ZawGyi Version
ကျတော် ဝရန်တာမှာ ထိုင်စောင့်ရင်း အိပ်ပျော်ခဲ့ပါက အိမ်မှာဆိုလျှင် Xing Ge က ပွေ့ချီပြီး အခန်းထဲ ထည့်သိပ်ပေးလိမ့်မည် ။ တကယ်လို့ ကျတော် ဆဲဟွန်းကို စောင့်ရင်း အိပ်ပျော်ခဲ့ပါက ဆဲဟွန်းက ပွေ့ချီပြီး အခန်းထဲ ထည့်ပေးသွားမည် ဖြစ်ကြောင်း ထင်ခဲ့မိသော်လည်း သန်းခေါင်ယံ နိုးလာချိန်မှာတော့ လူကိုယ်ပေါ်မှာ စောင်တစ်ထည်သာ လွှမ်းခြုံလျှက် နိုးလာခဲ့လေသည် ။ နွေရာသီ ဖြစ်သော်လည်း အေးစိမ့်စိမ့် လေဓါတ်လေးကြောင့် အရမ်းမချမ်းသော်လည်း လွှမ်းခြုံထားသော စောင်လေးက လုံလောက်တဲ့ အနွေးဓါတ်ကို အပြည့်ဝ လွှမ်းခြုံပေးထားသည် ။
ဆဲဟွန်း ပြန်ရောက်နေပြီ~~ ခြံထဲက ကားကိုကြည့်ရင်း သိလိုက်ရလို့ စိတ်အေးရသော်လည်း ရင်ထဲမှာ လှိုက်ခနဲ့ တက်လာသော ဝမ်းနည်းမှုတို့က ထိမ်းမရခဲ့ပေ ။
ခါတိုင်းဆိုလျှင် ကျတော် ဒီလိုစောင့်နေခဲ့ပါက ဆဲဟွန်းက အခန်းထဲ ပွေ့ခေါ်သွားနိုင်သလို ကျတော်ကို နှိုးကာ မဆုံးနိုင်သော မြည်တွန်တောက်တီးမှုတို့ပြုလုပ်နေမည် ဖြစ်သော်လည်း အခုလို ပစ္စလတ်ခတ် ပစ်ထားလိမ့်မယ်လို့တော့ လုံးဝ မထင်မှတ်ခဲ့ပါ ။နေ့ခြင်း ညခြင်းပြောင်းလဲ သွားသော စိမ်းကားမှုတို့က ကျတော်ဘာတွေ မှားသွားလဲ ဆိုတာ ခေါင်းပေါက်အောင် စဉ်းစားသော်လည်း ထွက်မလာခဲ့ပေ။ မနက်ဖြန် ရုံးပြန်တက်ရမည် ဖြစ်သောကြောင့် စဉ်းစားခန်းကို ရပ်ကာ အခန်းထဲ ပြန်ဝင်ပြီး အိပ်လိုက်ရသည် ။
မနက်နိုးတော့ ကြောင်လျှာသီးက မနက်စာ ပေါင်မုန့်နဲ့ နို့တစ်ခွက်သောက်ကာ ကျော့မော့နေအောင် ထိုင်ပြီး ကိုရီးယား သတင်းစာဖတ်နေလေသည် ။ ကျတော်စားပွဲကို သွားလိုက်တော့
" ရေခဲသေတ္တာထဲမှာ ပေါင်မုန့်ရှိတယ် " လူကို မကြည့်ဘဲ သတင်းစာကိုသာ မျက်စိမခွာပဲ ပြောလေသည် ။ ကျတော်စကားပြောဖို့ ကြိုးစားပေမယ့် နည်းနည်းမှ မော့ကြည့်မလာသောကြောင့် ပြောဖို့ အခက်ခဲ ဖြစ်နေတုန်း သူက မော့ကြည့်လာခဲ့သည် ။
"ပေါင်မုန့်သွားယူစားလေ ~ ခဏနေ ရုံးသွားတော့မှာ မြန်မြန်လုပ် "
![](https://img.wattpad.com/cover/156278748-288-k403319.jpg)
YOU ARE READING
A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)
FanfictionLuhan -ခင်များကြီးနော် တနေ့နေ့ ကျုပ်လက်ချက် မိမယ်သာမှတ် အဲ့ကြမှ အလုကယ်ပါ မလုပ်နဲ့ ချေမိုးပစ်မယ် Sehun -ချာတိတ်ရာ မင်းငယ်ပါသေးတယ် ~~မင်းပါးစပ်ဟလိုက်တာနဲ့ ဘာပြောမယ်ဆိုတာတောင် သိရလောက်အောင် ရိုးသားလွန်းတယ်