Ep 10

3.5K 393 25
                                    

Zawgyi Version 

ဒုံး ~ဒုံး ~ဒုံး

ခြေသံမဟုတ်ဘူးဗျ ~~ ကျတော့်ရဲ့ ရင်ခုန်သံတွေ

ဆဲဟွန်းက ကျတော်ကို ပွေ့ချီပြီး အပေါ်ထပ်က အခန်းထိရောက်အောင် တက်လာခဲ့တာ မောမမောတော့ မသိဘူး ကျတော်ကတော့ ကတုန်ကရင်တွေကို လိုက်ပြီးမောနေပြီ

ရင်ခွင်ထဲကနေမော့ကြည့်မိလိုက်တော့ ချွန်ထက်နေသော မေးရိုးအာက်က လည်တိုင်က အကြောတွေထောင်နေကာ သုံးလွှာထိ တက်ခဲ့ရလို့ထင်တယ် ချွေးလေးတွေ စီးကျနေတာက အရမ်းကြည့်လို့ ကောင်းလွန်းလှသည် ။

"လုဟန် တံခါးဖွင့်လေ ~ကြောင်တောင်တောင် လုပ်မနေနဲ့ " ငေးကောင်းကောင်းနဲ့ ငေးနေလိုက်တာ ကျတော့အခန်းရှေ့ရောက်နေတာတောင် မသိလိုက်ပါဘူး ။ ကျတော့ကို အားနေတဲ့ လက်နဲ့ တံခါးကို တွန်းဖွင့်ခိုင်းကာ အခန်းထဲဝင်လိုက်သည် ။

"မင်းဆိုတဲ့ အကောင်က နည်းနည်းမှ အလိုက်မသိဘူး ငါ့မှာ မင်းကိုလဲ ပွေ့ထားရသေး တံခါးလဲ ဖွင့်ရမယ်ဆိုရင် ရမလား စဉ်းစားလေ ,တခါတည်း ဦးဏှောက်မှ ပါရဲ့လား သိချင်မိတယ် "  ပြောလဲပြော ကုတင်ပေါ်ကို လူကို ပစ်ချလိုက်တာမှ အုန်းခနဲ့ပါပဲ

အွတ် ~~~

"ဆောရီး လက်က မနိုင်တော့ဘူး " ပြောပြောဆိုဆို အခန်းထဲကနေ ထွက်သွားကာ တံခါးကို ဝုန်းခနဲ့ ပိတ်သွားလေသည် ။ တံခါးကို အသံမြည်အောင် စောင့်ပိတ်တာက ဆဲဟွန်းရဲ့ အကျင့်ဖြစ်ကြောင်း တော်တော်လဲ နောကျေနေပါပြီ ။ လမ်းလျောက်ရင် ခြေထောက်ကို ရှေ့ကို ဆန့်ထုတ်ပြီး လျှောက်တတ်သော , ခြေလှမ်းတိုင်းက ဆောင့်ချသံက ပြင်းထန်ကာ ယုံကြည်မှုလွန်ကဲသော စတိုင် , ဖယောင်းတိုင်လေးတွေလို သွယ်လျှဖြူဖွေးသော လက်ကလေးတွေ ရှိသော်လည်း တံခါးကို ဝုန်းခနဲ့ ဖွင့် ဒိုင်းခနဲ့ ပြန်ပိတ်တတ်သော Gangster စတိုင်တွေက ဘယ်သူ့မှ ဂရုမစိုက်တတ်သလိုပင်

ဆဲဟွန်း ကုတင်ပေါ် ပစ်ချလိုက်တဲ့ အရှိန်နဲ့ ကျောပါ အောင့်သွားလေရာ တော်တော်နဲ့ မထနိုင်ပါ ။

"အဲ့ဒီကြောင်ရှာသီးဆိုတဲ့ လူကြီးက ကျေးဇူးတင်ခါနီးဆိုရင် အမြဲ ဆဲချင်အောင် လုပ်တယ်။တကယ်ပါ မေတ္တာကို တုံးတယ် "

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Onde histórias criam vida. Descubra agora