EP 5 (Sehun Version)

1.9K 294 31
                                    

မနက်၇နာရီကတည်းက နိးနေပြီး အရင်ဆုံးသတိရမိတာက ထိုကလေးလေး ရှောင်လု ~ကိုရီးယားက မိဘတွေ နဲ့ ဖုန်းခဏပြောပြီး IG ထဲ ဝင်ကာ လိုင်းခဏ သုံးလိုက်သည် ။ လိုင်းသုံးနေရင်းနဲ့ ကလေးလဲ IG သုံးတာ မြင်မိတော့ သူ့ နံမည်လေးရိုက်ထည့်ပြီး ရှာကြည့်လိုက်သည် ။ဟော~~ တွေ့ပါပြီသူ့နံမည် နဲ့ 7_Luhan_m ဆိုပဲ , ပြောင်စပ်စပ် selfie ပုံတစ်ပုံတင်ထားသည် ။သူလေးက ဆယ်လီပဲ followers တွေက နည်းတာ မဟုတ်ဘူး ။အများအားဖြင့်တော့ KPop အကြောင်းတွေ တင်ထားတာဖြစ်သည် ။ပျင်းပျင်းရှိတာနဲ့ သူ့ အကောင့်ကို အစအဆုံး ကွန်းမန့်တွေပါ မကျန် အကုန် ဝင်မွှေဖတ်နေလိုက်တာ ကိုးနာရီထိုးခါနီးမှ သတိဝင်တော့သည် ။ရေမချိုး ဘာမချိုးနဲ့ ကလေးက လာတော့မည် ။ကိုးနာရီထိုးဖို့ ဆယ်မိနစ် ~အချိန်ကိုက်ပင် contact မှာ မှတ်ထားသော သမင်ကလေး ဆိုတဲ့ နံမည်ကို နှိပ်ကာ ခေါ်လိုက်သည် ။"Luhan ဘယ်မှာလဲ ""ကျတော် Lobby မှာ ရောက်နေပြီ ""အဲ့ဒါဆို Dining room ကိုလာခဲ့ မနက်စာစားမယ် ""ကျတော် စားခဲ့ပြီဗျ Lobby က စောင့်နေလိုက်ပါ့မယ် ""မင်း ငါက လာဆို လာလေ ဘာတွေ လျှာရှည်နေတာလဲ "ကမန်းကတန်း မျက်နှာ ကောက်သစ်ပြီး အမြန်ပြေးထွက်လာခဲ့သည် ။ ဆရာသမားလေးက ပြတင်းပေါက်နားက ခုံမှာ ကြိုရောက်နေပြီး မျက်စောင်းထိုးမှာ ထိုင်နေတဲ့ ကောင်မလေး တစ်သိုက်က ကွက်ကြည့် ကွက်ကြည့်နဲ့ ဖုန်းနဲ့ သူ့ကို ဓါတ်ပုံရိုက်နေတာကို ဖြီးဖြီးကြီး လုပ်ပြနေတာကို ကြည့်ပြီး စိတ်ထဲမှာ ဒေါသက အလိတ်လိုက် ထွက်လာသည် ။ လုဟန်ထိုင်နေသော စားပွဲပေါ်ကို အခန်းသော့ကတ်နဲ့ ဖုန်းအား ပစ်ချပြီး မနက်စာယူရန် ဘူဖေးကောင်တာသို့ ထွက်သွားသည် ။ ခုချိန်ထိ လုဟန့်အား စကားတစ်ခွန်းမှ မဆိုသေးချေ ~ ထောင်းခနဲ့ ထွက်လာသော ဒေါသကို မြိုချနေရတာနဲ့ ပန်းကန်ထဲ ဘာတွေ ထည့်လာမိမှန်း မသိပေ။ကော်ဖီ တစ်ခွက်နဲ့ အရွက်ကြော် အသားပြားကြော် ပန်းကန်အားသယ်လာကာ လုဟန်နဲ့ မျက်နှာချင်းဆိုင်ကို ထိုင်လိုက်သည် ။ ပေါင်ပေါ်ကို လက်သုတ်ပုဝါခင်းပြီး ဇန်းနဲ့ ခက်ရင်းအား အကျနကိုင်ပြီးတော့မှ ရှေ့မှာရှိတဲ့ လုဟန်အား ကြည့်လိုက်တော့ ဒင်းက ကောင်မလေးတွေကို ကြာပေးနေသည်။ မရတော့ဘူး ဆဲဟွန်းတို့ ပေါက်ကွဲချင်ပြီလေ" Luhan မင်းက တကယ်ကို ဦးဏှောက်မရှိတာလား မသိတတ်တာလား ""ဗျာ" ရုတ်တရတ်ကြီး ထပြောလိုက်တော့ Luhan ကြောင်သွားပုံရသည်"မင်းကတော့ မနက်စာတွေ တဖြဲနှစ်ဖြဲသွတ်လာပြီး ဒီမှာရှိနေတဲ့ ငါက မနက်စာ စားပြီးပြီလား အဆင်ပြေရဲ့လား တစ်စက်မှ မမေးတာတော့ တာဝန်မဲ့ လွန်းတယ် "လုဟန် တံတွေးတစ်ချက်မြိုချရင်း မရဲတရဲလေးဖြင့်"မဟုတ်ဘူး Hyung ကျတော်က ဟိုတယ်က Breakfast ပါလို့ Hyung စားပြီးလောက်ပြီ တွေးမိလို့ပါ ""ငါ့မှာတော့ မင်းလာမှ စားမယ်လို့ဆာနေရက်နဲ့ စောင့်နေရတာ မင်းကတော့ ဗိုက်တွေ ဖြည့်လာတယ် ပြီးတော့ ငါ ဒီဟော်တယ်က ကျွေးတာကို ကြိုက်မကြိုက် အဆင်ပြေမပြေ မင်း လေ့လာသင့်တယ်လေ "တကယ်ဆို မဆိုင်ဘူးဆိုပေမယ့် ကောင်မလေးတွေနဲ့ အကြည်ဆိုက်နေတာ မြင်ရတော့ လူက စိတ်တွေ တိုလာတော့ ပါးစပ်ထဲ ရှိတာတွေ လျှောက်ပြောပစ်လိုက်သည် ။ဒီကလေးက အဆူအဆဲတွေမီာ အခုချိန်မထိ အသားမကျသေးပေ ။ခေါင်းလေးငုံ့သွားတာဖြင့် ပြန်တောင် မော့မလာတော့ပေ ။ အစားတလုတ် အဆူတစ်ခွန်းနှုန်းနဲ့ သြဝါဒချွေပြီး ရေချိုးဦးမယ် ဆိုပြီး အခန်းပြန်သွားတော့ သူလေးက Lobby ထဲမှာ စောင့်နေမယ်ဆိုပြီး ကျန်ခဲ့ပါတယ် ။ အခန်းထဲ ထိ လိုက်စောင့်စေချင်သော်လည်း မပြောသင့်ဘူး ထင်လို့ ဒီအတိုင်းလွှတ်ပေးလိုက်ရပေမယ့် စိတ်မချနိုင်လို့ ဝုန်းဒိုင်းကျဲ ပြင်ဆင်ကာ အမြန်ပြန်ဆင်းလာခဲ့သည် ။ဒီနေ့ စက်ရုံမှာ ဖြစ်တဲ့ error ရဲ့ source ဖြစ်တဲ့ နယ်ကို ဆင်းပြီး စစ်မှာဖြစ်ပြီး မူလ အစီစဉ် အတိုင်း နယ်က ပြန်တာနဲ့ ရှန့်ဟိုင်းကို တစ်ခါတည်း ပြန်လို့ရအောင် လေယာဉ်လက်မှတ်ပါ တစ်ခါတည်း စီစဉ်ခိုင်းထားရသေးသည် ။။ကားစောင့်ရင်းနဲ့ သူလေးကို ကြည့်မိတော့ ဦးထုပ်အဝိုင်းလေးဆောင်းက ဆံပင်အုပ်တို့က ရှေ့ကို ဝဲကျနေသော ကလေးရဲ့ အသွင်ပြင်က အရမ်းကို ချစ်စရာကောင်းလွန်းနေသည် ။ကျောပိုးအိပ်ကလေးသာ လွယ်ပေးလိုက်လို့ကတော့ အလယ်တန်းကျောင်းသားလေးပုံ ဖြစ်နေမှာပဲ ။ ကျတော်ကတော့ သူနဲ့...ကားစောင့်ရင်းနဲ့ သူလေးကို ကြည့်မိတော့ ဦးထုပ်အဝိုင်းလေးဆောင်းက ဆံပင်အုပ်တို့က ရှေ့ကို ဝဲကျနေသော ကလေးရဲ့ အသွင်ပြင်က အရမ်းကို ချစ်စရာကောင်းလွန်းနေသည် ။ကျောပိုးအိပ်ကလေးသာ လွယ်ပေးလိုက်လို့ကတော့ အလယ်တန်းကျောင်းသားလေးပုံ ဖြစ်နေမှာပဲ ။ ကျတော်ကတော့ သူနဲ့ ယှဉ်ရင် အာဂျောရှီဖြစ်နေပါပီ ။ကျောက်စိမ်းများ တူးဖော်ရာ နယ်မြို့လေးကနေ ကုန်ကြမ်းများ ရယူတာဖြစ်ပြီး ယုံကြည်စွာ ရောင်းဝယ်ဖောက်ကားနေကြ ထိုဖောက်သည်များထံမှ ဆေးထိုးအရောင်သွင်းကျောက်များ ပါလာသည်ကို သွားရောက် စစ်ဆေးခြင်းဖြစ်သည် ။ ကျောက်တူးသမားများ လက်လုပ်လက်စားများ များသော ဒေသဖြစ်လို့ စရိုက်ကြမ်းလွန်းကြသည် ။ ကိုယ့်နိုင်ငံ မဟုတ်ပေမယ့်လဲ သတ္တိရှိသည် ရဲရင့်ပြတ်သားရသည် ။ပြတ်သားစွာ ပြောချက်တွေကို ဘာသာပြန်နေတဲ့ ကလေးက ကြားကနေ ကြောက်နေပုံရသည် ။ လျော်စရာရှိသည်များကိုလဲ ရှေ့နေဖြင့် ချက်ခြင်းအလျော်တောင်းသည် ။ လက်သီးလက်မောင်းတန်းကာ ရန်ဖြစ်ရလုနီးပါး ပြသနာဖြေရှင်းချက်ရဲ့ ရလာဒ်အဖြစ် ကျွန်တော်တို့ ပြန်မည့်ကားဘီး လေးဘီးလုံး ဓါးချွန်နဲ့ ထိုးဖောက်ထားခြင်းကို ခံရလေသည် ။လေယာဉ်ချိန် မမှီမှာ စိုးရိမ်သဖြင့် ကျတော်တို့ နှစ်ယောက် အဝေးပြေးကားနှင့်ပင် ပြန်လာခဲ့သည် ။ပြသနာက အဝေးပြေးကားစီးတဲ့ အခါမှ စတာပင်ဖြစ်သည် ။ စီးလာပြီး နာရီဝက်ကျော်ကျော်လောက်ကြာတော့ လူကလဲ ငိုက်တိုက်တိုက် ဖြစ်နေခိုက် ကားက တုန့်ခနဲ့ ရပ်သွားသည် ။ အခြေနေကို အရင်းစစ်လိုက်တော့ ရှေ့မှာ ရဲတွေ စစ်ဆေးနေတာကို တွေ့ရသည် ။ ကားပေါ်က လူတွေ ပြောတာကြားရတာတော့ တရားမဝင် ကျောက်ခိုးထုတ်တာ် ဆိုလား ဆေးပြားခိုးထုတ်တာ သတင်းရလို့ ဆိုလား မသိပါ ~~ရဲတွေက ကားပေါ်မှာ တစ်ယောက်ခြင်းစီ လိုက်ကြည့်ရင်း သာမာန် အရပ်သားများနှင့်ကွာခြားနေသော ကျတော်တို့ အပြင်အဆင် ~ မေးခွန်းတွေ မေးပါလေရော ~ ကျတော်က တရုတ်မဟုတ်တာ သိသွားတော့ ဒီဘက်ကို ဘာလာလုပ်တာလဲ ပတ်စပို့ပြတွေ ပြောလာပါတယ် ( တရုတ်ရဲတွေက ရစ်တတ်တာ သိတယ်မို့လား )လေယဉ်မမှီမှာ စိုးနေသဖြင့် ဒီလိုရစ်ရမလား စစ်ရမလားဆိုပြီး ဒေါသထွက်ထွက်နဲ့ ရဲတွေကို ပြန်ဟောက်ပါလေရော~~ သူဟောက်ကိုယ်ဟောက်နဲ့ ကြားက စကားပြန်ဖြစ်တဲ့ ကလေးကပဲ တာင်းတောင်းပန်ပန်ပြောကာ ကျတော့်ကို ပတ်စ်ပို့ ပြဖို့ ပြောသည် ။ မကျေမနပ်ဖြင့် ပွစိပွစိရေရွတ်ကာ လွယ်အိတ်ကို ဖွင့်ရှာလိုက်တော့ ~~" Luhan ငါ ပတ်စပို့ကို ဟိုတယ်မှာ မေ့ကျန်ခဲ့တယ် "မျက်နှာလေး ဖြူဖျော့ကာ ငယ်သွားတော့ ကလေးမျက်နှာလေးက ရင်ထဲကို နင့်ခနဲ့ပါမင်းရဲ့ မျက်နှာခံစားချက် အတက်အကျလေးတွေကိုက ငါ့ရင် ကို လှုပ်ရှားရိုက်ခက်စေတဲ့ ရှောင်လုရယ် မင်းက ဘာကောင်လေးလဲကွာTBC🔜🔜🔜ခင်ညားလေးတို့ Sehun version က မကောင်းဘူးလားဟင် ~~ ဝေဖန်သံတွေ တိတ်ဆိပ်နေတယ် ရေးရတာ အားပြတ်လို့ ကာင်း၏ မကောင်း၏ ဝေဖန်သံလေးတော့ အနည်းငယ် ကြားချင်မိလေသား။ viewer တွေလဲ ကျတယ် ~~နှစ်တစ်ထောင် update စာရင်းဝင် အတိတ်တိုင်းပြည်လဲ Upထားပါကြောင်း😢

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Where stories live. Discover now