Ep 9

3.6K 439 41
                                    

Zawgyi Version 

ကိုယ့်မှာသာ ဇတ်ကြီးလည်လိမ်ပြီးရှက်နေတာ ရှေ့က သွားနေတဲ့ ခေါင်းအုံးကြီး အဲ့လေ အိုဆဲဟွန်းကြီးကတော့ ဂရုပင်မစိုက်သလိုပင် မြှောက်ကားကားနဲ့ သွားနေသည် ~ ဟွန့် မုန်းစရာကြီး

လုဟန် နောက်ကနေ ပွစိပွစိပြောကာ လိုက်လာလိုက်တာ ရုတ်တရက် တုံ့ခနဲ့ရပ်လိုက်သော ဆဲဟွန်းနောက်ကနေ နောက်ကျောကို ဝင်တိုက်မိလေသည် ။

အ ~~

" ကဲ ကြည့်ကြည့် လုဟန် မင်းဟာလေ တစ်ခုမဟုတ်တစ်ခုက ဖြစ်နေတော့တာပဲ , Toilet ဘယ်မှာလဲ သွားမေးစမ်း "

လုဟန် မျက်လုံးလေး ဟိုဟိုဒီဒီ ဝေ့ကြည့်ကာ ဘယ်ဘက်ခြမ်းကို လက်ညှိုးညွှန်ပြရင်း ~~

"ဟိုမှာလေ Toilet လို့ရေးထားတယ်လေ "

"ငါ တရုတ်စာတတ်ရင် မင်းကို လူရာတောင်သွင်းပြီးမေးမနေဘူး " ဆဲဟွန်းက ရှေ့တည့်တည့်ရှိ ရှောင်လုရဲ့ နားထင်ကို လက်ညှိုးနဲ့ ထိုးကာ ထိုးကာ အံကြိတ်ပြောဆိုရင်း ထွက်သွားလေသည် ။ လုဟန်ကတော့ ရှေ့ကသွားနေတဲ့ ဆဲဟွန်းကို လက်တွေနဲ့ ထိုးမယ့်ပုံရွယ်လိုက် ခြေထောက်နဲ့ ကန်ယောင်ပြုလိုက်နဲ့ ကျန်ခဲ့သည် ။

"အလကား ကြောင်ရှာသီးတောင့်ကြီး စာမတတ်လဲ အရုပ်ကြည့်ရင် သိနေတာကို " တစ်ယောက်ထဲ အမူယာမျိုးစုံဖြစ်နေသော လုဟန်ကို အနီးနားက လူတွေက ခေါင်းလေးတစ်ခါခါနဲ့ သနားစွာကြည့်နေကြောင်းတော့ သူမသိလိုက်ပေ ~~

ဒါပေမယ့် ထိုနေ့ကတော့ ကျတော်တို့ ချောချောမောမောနဲ့ ရှန့်ဟိုင်းကို ပြန်ရောက်သွားပါတယ် ~~

Chanbaek Hyung တို့က ကားတစ်စီးဝယ်လိုက်လို့ Minseok Hyung, Sehun Hyung နဲ့ ကျွန်တော်က တစ်စီး သွားရလို့ အရင်ကလို မကြပ်တော့ပါဘူး ။ Baekhyung Hyung ရဲ့ စကားပြန် Win Win က စကောလာရလို့ ကိုရီးယားကို သွားရမှာဖြစ်လို့ အလုပ်ထွက်တော့မှာဆိုလို့ ကျွန်တော်က သူတာဝန်ယူထားတဲ့ စာရင်းတွေပါ တာဝန်ယူနေရပြန်ပါရော ။ Lucas ဆိုတာက ကိုရီးယားစကားကို ထမင်းစားရေသောက်သာ တတ်သည့်အတွက် စာရင်းလဲ ကျတော် စကားပြန်လဲ ကျတော်ဖြစ်နေသည်က တော်တော်လေးဖတ်ဖတ်မောလှပါသည် ။ဘေဂျင်းက ပြန်လာသည့် တစ်ပတ်အတွင်း ကျွန်တော် ဆဲဟွန်းအတင်းလဲ မတုတ်အားသလို အမြင်လဲ မကပ်အားပေ ။ သူကျတော့ကို ဆူလဲ မပြီးသေးပဲ ကျန်နေသော စာရင်းတွေဆီသာ စိတ်ရောက်ပြီး သိပ်မခံစားမိတဲ့ ကာလဖြစ်နေလေသည် ။

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Hikayelerin yaşadığı yer. Şimdi keşfedin