Ep 37

3.1K 416 53
                                    



ခွဲရခါနီးမှ ခံစားချက်တွေ ပွင့်အန်ထွက်ကုန်သော ကျတော်တို့ နှစ်ယောက်ရဲ့ အဖြစ်က ဇာတ်ရှိန်ကောင်းတုန်း မီးပျက်သွားသကဲ့သို့ ဆန့်ငင်ဆန့်ငင် နိုင်လှသည် ။သို့ပေမယ့် ကျတော် ဝမ်းမနည်းတော့ပါ ။လောကကြီးတစ်ခုလုံးကို ပိုင်ဆိုင်လိုက်တဲ့ ခံစားချက်တို့ဖြင့် ပေါ့ပါးလန်းဆန်းကာ ပျော်ရွှင်သည် ။Hyung ဘက်က ကျတော့်ကို ချစ်တယ် ပြောလိုက်တာနဲ့ ကျတော် အရာရာကို စွန့်လွှတ်ဖို့ အဆင်သင့်ဖြစ်နေပါပီHyung ကျတော့်ကို ဘယ်လောက်ချစ်လဲ ""ကိုယ်မပြောတတ်ဘူး ကလေး ""ဟင့် ဘယ့်နှယ့်ဟာကြီးလဲ မချစ်တာတော့ မဟုတ်ပါဘူးနော် " လုဟန် နှာခေါင်းရှုံ့ကာ ဆိုလိုက်တော့ ဆဲဟွန်းက ရင်ခွင်ထဲမှာ ဖက်ထားရင်းကနေ နှာခေါင်းလေးကို လိုက်ကိုက်သည် ။"အား~~~ နာတယ် Hyung" တကယ်လဲ မနာပေမယ့် အရမ်းချွဲချင်နေမိတော့ အမူပိုကာ နှုတ်ခမ်းလေးကို စူကာပြောမိတော့ ဆဲဟွန်းက ပြုံးပြုံးကြီးနဲ့ နှုတ်ခမ်းလေးကို ပြွတ်ခနဲ့ အသံမြည်အောင် စုပ်ယူလိုက်သည်" မပြောတတ်ဘူးဆိုတာက ချစ်တဲ့ ထုထည်က ကြီးလွန်းလို့ ဘယ်က စပြောရမှန်းကို မသိတော့တာပါ ကလေးရယ် "ချစ်လိုက်တာ ဆဲဟွန်းကြီးရယ် တကယ်ပါ ~~ ဘာလို့ အခုလို ခွဲရခါနီးမှ အချစ်တွေက ပွင့်အန်ထွက်ရတာလဲ ။ တွေးရင်းနဲ့ ရင်ထဲက စူးအောင့်လာကာ မျက်ရည်တွေ လှိမ့်ကျလာသည် ။ ကျလာသော မျက်ရည်တွေကို ဆဲဟွန်းကို မမြင်စေချင်သဖြင့် ဆဲဟွန်းခါးကို အတင်းကြပ်ဖက်ကာ ရင်ခွင်ထဲမှာ မျက်နှာအပ်ထားလိုက်သည် ။ ဆဲဟွန်းကတော့ ရင်ခွင်ထဲ တိုးဝင်နေတဲ့ ကျတော့ကို တင်းကြပ်စွာ ပြန်ဖက်ရင်း ခေါင်းလေးကို ကိုင်လိုက် ကျောလေးကို ပွတ်လိုက် ဆံပင်တွေ နမ်းလိုက်နဲ့ အလုပ်ရှုပ်နေခဲ့သည် ။ ဆဲဟွန်းက ကြင်နာပြလေ လူက ပိုဝမ်းနည်းလာလေ ဖြစ်လို့ ထိန်းထားတဲ့ ကြားက ရှိုက်သံ သေးသေးလေး ထွက်သွားလေတော့ ~"ကလေး ~~ဘာလို့ ငိုနေတာလဲ " ဆဲဟွန်းက ရင်ခွင်ထဲက ကျတော်ကို ဆွဲထုတ်ကာ ပုခုံးနှစ်ဖက်ကို ကိုင်ရင်း မျက်နှာကို တည့်တည့်ကြည့်ကာ စိုးရိမ်လွန်းတဲ့ မျက်လုံးတွေနဲ့ ကြည့်လာခဲ့သည် ။" Hyung မသွားပါနဲ့လား " ရှိုက်သံများကြားက ဆိုမိလေတော့ မျက်လုံးထဲမှ အရည်တွေ လဲ့သွားသော ဆဲဟွန်း" ကလေး ကိုယ့်ကို ယုံတယ် မဟုတ်လား ကိုယ် ကလေးအနားကို အမြန်ဆုံး ပြန်လာခဲ့မှာပါ "" ဘယ်တော့ ပြန်လာမှာလဲ " မျက်ရည်များကြားက ဆိုမိတော့ ဆဲဟွန်းက ကျတော့ မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် ညှပ်ယူကာ မော့စေလိုက်ပြီး နူးညံ့တဲ့ လက်ဖဝါးတွေနှင့် မျက်ရည်တွေကို သုတ်ပေးကာ" ကိုယ် အတတ်နိုင်ဆုံး အမြန်ပြန်လာနိုင်အောင် ကြိုးစားမယ် ကလေးသာ ကိုယ့်ကို ယုံကြည်ပေး " မျက်ဝန်းတည့်တည့်ကို စိုက်ကြည့်ကာ ပြောလာပြန်တော့ ဒီက ကောင်က ဘာသားနဲ့ ထုထားတာ မို့လို့လဲ ခေါင်းတွေ အသွင်သွင် ညိမ့်မိတော့ ဆဲဟွန်းက အတောက်ပဆုံးပြုံးကာ ကျတော့မျက်နှာကို လက်နှစ်ဘက်ဖြင့် ဆွဲယူကာ နှုတ်ခမ်းတွေကို သိမ်းပိုက်လိုက်သည် ။ ခင်များတို့ သိလား Lollipop ချိုချဉ်ဟာ ဆဲဟွန်းနှုတ်ခမ်းလောက် မချိုဘူးဆိုတာ ~~ညနေလေယာဉ်ဖြင့် ပြန်တော့မယ့် Hyung နောက်ကို တောက်တဲ့ တကောင်လို တကောက်ကောက်လိုက်ကပ်နေသော ကျတော့ကို Baekhyung Hyung တို့က သဘောကျစွာဖြင့် တဟားဟားနဲ့ ရီနေဆဲပါ ~~အကျီတွေ သိမ်းတော့လဲ ဘေးနားကနေ မခွာပဲ လက်မောင်းတွေ ဖက်တွယ်ထားလို့ ဆဲဟွန်းခင်မျာ အာဂျူးမားတွေကိုသာ ခေါ်သိမ်းခိုင်းရလေသည် ။ နေ့လည်စာ စားတော့လဲ ဘေးနားမှာ ပူးကပ်ထိုင်ရင်း လက်တစ်ဖက်က ဆဲဟွန်းလက်မောင်းကို ချိတ်ထားမိတော့ Xiumin Hyung က တားယူရသည် ။ ဆဲဟွန်းရေခဲသေတ္တာထဲက ရေကို ယူပြီးသောက်တော့လဲ နောက်ကနေ ဆဲဟွန်းခါးတွေကို ဖက်ရင်း ကျောကို မျက်နှာအပ် မှီထားမိတော့ Chanyeol Hyung က ခေါင်းခေါက်သွားသည် ။ အားခနဲ့ အော်မိတော့ ဆဲဟွန်းဆီက အုံဖွဆိုတဲ့ အကြင်နာ အနမ်းလေးကြောင့် သက်သာသွားရသလို ရေသောက်မလားမေးတော့ သောက်မယ် ပြောလိုက်တဲ့ အချိန် Mouth to mouth တိုက်လိုက်သော ရေဟာလဲ ၉၆ပါးရောဂါ ပျောက်ကင်းစေတယ်ဆိုသော သိုင်းဝတ္တုများလာ နှစ်တစ်ထောင် စိမ့်စမ်းရည်လိုပင် အင်အားတွေ ပြည့်သွားရပြန်သည် ။ တစ်ရက်သာ အချိန်ရှိသော ကျတော်တို့ရဲ့ အချိန်လေးကို တစ်လက်မ လောက်ပင် ခွဲမနေချင်မိတာ အပြစ်ဟု ဆိုနိုင်ပါသလား ~~လေဆိပ်ဆင်းခါနီး တစ်နာရီလောက် အလိုမှာတော့ ဆဲဟွန်းက ကျတော့ကို ရင်ခွင်ထဲမှာ ထည့်ဖက်ထားရင်း ဧည့်ခန်းထဲမှာ Hyung တွေကို နှုတ်ဆက်စကားဆိုနေလေသည် ။ကျတော်ကတော့ ပြောဖို့ရာ အားကို မရှိတော့ပဲ လူက ဆဲဟွန်းရင်ခွင်ထဲမှာ ပျော့ခွေနေလေပြီ ။ ငိုချင်နေသော စိတ်ကို အတင်းကြပ် ထိန်းထားရသဖြင့် အရမ်းလဲ ပင်ပန်းနေလေပြီ ။" ဆဲဟွန်း ~~ မနက်ဖြန် ရုံးချုပ်ကိုပဲ တန်းသွားလိုက်တော့ ၊ Monthly Meeting ရှိတော့ တစ်ခါတည်း ဝင်ပြီး ဒါရိုက်တာ အဖွဲ့ ဝင်တွေကို နှုတ်ဆက်လိုက်တော့ " Xiumin Hyung က ဆဲဟွန်းကို သတိပေးနေတာတွေလဲ ကြားတချက် မကြားတချက်ပါပဲ"ဒါနဲ့ ဆဲဟွန်း မင်း ရှန့်ဟိုင်းကို ပြန်မလာရလောက်တော့ဘူးထင်တယ် " Baekhyung Hyung ရဲ့ စကားကြောင့် ဆဲဟွန်းရင်ခွင်ထဲကနေ ဒိုင်းခနဲ့ မျက်စောင်းထိုးကြည့်လိုက်တော့ အကုန်လုံးက ဝိုင်းရယ်ကြသည် ။" ဆဲဟွန်းရာ မင့်ကလေးကို ခေါ်သာသွားလိုက်တော့ အခုကို သူ့လေးတော်တော် ခံစားနေရပြီ ""ခေါ်သွားချင်တာပေါ့ Hyung ရာ သူလေးက ဘာမှ အဆင်သင့်မှ မဖြစ်သေးတာ " ဆဲဟွန်းက ပြောလဲပြော ရင်ခွင်ထဲမှ ကျတော့ကို တင်းကြပ်စွာ ဖက်လိုက်တော့ ရင်ခွင်ထဲ အတင်းတိုးဝင်ကာ ဆဲဟွန်းခါးတွေကို တင်းကြပ်စွာ ပြန်ဖက်ထားလိုက်တော့သည် ။" ရှောင်လု မိဘတွေက မထည့်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ ဆဲဟွန်း " Chanyeol Hyung မေးလိုက်တာကို ကျတော် ချက်ခြင်းမဆိုင်းမတွ ဝင်ဖြေလိုက်ပါသည် ။" Hyung. နဲ့သာ အတူတူဆိုရင် ကျတော်က ငရဲပြည်လဲ ပျော်ပျော်ကြီးဆင်းမှာ "" အာအိဂု ~~ ကိုယ့်ရဲ့ ကလေးလေး ချစ်လိုက်တာ " ဆဲဟွန်းက ကျတော့ မေးလေးကို ဆွဲမော့ကာ နှုတ်ခမ်းလေးကို ဖိကပ်စုပ်နမ်းလိုက်တော့ ရှေ့မှာ ထိုင်နေတဲ့ Hyung 3ယောက်လုံးက ထိုင်ခုံပေါ်က ခေါင်းဦးတွေဖြင့် ပစ်ပေါက်ကြလေသည် ။ ဆဲဟွန်းကတော့ ကျတော့ကိုမထိအောင် သူ့ကိုယ်လုံးကြားထဲ ဖွက်ကာ ကာကွယ်ပေးရင်း ရယ်သံတွေ ဆူညံသွားခဲ့ပြန်သည် ။မာမားရေ ~~ ဆဲဟွန်းက ကျတော့ ကမ္ဘာကြီး ဖြစ်သွားပြီလေTBC 🔜🔜🔜. မအားလို့ပါ ~~လူက ၁၀ကိုယ်ခွဲတောင် မလောက်တဲ့ အနေထား ဖြစ်နေလို့ပါနော် 😵😵😵ခင်ညားလေးတို့ ကို သတိရလို့ အတင်းဖြစ်ညစ် ဒိတ်လိုက်တာ ~~~ အားပေးစကားလေးတော့ ပြောသွားပေး

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Where stories live. Discover now