Ep 32

3.6K 472 91
                                    

ဒီနေ့လဲ ဆဲဟွန်းက အရင်နေ့ကလိုပဲ ကျတော့်ကို စကားပြန် ခေါ်မသုံးချေ ။ နေ့ခင်း Baekhyung hyung နဲ့ အပြင်သွားတော့လဲ Nancy ကို ခေါ်သွားလေသည် ။ ရုတ်တရက်ကြီး စွန့်ပစ်ခံရသော ခံစားချက်တွေနဲ့ ရင်ထဲမှာ တလှိုက်လှိုက်နဲ့ပါ ။ ကျတော် ဘာတွေများ မှားနေလဲ ဘယ်လို တွေးတွေး စဉ်းစားလို့ မရခဲ့ပေ ။ များမကြာခင် ရက်များ ဆီကမှ အနမ်းမမည်သော အနမ်းတစ်ခုကို ကျတော်တို့ ပြုလုပ်ခဲ့ကြသေးတာပဲ။ဒါပေမယ့် ဒါကို ရင်းနှီးသွားပြီလို့ ပြောရအောင် ကျတော်က မိန်းကလေးမှ မဟုတ်တာ ။ စဉ်းစားမိရင်းနဲ့ပဲနှုတ်ခမ်းကို လက်နဲ့ကိုင်မိပြီး ရင်အစုံက ထိန်းမရအောင် ခုန်လာသည် ။ ရင်ခုန်တတ်တာကို အချစ်လို့ ခေါင်းစဉ် သတ်မှတ်ရင် ဒါက အချစ်လို့ပြောရမည် ဆိုပေမယ့် ကျတော်က ယောက်ျားလေးတစ်ယောက်ဖြစ်နေသည် ။ ကျတော့်လို ယောက်ျားလေး တစ်ယောက်ကို ဆဲဟွန်းလို အဖြောင့်ကြီးက ကြိုက်ပါ့မလား

~~တကယ်လို့များ တကယ်လို့များ ဆဲဟွန်းက ကြိုက်ခဲ့ရင်ရော ကျတော် ဘယ်လို ခံစားရမလဲ ၊ အခုလို ဆဲဟွန်း ပစ်ပယ်တာတော့ ကျတော် တော်တော်လေး ခံစားရသည် ။

ညနေပိုင်းကြတော့ ဆဲဟွန်းတို့က ရုံးတစ်ခါတည်းဆင်းလိုက်သဖြင့် ကျတော်တို့ပဲ ပြန်လာခဲ့လိုက်သည် ။ အိမ်ရောက်တော့ Nancy က မပြန်သေးပေ ။ အိမ်မှာ အကင်တွေ လုပ်စားရန် ပြင်ဆင်နေကြပုံရသည် ။

"ဝိုး~~အကင်တွေပါလား မိုက်တယ်ကွာ "Chanyeol Hyung က အော်ပြောကာ အကင်ကင်နေသော Baekhyung Hyung ကို နောက်မှ သိုင်းဖက်ကာ သွားရှုပ်နေသည် ။ ယောက်ျားလေးနှစ်ယောက် ဖက်နေတဲ့ မြင်ကွင်းက ဒီလောက်တောင် ကြည်နူးဖို့ကောင်းမှန်း ကျတော် မသိခဲ့ရိုးအမှန်ပါ ။ မျက်စိတွေက တစ်စုံတစ်ယောက်ကို ဝေ့၀ဲကာ ရှာမိလိုက်တော့ အကင်အတွက် အချဉ်ရည် စပ်နေသော ဆဲဟွန်း နဲ့ Nancy ရဲ့ မြင်ကွင်းက တော့ ကျတော့် အတွက် စိမ်းကားလို့နေပါသည် ။ ဆဲဟွန်းက ကျတော့်ကို မနှုတ်ဆက်ခဲ့ပါ ။ ကျတော် ဆဲဟွန်းမကြိုက်တဲ့ ဆံပင်ကို ထိပ်မှာစုစည်းထားတာကို လဲ သူ ဘာမှ မပြောခဲ့ပေ ။ Baekhyung Hyung က ကျတော့်ကို လက်ပြ နှုတ်ဆက်ပြီး

"ရှောင်လုလေးရေ ~~သွားသွား ရေမိုးချိုး အဝတ်စားသွားလဲတော့ ပြီးရင် စားရအောင် " Baekhyung hyung ကတော့ အမြဲတမ်း ကျတော့်ကို ကလေးလေး တစ်ယောက်လို ဆက်ဆံပါသည် ။ Hyung တွေက ဒီလို ဆက်ဆံလို့လဲ ကျတော် မိဝေးဖဝေးနဲ့ ဒီမှာ ပျော်နေတာ ဖြစ်ပါသည် ။ ဒါပေမယ့် အခုတော့ ~~~

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Tempat cerita menjadi hidup. Temukan sekarang