Ep 36

3.9K 521 124
                                    

အခုမှ တကယ့်ကို ကမ္ဘာပျက်သွားပါပြီ ။ ကျတော် မှီတင်းထားတဲ့ အားကိုးရတဲ့ ကမ္ဘာကြီး ရုတ်တရက် ပျောက်ဆုံးသွားပါပြီ ။ တကယ်ပြန်မလာတော့ဘူးပေါ့ ။ ကျတော့်ကို ဘာတစ်ခွန်းမှ မပြောဘဲ လုပ်ရက်လွန်းသည် ။ ပြန်မလာပဲ အပြီးထွက်သွားမှာ ဖြစ်ရဲ့ နဲ့ ဘာလို့ကျတော့ကို သံယောဇဉ်တွေ တွယ်အောင် လုပ်ရတာလဲ Hyung ရာ ~~~မျက်ရည်တွေ တလိမ့်လိမ့်ကျကာ နှာခေါင်းတွေ နီရဲနေအာင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော ကျတော့ကို Baekhyung က ခေါင်းလေးပွတ်ပေးကာ ချော့နေပေမယ့် မျက်ရည်တွေက ထိန်းမရအောင်ပါပဲ ၊" ကျွတ် ~~ယောက်ျားလေးတစ်ယောက်က ဘာလို့ အဲ့ဒီလောက်ငိုနေရတာလဲ လုဟန် "ေ၀ဝါးနေသော အမြင်တွေကြားက ကြည့်လိုက်တော့ ကျတော့ရဲ့ ရှေ့မှာ မတ်တပ်ရပ်နေသော ဆဲဟွန်းဆဲဟွန်းက ဒူးထောက်ထိုင်ချပြီး ကျတော့ရဲ့ မျက်ရည်တွေကို သုတ်ပေးရင်း ဆံပင်တွေကို သပ်ပေးနေပါသည် ။"မင်း အဲ့ဒီလို ဖြစ်မှာ စိုးလို့ ပြန်မယ့် ကိစ္စကို မပြောချင်တာ သိလား "ကျတော် ငိုမှာ စိုးလို့တဲ့လား Hyung ရယ် ......ဒါဆိုရင်လဲ မသွားပါနဲ့တော့လား မပြန်ပါနဲ့တော့လား ကျတော် Hyung ကို ဖွင့်ပြောမယ် မိဘတွေကို အသိပေးပြီး လက်ထပ်ကြမယ် ဘေဂျင်းမှာပဲ ပျော်ရွှင်စွာ နေထိုင်သွားကြမယ်လို့ ကြိုတင်တွေးကာ စိတ်ကူးထားတာတွေက မှန်ကို ခဲနဲ့ ပစ်လိုက်သလို အစိတ်စိတ်အမွှာအမွှာ ကွဲကြေကုန်ပါပီ ~~ကျတော်ရဲ့ အချစ်တွေကိုဖွင့်ဟပြမယ် စိတ်ကူးထားသမျှ Hyung နဲ့ အတူ လက်တွဲပြီး အကောင်ထည်ဖော်မယ် ဆိုတာတွေ ပြောပြချင်လိုက်တာ ~~ဒါပေမယ့် ဒီစကားတွေက တစ်ဆို့ပိတ်ကြပ်နေတဲ့ ရင်ထဲမှာပဲအစိုင်ခဲတစ်ခု အနေနဲ့ မာကြောအေးစက်သွားခဲ့ပါပြီ ။ ဘဝမှာ ဝမ်းနည်းခြင်း ခြေကုန်လက်ပန်းကျခြင်း မျှော်လင့်ချက် မဲ့ခြင်း တွေဆိုတာကို တစ်ထိုင်ထဲမှာ ခံစားလိုက်ရပြီး ရင်ထဲမှာ စူးအောင့်နာကြင်လွန်းလှသည် ။ဆဲဟွန်းက ကော့တေးလုပ်ပေးမယ်ဆိုပြီး လက်ဆွဲခေါ်သွားပေမယ့် လူက မျက်ရည်တွေ တသွင်သွင်စီးကျနေရင်းသာ နှုတ်ဆိပ်လျှက် ဘေးနားကနေပဲ ရက်စက်သူကြီး ခိုင်းသမျှ ကို လုပ်ပေးနေမိသည် ။ စိတ်နဲ့ လူနဲ့ က ဘယ်လိုမှ မကပ်တော့ပဲ ဘေးနားက ကော့တေးကို မြည်းစမ်းရင်း ပျော်နေကြသူများရဲ့ အသံလဲ ကျတော့ နားထဲ မဝင်ပါ ။ စမ်းသောက်ခိုင်းသည်များကို သောက်ရင်း စားပွဲပေါ်တင်ထားသော စပ်ပြီးသား ကော့တေးတွေကို ကောက်ကာ မော့ရင်း အရသာ လုံး၀ ရှာမတွေ့အောင် လူက အသိစိတ်မဲ့ နေခဲ့တော့သည် ။ ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် အရက်ပြင်းများဖြင့် စပ်ထားသော ကော့တေးတွေ ကို ဘယ်နှစ်ခွက်မှန်းမသိအောင် မော့ရင်း အန်ချင်လာလို့ ရေချိုးခန်းထဲ ပြေးတော့ ဆဲဟွန်းက အတူလိုက်လာပြီး နောက်ကျောတွေ နှိပ်ပေး မျက်နှာတွေ သစ်ပေးသည် ။"သွားစမ်းပါ ထားသွားမယ့် သူကြီးက ဒါတွေ လာလုပ်ပေးမနေပါနဲ့တော့ ရင်နာလွန်းလို့ပါ " မျက်ရည်ဆက်လက်နဲ့ ဆဲဟွန်းရဲ့လက်တွေကို တွန်းဖယ်ထုတ်ကာ အပေါ်ထပ်ရှိ အခန်းထဲကို ပြေးတက်လာခဲ့မိတော့သည် ။ ကျန်တဲ့ သူတွေ ဘယ်လိုကျန်ခဲ့သလဲ ကျတော် ဂရုမစိုက်နိုင်တော့ပါ ။ အခန်းထဲ ရောက်တာနဲ့ ရေပန်းအောက် ပြေးဝင်ကာ ရှိုက်ကြီးတငင်ဖြင့် တင်းကြပ်နေသော ရင်တွေ ကွဲထွက်အောင် ငိုခဲ့မိတော့သည် ။ ငိုသည် ဆဲသည် ရေပန်းက ကျတဲ့ ရေတွေကလဲ ပူလောင်နေတဲ့ ရင်ကို မအေးမြစေခဲ့ပါဘူး ~~ ငိုရလွန်းလို့ ရင်တွေလဲ နာလှပါသည် ။ ဆဲဟွန်း ကျတော့ကို ချစ်တယ် မချစ်ဘူး မသေချာပေမယ့် ကျတော်ကတော့ ဘဝနဲ့ ရင်းပြီး ချစ်တယ်ဆိုတာကတော့ စစ်ဆေးမှု မလုပ်ပေမယ့် သေချာသွားခဲ့ပြီ ~~ဒါပေမယ့် အကုန်နောက်ကျကုန်ပါပီဆဲဟွန်းက မနက်ဆို ထွက်သွားတော့မယ်လေကျတော်လား ~~လိုက်သွားလို့ရတယ် ဆိုတာ သိတယ်ရှန့်ဟိုင်းကိုတောင် မနည်းလာခဲ့ရတာ မာမားတို့က လွှတ်မှာတဲ့လား ~~လိုက်ခြင်း မလိုက်ခြင်းထက် အဓိက အရေးကြီးဆုံးက ကျတော့်ကို ဆဲဟွန်းက ချစ်နေလိမ့်မယ်လို့ ထင်ထားခဲ့သမျှက လုံးလုံးကြီးမှားသွားပြီ ဆိုတာပါပဲ ။ ဆဲဟွန်းဘဝမှာ ကျွန်တော်ဆိုတဲ့ လုဟန်က ဘောင်မဝင်ခဲ့ပေ ။ မနက်ဖြန် ပြန်မယ့် ကိစ္စကို အရင်းနှီးဆုံးလို့ ထင်ထားတဲ့ ကျတော်က လေယာဉ်လက်မှတ်ဝယ်ပြီးမှ သိရကတည်းက ကျတော့အပေါ်ထားတဲ့ သဘောကို သိလိုက်ရပါပြီ ~နောက်ဆုံးအချိန်ထိ ဆဲဟွန်းက ကျတော့ကို လူရာသွင်းမသွားခဲ့ပါငိုရတာ ပင်ပန်းလွန်းလို့ ရေချိုးကန်ထဲမှာ ရေစိုစိုကြီးနဲ့ပဲ ကျတော် အိပ်ပျော်သွားခဲ့သည် ။ မနက်ကြတော့ ကုတင်ပေါ်မှာ နဖူးကို ရေဝတ်တင်ထားတဲ့ အနေထားနဲ့ ကျတော်နိုးလာခဲ့ပါသည် ။ ဘေးကို လှည့်ကြည့်လိုက်တော့ စာကြည့်စားပွဲကို မှောက်ရက်နဲ့ အိပ်နေသော ဆဲဟွန်း~~ခုတင်တစ်ဘက်ခြမ်းကို လှည့်ပြီး အိပ်နေတဲ့ ဆဲဟွန်းကို ငေးကြည့်နေရင်း အတန်ကြာတော့ ဆဲဟွန်းက နိုးလာသည် ။" ဟင်~~ရှောင်လု နိုးပြီလား " ပြောရင်းနဲ့ စားပွဲကနေ ထလာကာ ကျတော့ နှဖူးလေးကို လာစမ်းသည် ။" မင်း ဒီလိုဖြစ်နေမှတော့ ကိုယ်က ဘယ်လိုလုပ် ထားသွားရမလဲ "ရင်တွေ စူးခနဲ့ နာသွားကာ မျက်ရည်ကလဲ ပေါက်ခနဲ့ ကျသွားသည် ။"မငိုပါနဲ့ ကလေးရယ် ~ကိုယ် ဒီအတိုင်းဆိုရင် ထွက်သွားနိုင်မှာမဟုတ်ဘူး "သူမငိုနဲ့ ပြောမှ လူက ရှိုက်သံတွေပါ ထွက်လာခဲ့တော့ ဆဲဟွန်းက အိပ်နေတဲ့ ကျတော်ကို ကျောကနေ ဆွဲပွေ့ရင်း ရင်ခွင်ထဲ ကို ဆွဲသွင်းကာ~~"ခဏပဲ ခဏပဲ စောင့်ပေးနိုင်မလား ~~ကိုယ့်ကို ယုံကြည်တယ် မဟုတ်လား ကလေး "ဆဲဟွန်းက ကျတော့ကို စောင့်ခိုင်းနေပါပီ ကျတော် ခေါင်းငြိမ့်ရမလား ခေါင်းခါရမလား ??? ကိုယ့်ခံစားချက်အရတော့ ကျတော် ခေါင်းငြိမ့်ချင်နေပေမယ့် သူရဲ့ ခံစားချက်ကို ဖွင့်ဟမလာတာကတော့ ကျတော် အရမ်းဝမ်းနည်းသည် ။ ဝမ်းနည်း ဝမ်းသာဖြစ်ကာ အသံပါ ထွက်သည်အထိ အော်ငိုမိတော့ ဆဲဟွန်းက တင်းကြပ်နေအောင် ဖက်ထားသည် ။ ရင်ခွင်ထဲကို ထည့်ကာ ကျောလေးကို သပ်ပေးရင်း ဆံပင်တွေကိုလဲ နမ်းရှိုက်ကာ ပြောလိုက်တဲ့ စကားတစ်ခွန်း ~~"မငိုပါနဲ့ ကိုယ်အရမ်းချစ်ရတဲ့ ကလေးလေး ငိုနေတာ ကိုယ့်ရင်တွေကို အစိမ်းလိုက်ခွဲနေသလိုပဲ ~~" တဲ့လုံလောက်သွားပါပီ ~~ဆဲဟွန်းကို စောင့်ဖို့ ခိုင်မာစွာ ဆုံးဖြတ်ချက်ချဖို့ လုံလောက်သွားပါပြီဆဲဟွန်းက ကျတော့်ကို ချစ်တယ်တဲ့လေ~~ဒီတစ်ခွန်းနဲ့ပဲ ကျတော် တစ်ဘဝလုံးစာအတွက် Hyung ကို စောင့်နိုင်သွားပါပြီ ~~"ချစ်တယ် Hyung" နောက်ဆုံးတော့ ကျတော်ပြောနိုင်ခဲ့ပါပြီမျက်ရည်များနဲ့ ဆဲဟွန်းက ကျတော့မျက်နှာလေးကို ဆွဲယူကာ နှုတ်ခမ်းတို့ ထပ်တူကျလိုက်ချိန်မှာတော့~~~~~မာမားရေ~~ဆဲဟွန်းအနမ်းတွေက ချိုမြိန်လိုက်တာTBC🔜🔜🔜မန့်လေးတွေ ပေးကြပါဦး ခင်ညားလေးတို့ရေကျုပ်ရေးတာ မကောင်းတော့လို့လား မသိဘူး ဝေဖန်လေကန်သံတွေ ကျဲသွားတယ်နည်းနည်းတော့ ရိုပေးလိုက်ပီ 😝မန့်များရင် ပို Ro. ပေးမယ် တိရား

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Nơi câu chuyện tồn tại. Hãy khám phá bây giờ