"Xiao Lu ~~ Xiao Lu ရေ "ပုခုံးကို အတင်းလှုပ်နိုးနေသော အသံကြောင့် အိပ်မှုံစုံမွှားနဲ့ ထလိုက်တော့ ဖုန်းကြီး ထိုးပေးနေတဲ့ Baekhyung Hyung"ရော့ မင်းကိုကို နဲ့ပြောလိုက်ဦး " ဖုန်းကို အင့်ခနဲ့ ထိုးပေးတာကို ကြည့်ခြင်းအားဖြင့် Baekhyung Hyung ဘယ်လောက်တောင် စိတ်ရှုပ်နေသလဲ ဆိုတာ မပြောလဲ သိလိုက်ပြီလေစာအုပ်ပုံထဲ ခေါင်းထိုးအိပ်နေမိသဖြင့် ဆဲဟွန်းဖုန်းခေါ်တာ မကြားလိုက်ခြင်းဖြစ်ပေသည် ။"ဟဲလို ""ကလေး ညနေက ဘာလို့ ဖုန်းမကိုင်တာလဲ ""သင်တန်းထဲမှာ ဘယ်လိုလုပ် ဖုန်းကိုင်မှာလဲ ကိုကိုကလဲ ""ဒီနေ့ သင်တန်းတက်တဲ့ ရက်မှ မဟုတ်တာ ""Revision တန်းပါ နားမလည်တာ ရှိလို့ သွားတတ်လိုက်တာ ""သင်တန်းပြီးတော့ရော ဘာလို့ ပြန်မခေါ်တာလဲ ""ခေါ်မလို့ပါပဲ ကိုကိုရာ မနက်ဖြန် အတွက် presentation လုပ်ရမှာ အရေးကြီးနေလို့ ပြင်ဆင်နေရင်း အိပ်ပျော်သွားလို့ပါ ""ကလေး ခုတလော ကိုကို ခေါ်တဲ့ ဖုန်းတွေ ခဏခဏ လွတ်နေပြီနော် ကိုကိုမသိရတာတွေလဲ တစ်ခုပြီး တစ်ခု ပေါ်လာပြီ , ဒီနေ့ သင်တန်းရှိတာကိုလဲ နေ့ခင်းက ဖုန်းပြောဖြစ်တာကို မပြောဘူး "လူက ပင်ပန်းနွမ်းနယ်နေသည့်အတွက် ဆဲဟွန်းရစ်တာကို သည်းမခံနိုင်တော့သဖြင့်"ကိုကို ဒီမှာ ကျတော် ပင်ပန်းလို့ သေတော့မယ့် နေ့တိုင်း အလုပ်ဆင်းတာနဲ့ ကိုကို တက်ခိုင်းသမျှ သင်တန်းတွေ လိုက်တက်ရတယ် စာတွေကျက်ရနဲ့ မအားဘူးဆိုတာ နားမလည်ဘူးလား " လေသံက တော်တော်လေး မာသွားလေသည်"ကလေးရယ် ကိုကိုအနားမှာ နေနိုင်ဖို့ ခဏလေးတော့ သည်းခံလိုက်ပါဦးနော် လိမ္မာပါတယ်ကွာ ""တကယ်ဆို ကိုကို ကျတော့်ဆီ လာလဲ ရပါတယ် ။ ကိုကိုသာ ကျတော်ကို တကယ်ချစ်ရင်ပေါ့ " ပြောရင်းနဲ့ လူက မျက်ရည်တွေ တလိမ့်လိမ့်ကျလာသည် ။ လွမ်းတဲ့ အရှိန်ရော နေ့စဉ် ရက်ဆက် စာတွေ လုပ်ရတဲ့ အရှိန်ရောပေါင်းပြီး ကျတော် အရမ်းပင်ပန်းနေပါပြီ ။ ကိုရီးယားကနေ အဆက်မပြတ် တခုပြီး တစ်ခု လုပ်ခိုင်း လေ့လာခိုင်းနေသော အဘိုးကြီးအား လွမ်းလျှက်နဲ့ အမြင်ကပ်ချင်နေပါပြီ"ရှောင်လု ဘယ်လိုတွေပြောလိုက်တာလဲ မင်းကို တကယ်မချစ်ရင် ကိုယ် ဖွင့်တောင် မပြောခဲ့ဘူး ပြီးတော့ ဒီလို ကလေးဆန်တဲ့ အတွေးတွေ မင်းခေါင်းထဲက ထုတ်ထားလိုက်စမ်း ဘယ်သူလာတယ် မလာဘူးဆိုတာထက် အဓိကက အတူရှိရဖို့ပဲ , နားလည်လား " လေသံတွေမာလာတာကတော့ အရင်က ကြောင်ရှာသီး အတိုင်းပါပဲ ။ ကိုကို ကျတော့်ကို ချစ်တယ် ဆိုပေမယ့် အဆူကတော့ မလျော့သေးပါ ။အရမ်းပင်ပန်းနေပြီ ကိုကိုရာ ~~ ကျတော် အရမ်းလဲ လွမ်းလို့ အရာရာ က အဆင်မချောမွေ့ဘူး ဖြစ်နေတယ် ။ညည်းမိရင်လဲ ပျော့ညံ့တယ် ဆိုပြီး ကိုကို အထင်သေးမှာ ကြောက်မိပြန်တယ် ။"ရှောင်လု ကလေး ကိုယ်ပြောတာ နားလည်စမ်းပါ ။ နောက်ခါ အဲ့လို ကလေးဆန်တဲ့ အတွေးတွေ မတွေးပါနဲ့ ။ ကိုယ်ကို ယုံကြည်ပေးပါ ဒီ အချိန်မှာ ကိုကို ဒါပဲ ပြောနိုင်တယ် ""ကျတော် ယုံကြည်နေပါတယ် ဒါပဲနော် ကိုကို ကျတော် စာလုပ်ရဦးမယ် " ကိုကိုဆီက အဖြေကိုတောင် ပြန်မစောင့်ပဲ ကျတော် ဖုန်းချလိုက်မိသည် ။ဆက်ပြောနေရင် အလွမ်းတွေ တနင့်တပိုးတက်ပြီး မျက်ရည်တွေလျှံကျလာတော့မှာ ဖြစ်တာကြောင့်ပါ ~~ကိုကိုက ကျတော်မျက်ရည်ကျတာ မကြိုက်ပါဘူးခေါင်းတွေ ညီးစီစီဖြစ်နေလို့ ဝရန်တာကို ထွက်ပြီး လေညှင်းခံရင်း အရင်က ကိုကိုနဲ့ အတူရှိခဲ့တဲ့ အချိန်တွေကို ပြန်ပြောင်း အောက်မေ့မိပြန်တော့ ရင်ထဲက ဆစ်ခနဲ့ နာကျင်လာသည် ။လွမ်းလိုက်တာ ကိုကိုရာ~ကျတော်လေ အခု ဘယ်လိုမှ အဆင်မပြေဘူး ~~ကိုကို ထွက်သွားတာ ၅လရှိပြီ နေသားကျနေရတော့မှာ ဖြစ်ပေမယ့် ကျတော် ပိုပိုဆိုးလာတယ်လွမ်းဆွတ်ခြင်းတွေနဲ့ နေ့စဉ် မှိုင်တွေ လိမ်ပိန်နေမိတာ လူလဲ နုံးဖတ်နေပါပီညချမ်းရဲ့ လေအေးအေးလေး အောက်မှာ ကိုကိုရှိရာ အရပ်ကို မှန်းဆရင်း ကောင်းကင်ကို မျှော်ကြည့်ကာ လေပြေလေးကနေ တဆင့် အလွမ်းတွေကို သယ်ဆောင်သွားဖို့ မျှော်လင့်နေပါတယ် ။စိတ်မသက်သာဖြစ်ခြင်းများစွာနဲ့ နိုးလာချိန်မှာတော့ ညဘက်က အပြင်ထွက်ထိုင်ခဲ့တဲ့ ဝရန်တာပေါ်မှာပါပဲ ။ အအေးဓါတ်က တစ်ကိုယ်လုံး ခြုံလွှမ်းကာ စိမ့်နေအာင်အေးလွန်းလှသဖြင့် အမြန်ပင်ထကာ အိပ်ရာဝင်ရန် လုပ်လိုက်တော့ တကိုယ်လုံး ကိုင်ရိုက်ထားသလို နာကျင်နေခဲ့သည် ။"ကိုကိုသာရှိရင် ဒီအချိန် အိပ်ရာထဲ ရောက်နှင့်နေလောက်ပြီ"တမ်းတခြင်း မျက်ရည်တစ်ပေါက် ကျသွားတာကို လက်နဲ့ ပွတ်သုတ်ကာ အခန်းဆီသို့ လေးပင်သော ခြေလှမ်းများ တစ်လှမ်းခြင်းဆွဲကာ ဝင်ရင်း အိပ်ယာပေါ် မှောက်အိပ်လိုက်တော့သည် ။မနက်ကြရင် ကျတော် သေချာပေါက် ဖျားပေဦးမည် ~~———————————နေမကောင်းဖြစ်နေတာ နှစ်ရက်~~ဆဲဟွန်း ဖုန်းဆက်တိုင်း ကျတော် နေမကောင်းဖြစ်နေတာ မပြောဖြစ်ခဲ့ပေ ။ ပြောရင်လဲ ကျန်းမာရေး ဂရုမစိုက်လို့ အပြစ်တင်ပေဦးမယ် ။ သူအနားမှာ မရှိနိုင်လို့ မလာနိုင်လို့ ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက်ဖို့ ပြောပြီးကတည်းက ကျတော် မဖျားရဲပေ ။ အခုလဲ နှာစေးနေတယ်သာ ပြောထားပြီး အိပ်ယာထဲက မထနိုင်တာကို ပြောမထားရဲပါ ။ လာလဲ မလာနိုင်ပဲ ဟိုမှာ စိတ်ပူနေရမှာ မလိုလားပါ ။အဓိကကတော့ ကျတော် နေမကောင်းဖြစ်နေတာကို ကိုကို သိသွားပြီးရင် မှီခိုချင်တဲ့ စိတ် တွေ့ချင်စိတ်တွေ ပိုပြီးပေါ်လာမှာ စိုးလို့ပါပဲ ။Xing Ge က အိမ်လာပြီး ကျတော့် အခြေနေကို လာကြည့်ကာ ဘေဂျင်းပြန်လိုက်ဖို့ ပြောပါသည် ။ ဘေဂျင်းပြန်လိုက်ရပါက အလုပ်ထွက်ရမည် ဖြစ်သလို သင်တန်းတွေလဲ နေရာ ပြန်ပြောင်းရမည် ဖြစ်သည် ။ Xing Ge က ဆဲဟွန်းနှင့် ဖုန်းပြောမည်ဟု ပြောကာ နောက်ရက်မှာတော့ ကျတော်ကို ဘေဂျင်းပြန်ခေါ် ရန် ဆုံးဖြတ်လိုက်ပါသည် ။ဆဲဟွန်းကလဲ နေမကောင်းဖြစ်နေတာ သိသွားပြီး အိမ်ပြန်ရန် သဘောတူလိုက်ပါသည် ။ သင်တန်းကိစ္စကတော့ ဘေဂျင်းမှာ transfer ပြောင်းပြီး ဆက်တက်ခိုင်းပါသည် ။အိမ်ပြန်ရောက်တော့ ဆဲဟွန်းကို ပိုလွမ်းပါသည် ။ရှန့်ဟိုင်းမှာက ဆဲဟွန်းရဲ့ ပုံရိပ်တွေချည်း ဖြစ်နေလို့ အလွမ်းပြေနေပေမယ့် တစ်နှစ်ကျော် နှစ်နှစ်နီးပါး ဝေးကွာခဲ့သော မွေးရက်မြေက အစိမ်းသက်သက်ဖြင့် အလွမ်းတွေကို ပိုတိုးစေခဲ့တာ အမှန်ပင် ~~" ကလေး ~~ သင်တန်းမှာ အဆင်ပြေလား သူငယ်ချင်း အသစ်တွေ တိုးနေပြီလား " ဖုန်းထဲမှ တီးတိုးစွာဖြတ်သန်းလာသော ကိုကို့ အသံက စိတ်မချခြင်းတွေ ထပ်ပေါင်းပါဝင်နေတာ ကျတော် နားလည်လိုက်သည် ။" သူငယ်ချင်းအသစ်တွေနဲ့ ကိုယ့်ကို မိတ်ဆက်ပေးဦးလေ ~~ ကိုကိုမသိတဲ့ သူတွေ နဲ့လဲ လျောက်မပေါင်းရဘူးနော် ""ကိုကိုရာ ကျတော်အကုန်ပြောပြထားတာပဲ " သက်ပြင်းချရင်းပြောလိုက်ပေမယ့် ကျတော် အပြစ်မမြင်နိုင်ပါဘူး ။ ကိုကို့ကို ကျတော်က သင်တန်းမှာ အရမ်းပေါ်ပြူလာ ဖြစ်နေတာ ဆိုတာတော့ မပြောလိုက်ပါဘူး ။ ခင်ချင်တဲ့ သူတွေ လာရောချင်သူတွေ အများကြီးရှိပေမယ့် အချိန်နဲ့ အမျှ ကိုကို့ကို တမ်းတနေသဖြင့် ကျတော် ဘယ်သူနဲ့မှလဲ မိတ်မဖွဲ့ဖြစ်ပဲ တစ်ယောက်ထဲ ဆွေးနေ လွမ်းနေတာက များတယ် ဆိုတာ ကိုကို သိစေချင်လိုက်တာ~~~~ကိုကို အဆက်မပြတ် မှာနေတဲ့ ဖုန်းထဲက စကားသံတွေလဲ ကြားတချက် မကြားတချက်ပါပဲ ။ စိတ်နဲ့ လူက မကပ်သောကြောင့် ပြန်လဲ မပြောသလို မေးသမျှလဲ ပြန်မဖြေဖြစ်တော့ ကိုကိုက စိတ်တွေပူပြီး ~~"ဟဲလို ဟဲလို ~~ကလေး ဘာဖြစ်နေတာလဲ ကိုကို စိတ်ပူလိုက်တာ ""ကိုကို ကျတော် အရမ်းလွမ်းနေပြီ ကိုကိုမရှိတဲ့ နေ့ရက်တွေ ဖြတ်သန်းရတာ ကျတော် အရမ်းပင်ပန်းလွန်းနေပြီ "ရုတ်တရက် အတန်ကြာ တိတ်ဆိပ်သွားသော လေလှိုင်းလေး~~~~~~TBC🔜🔜🔜အမလေး~~ ပင်ပန်းလိုက်တာနော်ရှောင်လုလေးနဲ့ ဆဲဟွန်းလဲ ပင်ပန်း သာသာလဲ ပင်ပန်းအားဆေးလေးတွေ ပေးကြပါဦး ခင်ညာလေးတို့ရေ
YOU ARE READING
A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)
FanfictionLuhan -ခင်များကြီးနော် တနေ့နေ့ ကျုပ်လက်ချက် မိမယ်သာမှတ် အဲ့ကြမှ အလုကယ်ပါ မလုပ်နဲ့ ချေမိုးပစ်မယ် Sehun -ချာတိတ်ရာ မင်းငယ်ပါသေးတယ် ~~မင်းပါးစပ်ဟလိုက်တာနဲ့ ဘာပြောမယ်ဆိုတာတောင် သိရလောက်အောင် ရိုးသားလွန်းတယ်