အမူးသမားလေး မနိုးခင် မနက်စာ ဝယ်ပြီး ပြန်လာတော့ တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် ထောင်းခနဲ့ ဒောသထွက်သွားသည် ။မီးဖိုပေါ်က ရေနွေးအိုးကြီးက ပွက်ပွက်ဆူပြီး ရေနွေးတွေ လျံကျနေပြီး ဒင်းက ခေါက်ဆွဲထုတ်ကို ကိုင်ရင်း စားပွဲပေါ်မေးထောက်ကာ အိပ်ငိုက်နေလေရဲ့တော်သေးတာပေါ့ အချိန်မှီပြန်လာခဲ့လို့ ဆဲဟွန်းသာ တခုခုကို ထပ်ပီး ဝယ်နေဦးမယ်ဆိုရင် ဒီကောင်လေး လုပ်ပုံနဲ့ အိမ်မီးလောင် နိုင်သည် ။ အိမ်မီးလောင်မှာထက် သူလေး ထိခိုက်သွားမှဖြင့် ~~တွေးရင်း စိတ်တိုသွားတာကြောင့် နောက်ကနေ ဘုတ်ခနဲ့ ဇာတ်ပိုးကို ရိုက်လိုက်တော့ အားခနဲ့ နိုးလာပြီး အူကြောငါကြောင်နဲ့ ပြူးကြည့်နေလေသည် ။"လုဟန် ~~ရေနွေးတွေ ပွက်ပြီး လျှံကြကုန်ပြီ မင်း မီးဖိုချောင်ကို ဖျက်ဆီးနေတာလား "နာသွားသော ဇာတ်ပိုးကို လက်နဲ့ ပွတ်ရင်း ~~" ခဏ ငိုက်သွားတာပါ Hyung ကလဲ ""ခဏ ငိုက်တာ အရေးမကြီးဘူး ~ မီးလောင်ပြီး လျော့ဖြစ်ကုန်င် ဘယ်လိုလုပ်မလဲ မင်း မစဉ်းစားတတ်ဘူးလား ~ ဦးဏှောက်ကို မရှိဘူး " ဆဲဟွန်းက လက်ထဲက အထုတ်တွေကို စားပွဲခုံပေါ် ချကာ ရေနွေးအိုးကို သွားပိတ်သည် ။" မလုပ်တတ်ပဲနဲ့ ဘာကိစ္စ မီးဖိုချောင်ဝင်နေရတာလဲ "" ဟို~~ ကျတော် ဗိုက်ဆာလို့ ခေါက်ဆွဲပြုတ်မလို့ ""ငါ မင်းကို အငတ်ထားလို့လား ""အာ ~ မဟုတ်ပါဘူး ကျတော်က Hyung ကို မတွေ့တာနဲ့ အပြင်သွားတာ မှတ်ပြီး ကိုယ့်ဘာသာ လုပ်စားမလို့ပါ ""ဖုန်းဆက်လိုက်လေ ငါ ဘယ်သွားလဲ ဘာလုပ်လဲ ဆိုတာ ~အိမ်မှာ ရှိတာမှ နှစ်ယောက်ထဲကို ငါက ပစ်စလတ်ခတ် ထွက်သွားပါ့မလား ငတုံးရ "ဒီလောက်ပြောနေတာကို မကြားတာလား မသိချင်ယောင်ဆောင်တာလား မသိ ခေါက်ဆွဲထုတ်ကို ယူပြီး ပြုတ်မယ် ကြံစည်နေလေရဲ့"ဒါက ဘာလုပ်ပြန်တာလဲ ""ခေါက်ဆွဲပြုတ်မလို့လေ ""ငါ ဘာဝယ်လာတာလဲ မင်းတစ်ချက်လောက် မကြည့်ဘူးလား ,ပတ်ဝန်းကျင် လေ့လာမှုကလဲ ညံ့ဖျင်းလိုက်တာမှ လွန်ရော , ရော့ ဆီချက်ခေါက်ဆွဲ ပန်းကန်ထဲ သွားထည့် "ခေါက်ဆွဲ နှစ်ယောက်စာအား လှမ်းပေးလိုက်မှ ဆွဲယူသွားပြီး ပန်းကန်းစင်ဘက် ထွက်သွားသည် ။ပါးစပ်ကလဲ ပွစိပွစိနဲ့ ပေါ့"ဟေ့ကောင် ပွစိ ပွစိ လုပ်မနေနဲ့ ထည့်စရာရှိတာ မြန်မြန်ထည့် ငါ ဗိုက်ဆာနေပြီ "~~~~~~ညစာစားပြီး ဇိမ်ရစ်နေခိုက် ~~ ဆဲဟွန်းလဲ ပျင်းပျင်းရှိတာကြောင့်" Luhan club သွားရအောင် "ဒါမျိုးကြတော့၂ခါမခေါ်ရဘူး ငေါက်ခနဲ့နေအောင် ကောက်ထလိုက်သည် ။ကလပ်တွင် ~~~"ဟေ့ကောင် ~~ မင်းလဲ မင်းဘာသာ နေ ငါလဲ ငါ့ဘာသာနေမယ် ။ ဒီည စကီလေးတွေ ရှာမှ ဖြစ်မယ် ငါတို့ ပူးတွဲနေရင် အဆင်မပြေဘူး "အမှန်တော့ အတူပူးတွဲနေချင်တယ်လေ ဒီည ဖွင့်ပြောဖို့ ဒီကို ခေါ်လာတာပဲ ။ရောက်လာတော့ ဘာကို ဘယ်လိုစပြောရမှန်းမသိပဲ ပါးစပ်ထဲ ရှိတာ အရင်ပြောလိုက်မိသည် ။" ဟဟဟ လုပ်လိုက်လေ ဘယ်သူက အရင်ချိတ်နိုင်မလဲ ပြိုင်ကြတာပေါ "သူ့အကြိုက်ဖြစ်သွားပုံရပြီး ပျော်ကာ ခုန်ပေါက်နေဘို့ မျက်မှောင်ကြီး ကျုံ့ကာ လက်ပိုက်ကြည့်နေသော ဆဲဟွန်းကိုပင် လျှာထုတ်ပြရင်း dancing floor သို့ ပြေးသွားလေသည် ။ရွယ်တူကောင်လေးတွေ နဲ ပျော်မြူးရင်း ဘီယာလေးသောက်လိုက် ပြေးကလိုက်နဲ့ လုဟန် ဘဝက တော်တော် သာယာနေသည် ။ ကိုယ်မှာသာ ဘားမှာ တစ်ယောက်ထဲ ဝီစကီ တစ်ပက်နဲ့ သမင်ရရေး ကြံစည်နေသည်ကရတာ မောသွားတော့ ဘားကောင်တာကို လာကာ ဆဲဟွန်းနားမှာ ရစ်သီ ရစ်သီ လုပ်နေရင်း ~~" Ge - ကန်းပေး"ဆိုပြီး စကီလေး တစ်ယောက်လာပေးသော အရက်ခွက်ကို မော့သောက်လိုက်သည် ။ဟေ့ ဟေး~~ ဘေးက ဆဲဟွန်း ဆွဲယူလိုက်သော်လည်း အရက်က ပါးစပ်ထဲ ဝင်သွားလေပြီ"ဟာ~~ လုဟန် ထွေးစမ်း ထွေးစမ်း အဲ့ထဲမှာ ဆေးခြောက်တွေပါတယ် "ဆဲဟွန်းက စိုးရိမ်တကြီးအော်ကာ ထွေးခိုင်းသော်လည်း လည်ချောင်းထဲသို့ အမြန်ပင် ဝင်သွားပုံသည်။"အမ် ~~ဟုတ်လို့လား " ပြူးကြောင်ကြောင်နဲ့ တအံတသြ မေးသည် ။"ဟုတ်တယ် ဒီကောင်မလေး ငါ့ရှေ့တင်ပဲ ဆေးခြောက် နှပ်ရည်တွေ ထည့်နေတာ~ လုဟန်ရာ မင်းကလေ မဆင်မခြင်နဲ့ "လူက ဇဝေဇဝါ ဖြစ်ကာ ခေါင်းရမ်းရင်း ကသည့်ဘက်ကို ပြန်သွားလိုက်သည် ။ ငါးမိနစ်လောက် ကပြီးတော့ လူက ခေါင်းတွေ ချာချာလည်ကာ မျက်လုံးတွေ မှေးလာသည် ။"လုဟန် လာပြန်မယ် ~ဆဲဟွန် လုဟန်ကို အသာလေးဖေးမခေါ်လာကာ ကားထဲ သွင်းလိုက်သည် ။ကားမထွက်ရသေးဘူး ဆေးခြောက်အစွမ်းဖြင့် ရီဝေဝေဖြစ်နေသောငမူးလေးက စကားတွေ စွတ်များနေလေရဲ့"Hyung ကောင်မလေးရှိလား ""မရှိဘူး ""အာ့ဆို မိန်းမရော ""ဟ ဘယ်ရှိမလဲ ""ဒါဆို ကလေးရှိတယ်ပေါ့ ""မိန်းမတောင် မရှိဘဲ ငါက ဘယ်ကလေးရှိရမှာလဲ "" Hyung ကျတော့်ကို အားနာဖို့ မလိုပါဘူး Hyung ရှိလဲ ရှိတယ်ပေါ့ ကလေးကိုရော သတိရလား "ရည်းစားတောင် မထားဘူးတဲ့ လူပျိုစစ်စစ်ကို အတင်းကာရော လိုက်မေးနေတာတော့ ဒင်းလေး မဟုတ်သေးချေ"လုဟန် စကားများနေတာတွေ ရပ်တော့ အိမ်ရောက်ပြီ ဖြေးဖြေးဆင်း သေချာလျောက် " ဆဲဟွန်းရဲ့ လက်ကို ကိုင်ထားတာတောင် လုဟန် ယိုင်နဲ့နေသည် ။"Hyung မိန်းမက ချောလား " သူ့ ကို တစ်ဘက်ကိုင်ထားကာ အိမ်တံခါးဖွင့်နေသော ဆဲဟွန်းရဲ့ လက်မောင်းတွေကို လှုပ်ကာ မိန်းမချောလား ထပ်ပြီးမေးနေပေမယ့် ဆဲဟွန်းက တစ်စက်မှ ပြန်မဖြေပေ ~~"ငမူးလေး တော်တော့ မဟုတ်တရုတ်တွေ ပြောတာ ရပ်လိုက်တော့ ""Hyungကလဲ ကျတော်က အတည်ပြောတာပါ Hyung ကို ကိုယ်ချင်းစာလို့ပါ မိသားစုနဲ့ ဝေးနေတော့ သတိရမှပေါ့လေ"အာလေးလျှာလေးနဲ့ လက်ညှိုးလေးတစ်ထောင်ထောင် ပြောနေသော လုဟန်ကို အသည်းယားလွန်းလာသဖြင့် ဆဲဟွန်း ဧည့်ခန်းထဲရှိ mini ဘားကောင်တာပေါ် ကောက်ချီပြီးတင်ကာ ခြေထောက်တွေကြားထဲမှာ ဝင်ရပ်လိုက်သည် ။သူ့ရှေ့တည့်တည့် ရပ်လိုက်တော့ ဒင်းလေးက မှီစရာရသွားသည့်ထင် ~~ ပုခုံးပေါ် ခေါင်းလေးမှေးပြီး မှီလာလေသည် ။ဆဲဟွန်း ကျောလေးကို သာသာလေး သိုင်းဖက်ကာ"ကဲ ပြောပါဦး မင်းသိထားတဲ့ အကြောင်းရာလေးတွေ "လုဟန် မပွင့်သော မျက်စိအား ဖြဲဖွင့်ပြီး ဆဲဟွန်းပုခုံးပေါ် မှီထားသော ခေါင်းကို ထောင်ကာ" Hyung မှာ မိန်းမ နဲ့ ကလေးရှိတယ် မဟုတ်လား , ကျတော် သိပါတယ် ၊ ကျတော့်ကို မြင်ရင် Hyung ရဲ့ သားလေးကို သတိရနေတာ ကျတော်သိတယ်" ပြောရင်း ငိုက်လိုက် ခေါင်းထောင်ရင်း ပြန်ပြောလိုက်ဖြစ်ပြီး အသိစိတ် ဝင်တချက် မဝင်တချက် ဖြစ်အောင် မူးနေသော ကောင်လေးအား ဆဲဟွန်း တော်တော်လေး ရီချင်နေပါပီဝန်ခံဖို့အချိန်ရောက်ပြီ ထင်ပါရဲ့"ဘယ်ကနေ ဘယ်လိုမှားယွင်းကာ သိနေသလဲတော့ မသိပေမယ့် ကိုယ့်မှာ ကလေးတစ်ယောက်တော့ ရှိတာ အမှန်ပဲ လုဟန် "လုဟန် မျက်လုံးကို တည့်တည့်ကြည့်ကာ ပြောနေပေမယ့် သူရဲ့လက်တွေက မြှောက်လာပြီး မျက်နှာကို လာထိသည် ။"ဆဲဟွန်း မျက်လုံးလေးတွေထဲမှာ ကြယ်လေးတွေ လှလိုက်တာ "လှတယ်ပြောရင်း ထပ်ကိုင်ဖို့ ကြိုးစားနေတဲ့ လက်ကလေးကို သေချာဆုပ်ယူပြီးရင်ဘတ်မှာ တင်လိုက်သည် ။"ကိုယ့် ရင်ဘတ်ထဲက ရင်ခုန်သံတွေကို ဒီလက်ကလေးက ခံစားမိလား ""ဟုတ် ရင်ဘတ်ကြီးက လှုပ်နေတယ် ""အင်း အဲ့ဒီလှုပ်နေတဲ့ ရင်ဘတ်ကြီးထဲမှာ လုဟန်ဆိုတဲ့ ကလေးတစ်ယောက် ခုန်နေတယ် ""ဟာ ~~ Hyung ကလဲ ကျတော် ဒီပေါ်မှာ ထိုင်နေတာပါ ~ မူးနေတယ်ဆိုပြီး လာမညာနဲ့ ဟဟဟဟဟ "ကိုယ်ကတော့ အတည်ကြီးဖီးလ်နေသော်လည်း အမူးသမားလေး စကားတွေက တော်တော်လေး ဖီလင်ငုတ်ရပါတယ် ။"ကလေး ကိုယ့်မျက်လုံးကိုသေချာကြည့်စမ်း ""အင်း~~ကြည့်နေတာ ကြယ်လေးတွေလိုပဲ ကျတော် လိုချင်တယ် " ကြည့်ရင်းနဲ့ ဆဲဟွန်း မျက်နှာနဲ့ အရမ်းနီးကပ်လာပြီ"ကိုယ်ပြောတာ သေချာနားထောင်နော် ~~"အင်း ~~ ဘာလဲတော့ မသိပေမယ့် ခေါင်းညိမ့်လိုက်သည် ထင်သည် ။"ကိုယ် အခု ကလေးကို နမ်းမယ် ~ ချိုချဉ်လုစားတာလဲ မဟုတ်ဘူး , ဖရဲသီးကိုက်စားတာလဲ မဟုတ်ဘူး ကိုယ် နမ်းမှာ "ကလေးမျက်နှာကို ကိုယ့်ဘက်ကို ဆွဲယူလိုက်ပြီး နှုတ်ခမ်းလေးကို အသာစုက်ယူနမ်းလိုက်ပေမယ့် ငမူးလေးကတော့ မူးလွန်းလို့ ငိုက်စိုက်ကြသွားသည် ။..........တညလုံး ရင်တွေခုန်ပြီး အိပ်မပျော်သလို မနက်ကျတော့လဲ စောစောနိုးလာလို့ ဆဲဟွန် လုပ်စရာမရှိသောကြောင့် ခြံထဲမှာ ဆင်းလမ်းလျှောက်ရင်း ပန်းပင်တွေ ရေလောင်းနေသည် ။မနေ့ညက စားခဲ့ရတဲ့ဂျယ်လီအိစိ နှူတ်ခမ်းလေးကို တွေးမိတော့ လူက အလိုလို နှုတ်ခမ်းကို ကိုင်မိရဲ့သားဖြစ်သွားပြီး ပြုံးမိပြန်သည် ။ချစ်လိုက်တာ မနက်ကြလို့ နိုးလာရင် ဘယ်လိုရင်ဆိုင်ရမလဲ ။ပြေးဖက်ပြီး နမ်းရမလား မသိချင်ယောင်ဆောင်နေရမလား အတွေးတွေ ဗျာများနေခိုက်ဆဲဟွန်း~~~~~~ ဆဲဟွန်း~~~အိမ်ထဲကနေ အပြေးထွက်လာပြီး လူကို အသဲသန်ခေါ်နေသော ကလေးငယ်"ဘာလဲ ~ ဘာလို့ သေမလိုအော်ခေါ်နေတာလဲ "ခြံထဲမှာ ပန်းပင်တွေ ရေလောင်းနေရင်း ဆဲဟွန်း ပြန်အော်သည် ။ရင်ထဲမှာတော့ တော်တော်လေး ခုန်နေပါပီ"ဟို ကျတော်တို့ မနေ့ညက ဘာဖြစ်သွားတာလဲဟင် ""ဘာဖြစ်တယ် ထင်လို့လဲ " ရေပိုက်ကို ချပြီး သူ့ကို စေ့စေ့ကြည့်ကာ ပြန်မေးလိုက်သောအခါ သူလေး နောက်ကို ဆုပ်သွားပြီး မသိမသာ တံတွေးမျိုချလိုက်သည်ကို တွေ့ရသည် ။"မဟုတ်ဘူး ကျတော် ဘာမှ မမှတ်မိတော့လို့ အမှားတွေများ လုပ်ခဲ့လားလို့ " အံမာ သေချာမှတ်မိနိုင်နေတာကြောင့် ဒီစကားထွက်လာတာပဲလေ ။"ဘာလဲ ~အိမ်မက်ထဲမှာ Kissing တွေ ဘာတွေ ဆွဲနေလို့လား "ဆဲဟွန်း လုဟန်ရဲ့ မျက်နှာတည့်တည့်နားကပ်ပြီး ကုန်းကာ မေးလိုက်သဖြင့် လုဟန် ပါးစပ်ကို လက်ဖြင့်ပိတ်လိုက်သည် ။ နောက်ကို ဆုတ်ရင်း မျက်စိတွေမှိတ် ခါင်းကို ခါယမ်းကာ လက်ဖြင့် ယောင်ယမ်းပြီး ဝှေ့ယမ်းပြီး တစ်ယောက်ထဲ ယောက်ယပ်ခပ်နေလေရဲ့"အဲ့ဒါက ဘာဖြစ်တာလဲ ""မဖြစ် ~~ မဟုတ် အာ~~~ မဖြစ်နိုင်ပါဘူး Hyung က ကျတော့ကို ~~ ဟဟဟဟ ကျတော်က straight ဗျ "ပြောလိုက်တဲ့ စကားတစ်ခွန်းက ဆဲဟွန်းရင်ထဲမှာ ကျင်တတ်နေအောင် နာကျင်သွားခဲ့ရသည် ။ဒီကလေးက Straight တဲ့လား ~~ သူလေးက Boy to Boy လက်မခံဘူးပေါ့...သွားပြီ ဆဲဟွန်း ခေါင်းတွေပါ အုံခဲလာကာ နေရာကနေ မလှုပ်နိုင်အောင် စိတ်ဓါတ်တွေ ပြိုလဲသွားခဲ့ရပါပီ ။"တော်ပြီ အပေါ်တက် ရေမိုးချိုးတော့မယ် ခေါင်းကြည်သွားအောင် "အော်ဟစ်ပြောဆိုကာ နောက်ကို လှည့်မကြည့်တမ်းထွက်သွားသည့်ကောင်လေးကို ကြည့်ရင့် ဆဲဟွန်းကမ္ဘာကြီး ရုတ်တရက် အမှောင်ထုတွေ လွှမ်းခြုံသွားသလို ခံစားလိုက်ရသည် ။အချိန်တော်ကြာ မလှုပ်ရှက်နိုင်အောင် ရှိနေရာကနေ ဆဲဟွန်လေးတွဲသောခြေလှမ်းတွေနှင့် အိပ်ခန်းဆီသို့ တက်လာခဲ့သည် ။မျက်နှာခြင်းဆိုင် အိပ်ခန်းကတံခါးပွင့်နေလို့ အကျင့်ဖြစ်နေတဲ့ မျက်စိတို့က လှမ်းကြည့်မိတဲ့အခါ ဖုန်းကို ပိုက်ပြီး အိပ်ပျော်နေသော ကလေးငယ် ။အိပ်ယာပေါ်မှာလှဲရင်း နဖူးပေါ်လက်တင်စဉ်းစားနေလိုက်တာ အချိန်တောင်တော်တော်လင့်သွားခဲ့ချေပြီ ။ဆဲဟွန်းရင်တွေနာလွန်းလှပေမယ့် ခိုင်မာသော ဆုံးဖြတ်ချက်ကို ချလိုက်သည် ။ သူ လုဟန်ကို ဘယ်တော့မှ ဖွင့်ပြောမှာ မဟုတ်တော့သလို သူလက်မခံတဲ့ ကိစ္စတွေ ဖြစ်မလာအောင် အထင်မလွဲအောင် နေထိုင်တော့မည်ဟု ဆုံးဖြတ်လိုက်ပါသည်။
![](https://img.wattpad.com/cover/156278748-288-k403319.jpg)
ESTÁS LEYENDO
A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)
FanficLuhan -ခင်များကြီးနော် တနေ့နေ့ ကျုပ်လက်ချက် မိမယ်သာမှတ် အဲ့ကြမှ အလုကယ်ပါ မလုပ်နဲ့ ချေမိုးပစ်မယ် Sehun -ချာတိတ်ရာ မင်းငယ်ပါသေးတယ် ~~မင်းပါးစပ်ဟလိုက်တာနဲ့ ဘာပြောမယ်ဆိုတာတောင် သိရလောက်အောင် ရိုးသားလွန်းတယ်