရမှာလဲ ? ပြီးတော့ တကယ်လို့ နမ်းခဲ့တယ်ဆိုလဲ ဘာလို့ မပြောတာလဲ ? အား~~~ တကယ်ကို စိတ်တွေ ရှုပ်နေပြီ ။နောက်ကို ပြန်လှည့်ကြည့်လိုက်တော့ ဆဲဟွန်းကြီးက ငေါင်ငေါင်ကြီး ရပ်လို့နေပါတယ်

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Nơi câu chuyện tồn tại. Hãy khám phá bây giờ