EP 13 (Sehun Version)

774 115 17
                                    

ဒီတစ်ခေါက် ခရီးကပြန်လာကတည်းက အကောင်ပေါက်လေးနဲ့ကျတော် တော်တော်လေး ရင်းနှီးသွားတာတော့ အမှန်ပင် ။ကျတော်ကို ပြောရဲဆိုရဲ ရှိလာသလို ရုံးပေါ်မှာ လုဟန်ဆိုတာကလဲ ဆဲဟွန်းရဲ့ လူလုံးလုံးကို ဖြစ်သွားတာပါပဲ ။ကုန်ဆုံးသွားသော တစ်လအတွင်း Tao ကတော့ Baekhyung Hyung နဲ့ အပေးယူတော်တော်မျှတယ် ။စနေနေ့ ညနေကြတော့ Tao က ကျတော့နားလာပြီး မရဲတရဲနဲ့ ခွင့်လာတောင်းသည် ။ လုဟန်နဲ့ မနက်ဖြန် ရှန့်ဟိုင်းမြို့ထဲ လျှောက်လည်ဖို့ပေါ့" မင်းတို့က ဘယ်ကိုသွားမှာလဲ ""Shopping နဲ့ မုန့်စားရုံပါ Hyung "" ဘယ်အချိန်လာခေါ်မှာလဲ ""မနက် ၈နာရီပါ ""အဲ့လောက် အစောကြီး ဘာလုပ်ဖို့လဲ လုဟန်က နိုးမှာ မဟုတ်ဘူး ၁၀နာရီမှလာ "Tao ကတော့ မျက်နှာငယ်လေးနဲ့ ခေါင်းလေးကုတ်ကာ ကုတ်ချောင်းချောင်းနဲ့ ထွက်သွားလေသည် ။ဟုတ်တယ်လေ~~ ဒီကောင်လေးက ရုံးပိတ်ရက်ဆိုရင် ၁၀ နာရီလောက်မှ ထတတ်တာ သိနေတော့ သူလေး အိပ်ရေးပျက်မှာ မလိုလားဘူးလေ ။ သူ နောက်ကျမှထတတ်တာ သိလို့လဲ ဒီက ကောင်ကြီးက သူနိုးလာရင် အဆင်သင့်စားရအောင် တခုမဟုတ် တခုကို သူနိုးချိန်နဲ့ ကိုက်ပြီး လုပ်ကျွေးနေမျတာလဲ အတော်ကြာပါပီမနက်ကြတော့ အပြင်သွားရတော့မှာမို့လို့ တက်ကြွနေတလိုက်တာများ Sunday ဆို ၁၀နာရီလောက်မှ ထတဲ့ သူက ၈နာရီလောက်ကတည်းက ဧည့်ခန်းထဲမှာ လတ်ယားလတ်ယား ပြေးနေလို့ မနက်စာကိုတောင် အတင်းပင် စားခိုင်းရသည် ။ ဆယ်နာရီမှ လာပါလို့ ပြောထားတဲ့ ပန်ဒါကောင်ကလဲ စကားနားထောင်ချက်က ၉ကတည်းက လာခေါ်တော့ မနည်းကျွေးနေရတဲ့ မနက်စာကို မျိုချရုံတမယ် စားပြီး Tao ကို ဆွဲကာ အမြန်ပြေးထွက်သွားကြသည် ။တမေကုန် အဆက်သွယ် လုံးဝမလုပ်ပဲ လည်ကြ ပတ်ကြတာ ပျော်ကြရဲ့လား မသိဘူး ။လဒလေးတွေမနေနိုင်တော့ ဖုန်းဆက်ကြည့်တယ် ။ လုဟန်က ဖုန်းမကိုင်ပေ ။အဆက်သွယ်က မရနိုင်တဲ့ အခါ ကိုယ့်မှာ စာအုပ်ဖတ်လဲမရ Video ကြည့်လဲ စိတ်မဝင်စားနိုင်ပဲ အပြင်ပဲ လှမ်းမျှော်နေရတယ် ။ညနေ ၅နာရီ ကြတော့ လူက ခြံထဲရောက်နေပြီ ။ ကားသံကြားတိုင်း ခြံတံခါးဖွင့်ဖို့ ပြေးရတာ အမော ~~၆ နာရီ--- ပြန်လာသင့်နေပြီဖုန်းခေါ်တယ် ~~ မကိုင်၇နာရီ-----TAO ကို ဖုန်းဆက်လိုက်ရမလား ။နေပါစေလေ ယောကျားလေးတွေပဲ ဒီလောက်နောက်ကျတာ ဘာမှ မဖြစ်ပါဘူး ။၈နာရီ----- မရတော့ဘူး အရမ်းစိတ်တွေ ပူနေပြီ လူကလဲ လမ်းမပေါ်ရောက်နေပြီ ။ပြန်လာရင် ကောင်းကောင်းကို ဆူပစ်လိုက်ဦးမှာစိတ်လဲ ပူ စိတ်လဲဆို ဖြစ်နေတော့ ဖုန်းကို မကိုင်မချင်း ဆက်တိုက် ခေါ်နေမိသည် ။၉နာရီ ~~~ ဆက်တာ လုဟန်ဖုန်းဆိုပေမယ့် ကိုင်လိုက်တာက TAO ဖုန်းထဲမှာ အသံတွေက ဆူညံနေတော့ ဒင်းတို့ Bar တစ်ခုခု ရောက်နေတာ ရိပ်မိလိုက်တယ် ။" မင်းတို့ ဘယ်မှာလဲ ဘယ်အချိန်ရှိပြီလဲ ပြန်မလာသေးဘူးလား " အသံတွေက အနည်ငယ် ဒေါသသံ ပါသွားသည် ။"Hyung , Sehun Hyung ~~ဟိုဟို လုဟန် မူးပြီး ရစ်နေလို့ဗျ အဲ့ဒါ ~~~" ဆူခံရမှာစိုးလို့ထင်ပါရဲ့ တွန့်ဆုတ် တွန့်ဆုတ် ပြောနေတဲ့ TAO ကိုတောင် မအော်တိုင်တော့ပေ ။ ဒီကောင်လေး မူးရင် ပြသနာရှာတတ်တာ ကောင်းကောင်းသိနေသလို မူးရင် အရမ်းချစ်ဖို့ကောင်းတာဆိုတော့စိုးရိမ်စိတ်က ငယ်ထိတ် ရောက်သွားသည်"ဘာ~~ ဘယ်မှာလဲ အခုလာခေါ်မယ် "Monstar Barတွေ့ပါပြီ သကောင့်သားလေးက ကောင်မလေးတွေ အဖွဲ့ကြားမှ ခေါင်းငိုက်စိုက်တောင် ကြနေပြီလေ ။TAO ကလဲ ဘေးနားက လောရှည်တကောင်နဲ့ အကြည်စိုက်နေလေရဲ့"ကလေးလေးက မူးပြီး ပါးလေးတွေရဲနေတာပဲ ချစ်ဖို့ကောင်းလိုက်တာ "" အိမ်ခေါ်သွားမယ် "တစ်ယောက်တစ်ပေါက်ပြောနေတဲ့ ကောင်မလေးတွေကြား တိုးဝင်ပြီး ခေါင်းကျိုးနေပြီဖြစ်တဲ့ အမူးသမားလေးကို တကောက်ကွေးကနေ ပွေ့ချီလိုက်ပြီး ခေါ်လာခဲ့သည် ။မသွားခင် ပွေ့ချီလျှက်ကပင် TAO ကို နောက်ခါ လုဟန်ကို ဒီလိုနေရာတွေ မခေါ်ဖို့ ပြောလိုက်သည် ။မနက်၈နာရီထိုးတော့ တီရှပ်နဲ့ ဂျင်းဘောင်းဘီကို ဖြစ်သလိုဝတ်ပြီး လွယ်အိတ်ကို ဆွဲပြီး အောက်ထက်ကို အပြေးအလွှားဆင်းလာသောကောင်လေးက ဆွဲစောင့်ချင်စရာကောင်းလောက်အောင် ချစ်ဖို့ကောင်းနေသော်လည်း ညက စိတ်တိုတဲ့ အရှိန်နဲ့မသိသလို နေလိုက်သည် ။"အမူးသမားလေး နိုးပြီလား "Baekhyung Hyung က ပါးစပ်ထဲက ထမင်းပလုတ်ပလောင်းနဲ့ နှုတ်ဆက်လေသည် ။ Chanyeol Hyung ကတော့ ကျတော့်ကို ကြည့်ပြီး စပ်ဖြဲဖြဲနဲ့ ပြုံးလို့ နေပါသည် ။"ပဲပိစပ် ဟင်းချိုလေး သောက်လိုက် ရှောင်လု သူက Hangover အတွက် အထောက်ကူဖြစ်တယ် " Minseok Hyung က ပဲပိစပ်ဟင်းရည် ပန်းကန်ကို ရှောင်လုရှေ့ကို တိုးပေးရင်းပြောသည် ။ အသံမထွက်နိုင်ပဲ ခေါင်းပဲ အသာယာညိမ့်ပြလိုက်တော့ Minseok Hyung က"နေမကောင်းရင် တစ်ရက်နားလိုက်လေ ရှောင်လု""ဘာတွေများ တော်နေလို့ နားရမှာလဲ""လူမှန်းသူမှန်းမသိအောင် သောက်လာတဲ့ သူက ဘယ်နေရာများ လိမ်မာနေလို့တစ်ရက် နားခိုင်းနေရတာလဲ ~အရက်တောင် သောက်တတ်သေးတာပဲ အလုပ်လဲ လုပ်ရမယ် ဆိုတာ နားမလည်ဘူးလား " စားလက်စ တူကို စောင့်ချလိုက်ပြီး တရစပ်ထွက်လာသော စကားများပင် ဖြစ်သည် ။"ဆဲဟွန်းရာ ~ကလေးကို အဲ့လောက်မပြောပါနဲ့ " Baekhyung က ဝင်ပြောသည် ။"ကလေးက အသိစိတ်ပျောက်လောက်အောင် အရက်သောက်စရာလား ၊ အိမ်တောင် လိုက်ခေါ်လို့ ပြန်ရောက်ရတဲ့ကောင်က ""ရှောင်လုလေး အယ်ကိုဟောမှာ အားနည်းတာလဲ သိရဲ့နဲ့ ဆဲဟွန်းရာ သူဘယ်လောက်မှ မသောက်ရသေးပါဘူးတဲ့ Tao ကလဲ အထပ်ထပ် ရှင်းပြထားတာပဲကို ""Hyung တို့ အဲ့ဒီလို မြှောက်ပေးနေလို့ ဒီကောင်က အကန်းတက်နေတာ ။ လူဖြစ်မယ်က မကြံသေးဘူး အရက်က သောက်ချင်နေပြီ "ကိုယ်ပြောနေတာကို စုပုတ်နေတဲ့ မျက်နှာပေးနဲ့ နားထောင်ပြီး ရှေ့က ပဲပိစပ် ဟင်းရည်ပန်းကန်ကို အငြိုးတကြီးနဲ့ပဲ မွှေနေတာ တွေ့တော့ စိတ်က ပိုတိုရသည် ။ ကိုယ့်မှာတော့ သူ့ကို စိတ်ပူလိုက်ရတာ"ဘာတွေ မွှေနေတာလဲ စားစရာရှိတာ မစားပဲနဲ့ မြန်မြန်လုပ် ငါတို့က မင်းကို ပြန်စောင့်နေရမှာလား " ထမင်းစားပွဲက ထရင်း ပိတ်ဟောက်လိုက်တော့ မျက်ရည်က ဝဲခနဲ့ တက်လာသည်"ဖြည်းဖြည်းစား ရှောင်လု ဘာမှ မဖြစ်ဘူး " BaekHyung Hyung က ကျောလေးကို အသာပွတ်ပြီး ထသွားသည် ။ ကျတော် ထပ်ပြီး အော်သာ အော်လိုက်ရတယ် အဲ့လိုမြင်ရတော့ စိတ်ထဲက မကောင်းပြန် ။ ထမင်းကို လက်စသတ်စားလိုက်ပြီး ရုံးသွားရန် ပြန်ဆင်လိုက်သည် ။Chanyeol Hyung ရဲ့ ကားက အခုချိန်ထိ မရောက်သေးလို့ ကျတော်တို့ ငါးယောက်အတူစီးနေရဆဲဖြစ်ပါသည် ။နောက်ခန်းထဲမှာတော့ ထုံးစံအတိုင်း Sehun , Baekhyung ရဲ့ အလယ်က လုဟန် စီးရတာပေါ့ ။ ဆူထားတဲ့ အရှိန်နဲ့ ကျတော့ဘက်ကိုမလှည့်ပဲ Baekhyung hyung ရဲ့ ဘက်ကို စောင်းစောင်းလေးလှည့်ကာ ခေါင်းကို ပြတင်းပေါက်ဘက်လှည့်ပြီး ကြည့်ရင်းလိုက်ပါလာခိုက် ~~"လုဟန် ~~လည်ပင်းက ဘာတွေလဲ ပြစမ်း" ရုတ်တရက် မြင်လိုက်ရတာတွေကြောင့် လုဟန် ပုခုံးကို ဆွဲကာ အကျီလည်ပင်းကိုဆ ွဲဟကြည့်လေသည် ။ကျတော့ကဘက် သူ့ဘက်ဆွဲလှည့်ကာ တီရှပ် လည်ပင်းအပေါက်ကို ရင်ဘက်ထိ ဆွဲဖြဲချရင်း လက်တစ်ဖက်ဖြင့် ခေါင်းကို ဟိုစောင်း ဒီစောင်း လုပ်ကာ သေချာကြည့်လိုက်တော့ အနီစက်တွေ နဲ့ အရည်ခွံတွေ ကွာနေသော လည်ပင်းနဲ့ ရင်ဘတ်တပြင်လုံးပါပဲ ။ ဒင်းလေးက သူ့ဘာသာသူတောင် ဘာဖြစ်မှန်းမသိပဲ မျက်လုံးကြောင်တောင်တောင်နဲ့ ကြည့်နေလေသည် ။ ကိုယ်ကတော့ အရိပ်တကြည့်ကြည့် နေတဲ့သူဆိုတော့လဲ မျက်တောင် တမွှေးကျွတ်တာကအစ သိနေတယ်လေ" ဆဲဟွန်း ဘာဖြစ်တာလဲ~~ဘာတွေ့လို့လဲ" ဘေးနားက Baekhyung hyung က ပြူးပြဲ ကြည့်နေသလို Chanyeol ကလဲကားရှေ့ခန်းကနေ လည်ပြန်ကြီး ကြည့်လာပြန်သည် ။"အနီစက်တွေ အကွက်တွေ လည်ပင်းနဲ့ ရင်ဘတ်မှာ အများကြီးပဲ"" Minseok Hyung ဆေးရုံကို မောင်းလိုက်ပါလား တော်ကြာ ဓါတ်မတည့်တာနေတွ ဘာညာဖြစ်နေမှာ""သြော် အေးအေး ~~သွားမယ် သွားရမယ် " ရှေ့က မောင်းနေတဲ့ Minseok Hyungကလဲအယောင်ယောင် အမှားမှားနဲ့ ပြန်ဖြေရင်း လမ်းကြောပြောင်းလိုက်သည် ။" ကျတော် ဘာမှ မဖြစ်ပါဘူး ရုံးပဲ သွားရအောင် " ဒီလောက်ဖြစ်တာကို အသဲသန် ငြင်းနေသေးသည် ။ဆေးရုံရောက်တော့ စစ်စရာရှိတာတွေ ဆရာဝန်က အယ်ကိုဟောသောက်လေ့ သောက်ထ မရှိတော့ အလာဂျီထပြီး အပူတွေကန်ကုန်တာ ဟုပြောပေမယ့် လိုအပ်တဲ့ စစ်ဆေးမှုတွေကို လုပ်သွားရန်ပြောသည် ။ ဆေးစစ်ဖို့ရန် ကျတော်နဲ့ နေခဲ့ပြီး ကျန်တဲ့ သူတွေကတော့ ရုံးကို ဆက်သွားကြလေသည် ။ဆေးစစ်ချက်တွေကတော့ ဘာမှ ထွေထွေထူးထူး ထွက်မလာပေ ~~"အရက်သောက်နေကြ မဟုတ်ပဲ အပြင်းကို သောက်လိုက်တော့ ရုတ်တရတ် တွန်းကန်ထွက်လာတဲ့ သဘောပါ ~ လုဟန် သောက်ချင်ရင်တော့ နည်းနည်းချင်းစီ ကျင့်ပြီး အသားကျအောင် လုပ်ပေါ့ ~~ဟားဟားဟား " ဆရာဝန်က ဟာသ နှောပြီး ပြောလိုက်ပေမယ့် ဘေးနားက ကိုယ်မှာတော့ မရီနိုင်ခဲ့ဆေးရုံက ပြန်လာတဲ့ လမ်းမှာတော့ စိတ်အလိုမကျမှုတို့နဲ့ ဒေါသက တလိတ်လိတ်ထွက်နေလေသည် ။"ဒီအတိုင်းဆိုရင်တာ့ မဖြစ်တော့ဘူး လုဟန် မင်း ငါမပါပဲ ဘယ်မှ ထွက်ဖို့ မစဉ်းစားနဲ့ အရက်လဲ အဲ့လောက်မှ သောက်ချင်နေရင် သောက်နည်း ငါသင်ပေးမယ် ငါရှိတဲ့ နေရာမှာပဲ သောက် "ဟုတ်တယ် ~ မျက်စိကွယ်ရာမှာ တစ်ရက်လောက် လွှတ်လိုက်တာနဲ့ ပြသနာတွေ အများပြီး ဖြစ်လာတဲ့ကောင်လေးကို ကျတော် ဘယ်လိုများ စိတ်ချပြီးလွှတ်ထားနိုင်တော့မှာလဲ ။ ဖြစ်နိုင်ရင် ဘယ်မှ မသွား ဘာမှ မလုပ် ဘာမှ မဖြစ်အောင် ရင်ခွင်ထဲပဲ ပိုက်ထွေးထားချင်နေပါပြီTBC

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Where stories live. Discover now