Zawgyi Version
"Luhan ဒီနေ့ တစ်ရက်နားလိုက်နော် " Minseok Hyung က ခွင့်ပေးလို့ ကျတော် ဒီနေ့တစ်ရက် နားဖြစ်ပါသည် ။ ရှန့်ဟိုင်းရောက်တာ ၂ပတ်ကျော်မှာ ကျတော် တစ်ရက်မှ မနားရသေးပေ ။ နားရက်တုန်းကလဲ ဘေဂျင်းကို ခရီးထွက်ရတာနဲ့ တိုက်ပြီး မနားဖြစ်သလို Win Win ရဲ့ အလုပ်တွေ လက်လွှဲယူရတာနဲ့ ကျတော် တော်တော်လေး မအားခဲ့ပါ ။ အခုလဲ သူတို့ အလုပ်သွားကြတော့ ကျတော့်မှာ ယောင်လည်လည်နဲ့ ကျန်ခဲ့ရလေသည် ။ မနက်စာကို အာဂျူးမား စီစဉ်ပေးသော ဆံပြုတ်သောက်ပြီး ပျင်းပျင်းနဲ့ ကာတွန်းကားတွေသာ လှိမ့်ပြီး ကြည့်နေလိုက်မိသည် ။ နေ့ခင်းလောက်ကြတော့ Baekhyung Hyung က ဖုန်းဆက်သည် ။
"Luhan သက်သာလား ?"
"ဟုတ်ကဲ့ သက်သာပါတယ် Hyung "
"အေးအေး နာရင်ပြောနော် ဆေးခန်းသွားရအောင် ,လှုပ်လှုပ်ရှားရှားလဲ မနေနဲ့ နားနားနေနေလေး နေဦး "
"မနာတော့ပါဘူး Hyung ရဲ့ ကျတော့်မှာ အလုပ်မရှိလို့ ယောင်လည်လည်တောင် ဖြစ်နေတာ "
"ဟေ ~~ Hyung ကတော့ ဒီမှာ စာရင်းမကိုက်လို့ လုံးချာလိုက်နေပြီ "
"ဟင်~ဟုတ်လား ကျတော် လာခဲ့လိုက်မယ် Hyung "
" မလာပါနဲ့ကွာ တကယ်လို့ ကူပေးချင်တယ် ဆိုရင် Hyung data တွေ ပို့လိုက်မယ် တချက်စစ်ပေးလေ "
"ဟုတ်ကဲ့ပါ Hyung ကျတော် ပျင်းနေတာနဲ့ အတော်ပဲ ကျတော် စစ်ပေးပါ့မယ် "ကျတော် ဝမ်းသာအားရပြောလိုက်လေသည် ။ခဏနေတော့ Hyung က data တွေ ပို့လိုက်တာကို စစ်ပြီး မကိုက်သည်များကို လိုက်ရှာနေလိုက်သည် ။ အတန်ကြာသည် အထိ Baekhyung Hyung ပို့လိုက်သည့် အချက်လက်ထဲမှာ မကိုက်သည်များကို ရှာမတွေ့ချေ ။သို့သော် နောက်ဆုံး ညှိလိုက်တော့ ပမာဏတွေက လွဲနေသည် ။ Invoice ကို တိုက်ရိုက်စစ်မှ ရမှာ ဖြစ်လို့ Hyung ထံ ဖုန်းဆက်ပြီး အကြောင်းကြားလိုက်သည် ~~
"ဟုတ်လား ?? ရှောင်လု Hyung က Invoice တော့ မစစ်ရသေးဘူး ,ဒီလိုလုပ်ပါလား Yoel တို့ အဲ့ဒီဘက်ခြမ်းကို ပစ္စည်းဝယ်ဖို့လာဖို့ရှိတယ် , Hyung ဝင်ပေးခိုင်းလိုက်မယ် ။ Hyung ကို ဒီနေ့အပြီး စစ်ပေး ဟုတ်ပြီလား ??
YOU ARE READING
A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)
FanfictionLuhan -ခင်များကြီးနော် တနေ့နေ့ ကျုပ်လက်ချက် မိမယ်သာမှတ် အဲ့ကြမှ အလုကယ်ပါ မလုပ်နဲ့ ချေမိုးပစ်မယ် Sehun -ချာတိတ်ရာ မင်းငယ်ပါသေးတယ် ~~မင်းပါးစပ်ဟလိုက်တာနဲ့ ဘာပြောမယ်ဆိုတာတောင် သိရလောက်အောင် ရိုးသားလွန်းတယ်