EP 16

3.5K 406 53
                                    

Zawgyi Version 

လက်ပိုက်ကာ စူးစိုက်ကြည့်ပြီး ရှင်းစမ်းပါဦးလို့ ဆိုလာတဲ့ ဒီဇိုင်းနဲ့ ပြောလာတဲ့ ဆဲဟွန်းကို ကြည့်ပြီး လူက ဂုတ်မွှေးတွေတောင် ထောင်လာသလို ခံစားရသည် ။ ခုတလော သူသဘောမကျရင် ကျွန်တော့်ရဲ့ ဇာတ်ပိုးကို ဖျတ်ခနဲ့ ရိုက်နေကြ ဖြစ်လို့လဲ ပါသည် ။

"လုဟန် မင်းကို ဘာလုပ်နေတာလဲ လို့ မေးနေတယ်လေ " ဟိန်းထွက်လာသော အသံကြီးကြောင့် reception က အစ်မတွေရော ခေါင်းတွေ ငုံ့ကုန်သည် ။

"မင်းတို့ကလဲ ဧည့်ကြိုရမယ့်ဟာကို မကြိုဘဲ စကားပြောနေတာပေါ့ ဟုတ်လား ဘယ်လိုဟာတွေမှန်းမသိဘူး ၀င်ပေါက်ကြီးမှာ မြင်မကောင်းရှူမကောင်းနဲ့ " ကိုယ်တင်မက ပဲ အကုန်ပတ်ရမ်းနေသော ဆဲဟွန်းကြောင့် သူအော်သမျှကို အားနာပါးနာနဲ့ ဘာသာပြန်ပေးရသေးသည် ။ အဖြစ်က ဆိုးချက်

ပြောချင်တာတွေပြောပြီး Company ဧည့်ခန်းထဲမှာ သွားထိုင်နေပြန်သဖြင့် နောက်က လိုက်သွားရပြန်သည် ။

" ပြောစမ်းပါဦး မင်းက ဘာလို့ အိမ်မပြန်သေးတာလဲ ငါ့မှာတော့ မင်းကို နားပါစေတော့ဆိုပြီး အပြင်သွားတာတောင် ထားခဲ့တာ "

"မီအန်းဟယ်ယို Hyung ကျတော့်ကို အိမ်က လာမကြိုသေးလို့ စောင့်နေတာပါ " Luhan ရှင်းပြနေတုန်းမှာ Yi Xing Ge ရောက်လာလေသည် ။

Xing Ge က အတူထိုင်နေတဲ့ Sehun ကို လက်ဆွဲနှုတ်ဆက်ရန်ပြုမူလိုက်သဖြင့် ဆဲဟွန်းကလဲ ထိုင်နေရာမှ ထကာ မတ်တပ်ရပ်ကာ လက်ဆွဲနှုတ်ဆက်လိုက်လေသည် ။

" Sehun လဲ အတူရှိနေတာပါလား ရှောင်လုကို စောင့်ပေးနေတာ ထင်တယ် တောင်းပန်ပါတယ် ကျတော်အစည်းဝေးက မပြတ်သေးလို့ တော်တော်နဲ့ ထွက်မရဖြစ်နေတာ "

Xing Ge က သူထင်တာတွေပြောနေပြီး ဆဲဟွန်းကလဲကြောင်တောင်တောင်နဲ့ ခေါင်းတွေ ညိမ့်နေသည် ။ အလကာ ကြောင်သူတော် ကြွက်သူခိုးကြီး သူတော်ကောင်းယောင်ဆောင်နေတာ ။ ကျတော့်ကို ဆူဖို့ ထိုင်နေတာလို့ ပြောချင်လိုက်တာမှ ပါးစပ်တွေကို ယားလို့

"ရှောင်လုလေး စောင့်ရတာ ကြာသွားပြီလား Ge နည်းနည်းနောက်ကျသွားတယ် ဆောရီးနော် ကလေး " Xing Ge က ဘေးကနေ စူပုတ်နေသော ကျတော့ရဲ့ ဆံပင်လေးကို ဖွရင်း ချော့မော့စကားဆိုလေသည် ။

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Donde viven las historias. Descúbrelo ahora