EP 24

3.3K 403 22
                                    

Zawgyi Version 

Yarrr~~~Luhan ဘာတွေလျှောက်အော်နေတာလဲ မျက်လုံးဖွင့်စမ်း ~~

"ဟင့်အင်း မဖွင့်ဘူး တုံးလုံးကြီး "

"အာ~~~တဘက်ပတ်ထားပါတယ် လဒလေးရဲ့ "

"အင် ~~~ဟုတ်လို့လား ???"

"ရော် ~~ဖွင့်စမ်း မင်းလုပ်မှ ငါလဲ ဗြောင်းထယ်ဖြစ်တော့မယ်"အတင်းမှိတ်ထားတဲ့ မျက်လုံးကို လက်နဲ့ ဆွဲဖြဲနေသော ဆဲဟွန်းကြောင့် မရဲတရဲ ဖွင့်ကြည့်လိုက်တော့ အရင်ဆုံးမြင်ရတာက ရေစက်လက်နဲ့ ပေါင်မုန့်တုံးတွေ အဲ့လေ ဗိုက်သားပြင်ကြီး ~မရဲတရဲနဲ့ အောက်ကို ကြည့်လိုက်တော့ ~~~

ဟူး~~~ တော်ပါသေးရဲ့ အောက်မှ တဘက်ပါလို့ , သူ့ တဘက်က အသားရောင်ကြီးဆိုတော့ ဖြူဝင်းနေတဲ့ ဆဲဟွန်းရဲ့ အသားနဲ့ တစ်သားထဲ ကျနေတော့ ရုတ်တရက် ဆိုတော့ ဘာမှ မပါဘူးလို့ ထင်မိတာပေါ့

"ကဲ ~ပြော ဘာလုပ်မလို့လဲ ? "

ဆဲဟွန်းက ပြောရင်းပင် တဘက်အသေးလေးနဲ့ ခေါင်းကိုသုတ်ရင်း အခန်းထဲကို ဝင်သွားသည်

"ဟိုဟာလေ ခုနက ကျတော် လာပြီး တံခါးခေါက်သေးတယ် ဘာမှ ပြန်မပြောတော့ Hyung  စိတ်တွေများ ဆိုးသွားသလားလို့ လာတောင်းပန်တာပါ "

"စိတ်ဆိုးရအောင် မင်းလို ကလေးကလားမှ မဆန်တာ ငါ ရေချိုးနေလို့ "

တွေ့လား တွေ့လား ပြောလိုက်မှဖြင့် ရိုက်ပေါက်တွေချည်းပဲ ။

"ဟုတ်ကဲ့ ကျတော် ဘေဂျင်းမပြန်တော့ဘူးဆိုတာ လာပြောတာပါ "

"EXO album ရမှာမို့လို့ မပြန်တာမို့လား "

"အာ မဟုတ်ပါဘူး Hyung ကလဲ Baekhyung Hyung မဝယ်လာဘူးဆိုလဲ ကျတော့် တာဝန် ကျတော်သိပါတယ် "

"အဲ့လို အမြင်မှန်တွေရှိစမ်းပါ ~~အလကား အရည်မရ အဖတ်မရ ဟိုကဟာတွေက ကိုယ့်ကိုတောင် ရှိလားမသိ ဘာမသိနဲ့ အသဲသန်တွေ ဖြစ်မနေနဲ့ "

တော်တော်လေး ချဉ်သွားပေမယ့် နီးရာဓါးက ကြောက်ရသေးတော့

"ဟုတ်ကဲ့ ကျတော်အတွက် အလုပ်က ပိုအရေးကြီးတာပါ Hyung"

"ဟုတ်ပီ သွားတော့ ငါ အကျီလဲ တော့မယ် "

ဆဲဟွန်းပြောမှပဲ သူ့ကို သတိထားမိပြီးပြန်ကြည့်မိသွားသည် ။အပေါ်ဗလာနဲ့ တာင့်တင်းသော ခန္တာကိုယ်ကို အကြောပြိုင်းပြိုင်းနဲ့ ကြက်ဥထွက်နေသော လက်တစ်ဘက်ဖြင့် ခါးထောက်ပြီး ပေါင်လည်သာ ဖုံးထာသော တဘက်အောက်ကနေ သွယ်ဆင်းနေသော ကြွက်သားအမြှောင်းတွေနဲ့ ပေါင်တံကို ကားကာ ပို့စ်ပေးနေပုံက ဂရိရုပ်ထုတစ်ခု ထောင်ထားသည့်သဖွယ် ~~

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Where stories live. Discover now