EP 11 (Sehun Version)

1K 131 5
                                    

ဆဲဟွန်း အိပ်နေရင်း စောင်ကို ဆွဲသွားသလို ခံစားချက်ကြောင့် နိုးလာလေသည် ။သေလိုက်ပါတော့ ကွာ ~~အတောင့်လိုက်သာ သေလိုက်တော့လူက တညလုံး အကေကာင်သေးလေးကို ဖက်အိပ်မိတာ သတိရသွားသည် ။ သူအိပ်နေလို့ ဖက်တာ ကိစ္စမရှိပေမယ့် အခုလို နိုးလာတော့ ရှက်သည် ။သူက တလှုပ်လှုပ်နဲ့ တဖြည်းဖြည်း ကုတင်စွန်းရောက်နေပြီး ကျတော့ကို ခေါင်းငဲ့ကြည့်လာတော့ အရှက်ပြေ~~"နိုးရင်လဲ အေးဆေးမနေဘူး ကုတင်ပေါ်ဆော့မနေနဲ့ လုဟန်""ဗျာ ~~" နှုတ်ခမ်းလေးဟကာ မျက်လုံးလေးပြူးသွားပုံလေးက ချစ်ဖို့ကောင်းလွန်းသဖြင့် ဖြစ်ညှစ်ပစ်ချင်နေသည့် စိတ်ကို ထိန်းကာ ~~"ဟေ့ကောင် ~ဗျာတွေ ဘာတွေ လုပ်မနေနဲ့ အငြိမ်မနေတတ်ရင်လဲ နိုးရင် ကုတင်ပေါ်က ဆင်းတော့ တကတည်းမှပဲ တညလုံး ကြောင်တွေ လိုပဲ လူကိုလာပြီး တိုးဝှေ့အိပ်နေတာ ကောင်းကောင်းကို မအိပ်ရဘူး "သူ့ကို ကြောင်နဲ့ နှိုင်းလို့ ထင်ပါရဲ့ ထိုင်နေရင်းနဲ့ စူပုတ်ပုတ် ဖြစ်နေသော လုဟန်ကို ဆဲဟွန်း မျက်မှောင်ကျုံ့ကြည့်ကာ"အိပ်မှာဖြင့်လဲ အိပ်လေကွာ အခုမှ ၆နာရီပဲ ရှိသေးတာ မင်းက တညနေလုံး တစ်ညလုံး အိပ်ထားတော့ မအိပ်ချင်ပေမယ့်လဲ ငါ့မှာတော့ တညလုံး မင်းက အငြိမ်မနေလို့ အေးဆေး မအိပ်ရသေးဘူး ဆက်အိပ်ဦးမယ် ၈နာရီကြမှ နှိုးတော့ " ပြောရင်းနဲ့ တဘက်ကို လှည့်ကာ စောင်းအိပ်လိုက်သည် ။ မစောင့်လို့လဲ မရတော့ဘူး ~~ တစ်မိနစ်ထဲနဲ့ မျက်နှာ အမူယာ မျိုးစုံပြောင်းနေတဲ့ ကောင်လေးကို ချစ်လွန်းလို့ သဘောကျလွန်းလို့ ကိုယ့်မျက်ခွက်ကြီးက ဖြီးချင်နေပြီလေနေ့လည်ကြတော့ နှစ်ယောက်သား ဆိုက်ကားအစီးမှားပြီး သူလေး ဒူးခေါင်းဒဏ်ရာ ရသွားလို့ ရုံးခန်းထဲ အတင်းဆွဲခေါ် ဆေးထည့်ပေးပီး အနားယူရအောင် ထားခဲ့လိုက်သည် ။ တွေ့ရမယ့် ဧည့်သည်တွေကလဲ ကိုရီးယားတွေပဲ ဆိုတော့ စကားပြန်မလိုတာလဲ ပါပါတယ် ။ မလိုဘူးတော့ မဟုတ်ဘူး ကိုယ်သွားလေရာနောက်လိုက်ပြီး ဒူးလေးပိုနာသွားမှာစိုးလို့ပါ ~~ ကိုယ့်မှာတော့ သူလေး နားပါစေဆိုပြီး ထားခဲ့သမျှ ပြန်လာတော့ ရင်ဝ ဆောင့်ကန်သလိုပါပဲ ။ Reception က ဝန်ထမ်းမတွေနဲ့ အကြည်စိုက်နေတော့တာပါပဲ ၊ တွေ့တဲ့သူတိုင်းက ငမ်းလွန်းလို့ တတ်နိုင်သမျှ ကိုယ့်အနားခေါ်ထားသမျှ လွတ်တာနဲ့ တစ်ပြိုင်နက် ယွတော့တာပါပဲလက်ပိုက်ကာ စူးစိုက်ကြည့်ပြီး ရှင်းစမ်းပါဦးလို့ ဆိုလာတဲ့ ဒီဇိုင်းနဲ့"လုဟန် မင်းကို ဘာလုပ်နေတာလဲ လို့ မေးနေတယ်လေ " ကိုယ့်ရဲ့ ဟိန်းထွက်လာသော အသံကြီးကြောင့် reception က ဝန်ထမ်းတွေရော ခေါင်းတွေ ငုံ့ကုန်သည် ။"မင်းတို့ကလဲ ဧည့်ကြိုရမယ့်ဟာကို မကြိုဘဲ စကားပြောနေတာပေါ့ ဟုတ်လား ဘယ်လိုဟာတွေမှန်းမသိဘူး ဝင်ပေါက်ကြီးမှာ မြင်မကောင်းရှူမကောင်းနဲ့ " ဖြစ်နိုင်င် ဒီကလေးကို မျက်စောင်းတောင် ထိုးကြည့်ဖို့ မကြိုးစားနဲ့လို့ကို ပြောချင်ခဲ့တာပါပြောချင်တာတွေပြောပြီး မျက်နှာပူလာလို့ Company ဧည့်ခန်းထဲမှာ သွားထိုင်နေတော့ နောက်က လိုက်လာသည်" ပြောစမ်းပါဦး မင်းက ဘာလို့ အိမ်မပြန်သေးတာလဲ ငါ့မှာတော့ မင်းကို နားပါစေတော့ဆိုပြီး အပြင်သွားတာတောင် ထားခဲ့တာ ""မီအန်းဟယ်ယို Hyung ကျတော့်ကို အိမ်က လာမကြိုသေးလို့ စောင့်နေတာပါ " Luhan ရှင်းပြနေတုန်းမှာ Yi Xing ရောက်လာလေသည် ။Yi Xing က အတူထိုင်နေတဲ့ Sehun ကို လက်ဆွဲနှုတ်ဆက်ရန်ပြုမူလိုက်သဖြင့် ဆဲဟွန်းကလဲ ထိုင်နေရာမှ ထကာ မတ်တပ်ရပ်ကာ လက်ဆွဲနှုတ်ဆက်လိုက်သည် ။" Sehun လဲ အတူရှိနေတာပါလား ရှောင်လုကို စောင့်ပေးနေတာ ထင်တယ် တောင်းပန်ပါတယ် ကျတော်အစည်းဝေးက မပြတ်သေးလို့ တော်တော်နဲ့ ထွက်မရဖြစ်နေတာ "Yi Xing က သူထင်တာတွေပြောနေပြီး ဆဲဟွန်းကလဲ ခပ်တည်တည်ခေါင်းတွေ ညိမ့်ပစ်သည် ။"ရှောင်လုလေး စောင့်ရတာ ကြာသွားပြီလား Ge နည်းနည်းနောက်ကျသွားတယ် ဆောရီးနော် ကလေး " Yi Xing က ဘေးကနေ စူပုတ်နေသော အကောင်လေးရဲ့ ဆံပင်လေးကို ဖွရင်း ချော့မော့စကားဆိုလေသည် ။"သိပ်မကြာပါဘူး ge ရယ် ၄၅မိနစ်တည်းရယ်ပါ " စူပုတ်ကာ ရွ ဲ့နေတာကို သိတော့ သူ့အစ်ကိုက ရီလေသည် ။" အိမ်မှာ ကလေးကြိုက်တဲ့ ဟော့ပေါ့ ပြင်ခိုင်းထားတယ် ""ဝိုး~~တကယ်လား Xing Ge အဲ့ဒါကြောင့် Ge ကို ချစ်ရတာ " ပြောရင်း Xing ge ရဲ့ လည်ပင်းတွေကို ဖက်ကာ ခုန်နေသော သူ့ကို ဆဲဟွန်းက တအံတသြကြည့်နေမိသည် ။ ကလေးမှ တကယ့်ကို ပီဘိကလေးလေးပါလား လုဟန်ရယ် ~~ ကိုယ်မင်းကို မြတ်နိုးလိုက်တာ" ဆဲဟွန်းရော လိုက်ခဲ့ပါလားဟင် ကျတော်တို့ စားဖိုမှုးချက်တဲ့ ဟော့ပေါ့နဲ့ ဘဲပေါင်းက အရမ်းကောင်းတယ် ""Sehun Hyung က အပြင်က စားခဲ့ပြီးပြီ " ကိုယ့်ကို ဘယ်လောက်များ လိုလားသလဲသာ ကြည့်တော့ ~~ဆဲဟွန်းမလိုက်ဖို့ အရေး ကျွန်တော့အရေးဖြစ်သောကြောင့် လုဟန် အသည်းသန်ပင် စကားဖြတ်ပြော၏~~ မင်းအထာလောက်ကတော့ ပျင်းတယ်ကွယ်" Ahni ~~ နိုး ကိုယ် မစားခဲ့ရသေးဘူး " ခပ်တည်တည်နဲ့ ဗြောင်လိမ်ပစ်လိုက်၏"ဟာ ဒါဆို ဆဲဟွန်း အိမ်လိုက်ခဲ့ပါ မားကတော့ ဆဲဟွန်းပါလာရင် တော်တော် ပျော်နေမှာ " ဘာမှ မသိတဲ့ Yi Xing ကတော့ ဆဲဟွန်းလက်တောင် လာဆွဲနေပါပြီ ။ စူပုတ်ပွကာ ဂြိုလ်ကြည်ကြည့်လိုက်လာလို့ အောင်နိုင်သူအပြုံးနဲ့ ပြန်ပြုံးပြလိုက်သည် ။ရှောင်လုတို့ အိမ်က ဟော့ပေါ့က တကယ်ကိုစားကောင်းလှသည် ။ မိသားစုကလဲ ကိုယ့်ကို တကယ့်ကို နွေးထွေးစွာဆက်ဆံသဖြင့် မိမိအိမ်နှင့်မခြား ခံစားမိသည် ။ ဟော့ပေါ့စားပြီးတစ်နာရီခွဲလောက် ဝိုင်းဖွဲ့ကာ ရေပင်မဝင်ပြောနေကြသော စကားဝိုင်းကတော့ စီးပွားရေး လူမှုရေး အစုံပါပဲ ။ ဆဲဟွန်းလဲ လက်ရှိ လုဟန်လုပ်နေတဲ့လုပ်ငန်းက သူတို့အပိုင်လုပ်ငန်းတစ်ခုဆိုတာ အရိတ်မြွတ်ပြောလိုက်ပေမယ့် အကင်းပါးလွနိးသော ရှောင်လု ပါးပါးနဲ့ Yi Xing တို့က ချက်ခြင်းကို ရိပ်မိနားလည်ကာ စီးပွားရေး မိတ်ဖက်ပုံစံနဲ့ အလေးထားဆွေးနွေးပြောဆိုလာတာကတော့ ကလေးနဲ့ ပတ်သတ်ပြီး သူ့မိသားစုကို ပထမဆုံး ဝင်တဲ့ ခြေလှမ်းတစ်ခု အောင်မြင်တယ်လို့ ပြောရမှာပါပဲ ~လုဟန် မာမားကလဲ ဆဲဟွန်းကို သူ့တူမတွေနဲ့ မိတ်ဆက်ပေးမယ် ဆိုပြီး မွေးသက္ကရစ်တွေမေး ဇာတာတွေတောင်းနဲ့ အတည်ပင် ပြောဆိုနေသောကြောင့် ချစ်ရမယ့်သူရှိကြောင်းကို ရှောင်လုကို ကြည့်ရင်းပြောလိုက်တဲ့ အခါ အကင်းပါးလွန်းသော ထက်မြတ်သော မာမားက ချက်ချင်းကို ပြုံးသွားလေသည် ။ ယောက်ကျားနဲ့ သားကြီးဖြစ်သူရေချိန်ကိုက်သွားသည်နှင့် အိမ်မပြန်ပဲ ဒီမှာပဲ အိပ်ဖို့ပြောလေသည် ။"အားရီ မပြင်ခိုင်းနဲ့ ကျတော် ရှောင်လုနဲ့ပဲ အိပ်လိုက်မယ် ~"ဪအေးအေး ~~ဆဲဟွန်းအဆင်ပြေတယ် ဆိုရင် ရှောင်လုနဲ့ အိပ်လိုက်ပါ ~~ပြောပြီး သူ့အမျိုးသားကို တွဲက အခန်းထဲ ဝင်သွားလေတော့သည် ။အခန်းထဲ ဝင်ခါနီး ဆဲဟွန်းကို လက်မထောင်ပြသွားတာကိုတော့ စိတ်ကောက်ပြီး အပေါ်ထက်ကို ခြေဆောင့်ကာ တက်သွားသော သမင်လေးကတော့ မမြင်ခဲ့ပေ ~~အခန်းထဲရောက်တော့လဲ ရေချိုးထားတာကို အကျီမဝတ်ပဲ လမ်းသလားနေလို့ ဒီကကောင်ကြီး စိတ်မထိန်းနိုင်ရင် ဒုက္ခများသွားမှာ နားမလည်တာလား မသိတဲ့ သမင်ကောင်လေးကို အော်ရဟစ်ရပြန်သည် ။ အခုလဲ ဘောလုံးပွဲကြည့်နေတာ ကိုယ်ရေကို စိမ်ပြေနပြေချိုးပြီးတဲ့ အထိ ခေါင်းတွေ မသုတ်ရသေးပေ ~~ ဪလိုက်မှ တဘက်နဲ့ ဖြစ်သလိုသုတ်ကာ ဆက်ပီး ထိုင်ကြည့်နေလေရဲ့ကုတင်ပေါ်ကနေ ဘောလုံးပွဲကြည့်နေသော ဒင်းလေးကို မျက်တောင်မခတ်ပဲ ကြည့်လာတာ နှာတွေချေလို့ ကိုယ်င်္တေတောင် တချက်ချက်တုန်နေသလို တွေ့ရတာကြောင့် စောင်ကိုယူပြီး နောက်ကနေ ခြုံပေးလိုက်သည် ။" ထတော့ မကြည့်နဲ့တော့ မင်းအအေးပတ်နေပြီ ""အာ မပတ်ပါဘူး Hyung ရာ ဒီမှာ အချိန်ပို ဆယ်မိနစ်ပဲ လိုတော့တာကို ""လုဟန် ငါမင့်ကို အကောင်းကြည့်နေတာ မဟုတ်ဘူး နေမကောင်းဖြစ်ရင် အလုပ်မလုပ်နိုင်မှာစိုးလို့ပြောနေတာ သွား အိပ်တော့ " စိတ်ပူလို့ လေသံတွေက မာလာပြန်သည် ။" အလုပ်အတွက် မစိုးရိမ်ပါနဲ့ ကျတော်သဘက်ခါ သေမယ်ဆိုရင်တောင် ခင်များအလုပ်ကို မနက်ဖြန် တာဝန်ကျေအောင် လုပ်ပေးမယ် ~ဟုတ်ပြီလား " စိတ်တိုတိုနဲ့ ပြန်အော်နေသော ကောင်လေးက သူ့စေတနာကို တကယ်ကို နားမလည်ဘူး ~~အလိုလိုက်လို့ အကန်းတတ်နေရောလား"ဟာကွာ ~တောက် !!!"တောက်ခေါက်သံ ပြင်းပြင်း တစ်ချက်နဲ့ အတူ ဆဲဟွန်း ရီမုကို ယူကာ TV ကို ပိတ်ပစ်လိုက်သည် ။ဆဲဟွန်းရဲ့ အပြုမူကို နားမလည်စွာကြောင်ကြည့်နေသော ဆိုဖာပေါ်မှာ စောင်ခြုံလျက်ထိုင်နေသော လုဟန်ကို ပွေ့ချီလိုက်ကာ ~~ဆဲဟွန်းရဲ့ လက်ထဲကို စောင်ထုပ်လေးနဲ့ လုံးထွေးကာ ပါးစပ်အဟောင်းသားလေး ပေါ့ပါးစွာပါသွားသော ရှောင်လု ~~"ဟေ့လူ ခင်များကြီး ဘာလုပ်တာလဲ~~လွှတ် လွတ် ""မင်း ပါးစပ်ပိတ်ထားလိုက်စမ်း ရှောင်လု ၊ရုန်းနေရင် ငါ ကြမ်းပြင်ပေါ်လွှတ်ချပစ်မှာနော် " ဆဲဟွန်းက ခပ်တင်းတင်းဆိုကာ အော်ငေါက်လိုက်သည် ။ တကယ်ကြီး ပစ်ချမယ့် ပုံလုပ်လိုက်သောကြောင့် လုဟန် ငြိမ်ငြိမ်လေးဖြစ်သွား၏။ သောင်ကလေးက သူ့အသားနာမှာတော့ ကြောက်သည် ။ဆဲဟွန်းပွေ့ခေါ်လာသော စောင်ထုပ်လေးအတိုင်း ကွေးကွေးလေး ပါလာသော လုဟန်ကို မွေ့ယာပေါ် သို့ ပစ်ချလိုက်လေသည် ။" အွတ်""ကဲ အိပ်တော့ ၊ နောက်တစ်ခါ ပြောစကား နားမထောင်ရင် ဒီထက်ပိုဆိုးတာ လာမယ် ""ဒါပေမယ့်လည်း ပွေ့ခေါ်ဖို့အထိတော့ မလိုဘူးထင်တာပဲ ကျတော် ကလေးမဟုတ်ဘူးဗျ " မကျေမနပ်နဲ့ အတွန့်တက်နေလို့"အေး ကလေးဆိုရင် ငါ့ကိုကြောက်ပြီး စကားနားထောင်ရင် ထောင်လိမ့်မယ် မင်းကတော့ ကလေးမဟုတ်တော့ ငါ့ကို ကလန်ကဆန်လုပ်ပြီး နားမထောင်ဘူးလေ ""ဘောလုံးပွဲက ပြီးဖို့ ၁၀မိနစ်ပဲ လိုတော့တာကို ပြီးတော့ ကျတော့ အကြိုက်ဆုံးအသင်းကန်တဲ့ ပွဲဗျ " မကျေမနပ်နဲ့ ကုတင်ပေါ်ထိုင်ကာ ပွစိပွစိရွတ်နေသောကြောင့် ဆဲဟွန်း ရုတ်တရက်ကြီး ထဆွဲကာ အိပ်ယာပေါ်လှဲချလိုက်လေသည် ။"HYUNG ~~~~~" ရုတ်တရက်မို့ လန့်သွားတယ် ထင်ပါရဲ့ အော်လိုက်တာမှ ပြဲလို့ အော်နေတာကို မသိချင်ယောင်ဆောင်ရင်း လုဟန် လှဲနေတဲ့ အပေါ်ကနေ အုပ်မိုးကာ နဖူးကို စမ်းလိုက်သည် ။"လူကဖြင့် ကိုယ်ပူချင်နေပြီ အဲ့ဒါကို ဘောလုံးပွဲ ဆက်ကြည့်ချင်သေးတာလား ၊ နေမကောင်းဖြစ်ရင် မင့်အကောင်တွေက ဆေးလာကုမပေးဘူး သိလား လုဟန်""အမလေး ကိုယ်တိုင်ကိုယ်ကျ ဆေးလာကုပေးရင် လုဟန်တို့ အတောင့်လိုက် အသက်ထွက်သွားမှာ "" တော်တော့ ပါးစပ်ပိတ်လိုက်တော့ ငါလဲ အိပ်တော့မယ် ""အိပ်ပေါ့ ခင်ဗျားအိပ်မှ ကျတော် ပြန်ထကြည့်မယ် ""ဘာ~~~ထရဲ ထကြည့်စမ်း " ပြောလေကဲလေ ဖြစ်နေသော ကောင်လေးကို နောက်ကနေပြီး သိုင်းဖက်ပြီး ခွကာ ရင်ခွင်ထဲထည့်ပြီး တင်းကြစွာ ဖက်ပစ်လိုက်သည် ။"ဟေ့လူကြီး ဒါဘာလုပ်တာလဲ ~~ခင်များကြီး လွှတ်ဗျာ လွှတ် ~~အသက်ရှူကြပ်တယ် ""ငါအိပ်နေတုန်း ထသွားမယ် မကြံနဲ့ ဒီအတိုင်း ငြိမ်ငြိမ်လေးနေ ~~ ထပ်ပီး အော်နေမယ် အငြိမ်မနေဘူးဆိုရင် ကြိုးနဲ့ တုတ်ထားမယ် "အိ~~ခနဲ့ အသံသေးသေးလေးထွက်လာပြီး ငြိမ်သွားလေတော့သည် ။၁၅မိနစ်လောက်နေတော့ ဘေးက လူကြီးလဲ ငြိမ်သက်လို့ လူကြီးရဲ့ ရင်ခွင်ထဲက ကလေးလေးကလဲ ဟောက်သံလေးတွေ ပုံမှန်ထွက်လို့ နေပါတော့သည် ။————————————————-ညက အိပ်ပျော်ပီး တစ်နာရီလောက်မှာပဲ အဖျားတွေတက်ကာ ကယောင်ကတမ်းဖြစ်နေသော ကောင်လေးကို ပြုစုရင်း ဆဲဟွန်းမိုးစင်စင်လင်းခဲ့သည် ။ မနက်ကြတော့ အလုပ်ကလည်း အရေးကြီးတော့ လုဟန်မာမားကိုပဲ အကြောင်းစုံပြောကာ အလုပ်ကို ထွက်လာ၏။လုဟန်မာမားကတော့ စိတ်မပူဖို့ အထပ်ထပ်မှာကာ အလုပ်ဖြောင့်ဖြောင့် လုပ်ဖို့ပြောတာခံရတော့လဲ အိုးကမပူဆလောင်းကပူဆိုတာမျိုး , နွားရှေ့ထွန်ကျူးများ ဖြစ်နေပြီလားလို့ မလုံမလဲ ကြည့်မိပေမယ့် ပကတိဖြူစင်စွာ ဆဲဟွန်းကို ကတိပေးနေသော လုဟန်မာမားက တကယ့်ကို ယောက္ခမကောင်းကြီးပါပဲလို့ တွေးမိပြန်သည် ။ မနက်ခင်းပိုင်းမှာ အလုပ်ကို သိမ်းကြုံးလုပ်ကာ နေ့ခင်း ၂နာရီလောက်မှာ ကလေးရှိရာ အိမ်ကို အမောတကောနဲ့ ပြန်ရောက်လာတာ လုဟန်မာမားက ဆေးမသောက်ပဲ ကောက်နေတာ်ပြောလို့ အမောဆို့ရပြန်သည်ဆဲဟွန်း ခါင်းမှီးခြုံထားသော စောင်ကို ဖြတ်ခနဲ့ ဆွဲလှန်လိုက်သဖြင့် ငိုရင်းနေဟန်တူတဲ့ ကလေးက မျက်နှာတွေ ဖောင်းကားလို့" သိနေတယ် သိနေတယ် ~~လုဟန်တို့ တစ်ခုမဟုတ် တစ်ခု ပြသနာရှာမယ်ဆိုတာ သိနေတယ် အဲ့ဒါကြောင့်မို့လဲ ပြန်လာတာ ""ငိုနေတာလား ရှောင်လု "ဆဲဟွန်းမေးနေတာကို ပြန်မဖြေနိုင်လောက်အောင် လူက ရှိုက်သံလေးတွေ ထွက်လို့ လာသဖြင့် ရှုပ်ပွနေတဲ့ နှဖူးပေါ်က ဆံပင်တွေအား လက်ဖြင့် သပ်ပေးရင်း ~"နေမကောင်းဖြစ်နေတာကို ငိုရင် ပိုဆိုးမှာပေါ့ ၊ ဆေးလဲ မသောက်ရသေးဘူး ၊ ထင်ရင် ထင်တဲ့ အတိုင်းကို ဖြစ်နေတော့တာပဲ ၊ ပြောပါဦး ဘာတွေများ ဝမ်းနည်းနေရတာလဲ "ငိုချင်တဲ့ ကလေးဆိုတာ ချော့လေ ငိုလေဆိုတာ မှန်ပုံရတယ် ။ ဆဲဟွန်းက အကြောင်းရင်းမေးလိုက်မှ လူက မျက်ရည်တွေ ဘူးသီးလုံးကြီးလောက် ကျလာပြန်သည် ။ ထိမ်းမနိုင် သိမ်းမနိုင်ဖြစ်ကာ ရှိုက်သံများဖြင့် တအင့်အင့်မည်အောင် ငိုလိုက်မိတော့ ~ဆဲဟွန်လဲ လုဟန်ခေါင်းလေးကို ဆွဲဖက်ကာ ရင်ခွင်ထဲကို ထည့်ရင်း"ဘာတွေ မကျေနပ်နေတာလဲ ကလေးက ။ မကျေနပ်တာတို့ ဝမ်းနည်းစရာတို့ ရှိရင်ပြောလေ ။ ဘာလဲ ကိုယ့်ကို မကျေနပ်တာလား "ရင်ခွင်ထဲက နေ ခေါင်းကို တွင်တွင်ရမ်းရင်း ငိုပြီးရင်း ငိုနေသော ကလေးကို ကြည့်သာ သက်မောတစ်ခုချလိုက်မိသည် ။"ကိုယ်ပြောနေ ဆိုနေတာတွေကို ဝမ်းနည်းတယ်ဆိုရင် တောင်းပန်ပါတယ်နော် ~ကိုယ်က မင်းကို တော်စေ တတ်စေချင်ကို ရင့်ကြတ်စေချင်တဲ့ စိတ်နဲ့ ပြောမိတာပါ ""မ ~ မဟုတ်ပါဘူး Hyung ရယ် ကျတော် Hyung ရဲ့ စေတနာတွေကို နားလည်ပါတယ် ဒီအတိုင်း ဝမ်းနည်းလို့ ငိုတာပါ ""ဒါဆိုလဲ တိတ်တော့ ~~ခုထိ ဆေးလဲ မသောက်ရသေးဘူး ~~ထင်ရင် ထင်တဲ့ အတိုင်းပဲ~ဒါကြောင့် မင်းကို ကလေးလို့ ပြောတာ ဘယ်တော့များမှ ရင့်ကြတ်မှာလဲ"ကဲ ကျတော် ငိုမိတာ မမှားဘူး ထင်တာပါပဲ ။ စိတ်ကောင်းလေးဝင်တာ မိနစ်မပြည့်သေး"ငိုနေတာလား ရှောင်လု "ဆဲဟွန်းမေးနေတာကို ပြန်မဖြေနိုင်လောက်အောင် လူက ရှိုက်သံလေးတွေ ထွက်လို့ နေပါသည် ။ ဆဲဟွန်းက ရှုပ်ပွနေမည်ဖြစ်သော နှဖူးပေါ်က ဆံပင်တွေအား လက်ဖြင့် သပ်ပေးရင်း ~"နေမကောင်းဖြစ်နေတာကို ငိုရင် ပိုဆိုးမှာပေါ့ ၊ ဆေးလဲ မသောက်ရသေးဘူး ၊ ထင်ရင် ထင်တဲ့ အတိုင်းကို ဖြစ်နေတော့တာပဲ ၊ ပြောပါဦး ဘာတွေများ ဝမ်းနည်းနေရတာလဲ "ငိုချင်တဲ့ ကလေးဆိုတာ ချော့လေ ငိုလေဆိုတာ မှန်ပုံရတယ် ။ ဆဲဟွန်းက အကြောင်းရင်းမေးလိုက်မှ လူက မျက်ရည်တွေ ဘူးသီးလုံးကြီးလောက် ကျလာပြန်သည် ။ ထိမ်းမနိုင် သိမ်းမနိုင်ဖြစ်ကာ ရှိုက်သံများဖြင့် တအင့်အင့်မည်အောင် ငိုလိုက်မိတော့ ~ဆဲဟွန်းက ခေါင်းလေးကို ဆွဲဖက်ကာ ရင်ခွင်ထဲကို ထည့်ရင်း"ဘာတွေ မကျေနပ်နေတာလဲ ကလေးက ။ မကျေနပ်တာတို့ ဝမ်းနည်းစရာတို့ ရှိရင်ပြောလေ ။ ဘာလဲ ကိုယ့်ကို မကျေနပ်တာလား "အဲလို တည့်ကြီးမေးလာတော့လဲ လူက ဘယ်ကစဖြေရမှန်းမသိတော့ချေ ~ဒါပေမယ့် ရင်ခွင်ထဲက နေ ခေါင်းကို တွင်တွင်ရမ်းရင်း ငိုသာငိုမိနေတော့သည် ။"ကိုယ်ပြောနေ ဆိုနေတာတွေကို ဝမ်းနည်းတယ်ဆိုရင် တောင်းပန်ပါတယ်နော် ~ကိုယ်က မင်းကို တော်စေ တတ်စေချင်ကို ရင့်ကြတ်စေချင်တဲ့ စိတ်နဲ့ ပြောမိတာပါ ""မ ~ မဟုတ်ပါဘူး Hyung ရယ် ကျတော် Hyung ရဲ့ စေတနာတွေကို နားလည်ပါတယ် ဒီအတိုင်း ဝမ်းနည်းလို့ ငိုတာပါ ""ဒါဆိုလဲ တိတ်တော့ ~~ခုထိ ဆေးလဲ မသောက်ရသေးဘူး ~~ထင်ရင် ထင်တဲ့ အတိုင်းပဲ~ဒါကြောင့် မင်းကို ကလေးလို့ ပြောတာ ဘယ်တော့များမှ ရင့်ကြတ်မှာလဲ"ကဲ ကျတော် ငိုမိတာ မမှားဘူး ထင်တာပါပဲ ။ စိတ်ကောင်းလေးဝင်တာ မိနစ်မပြည့်သေးဘူး ဆူတတ်တဲ့ လူကြီးကို ကျတော် ဘယ်လို နားလည်ရမှန်းလဲ မသိတော့ပါဘူး ။ ဆဲဟွန်းက ဘေးနားမှာ ထိုင်ကြ"ငိုနေတာလား ရှောင်လု "ဆဲဟွန်းမေးနေတာကို ပြန်မဖြေနိုင်လောက်အောင် လူက ရှိုက်သံလေးတွေ ထွက်လို့ နေပါသည် ။ ဆဲဟွန်းက ရှုပ်ပွနေမည်ဖြစ်သော နှဖူးပေါ်က ဆံပင်တွေအား လက်ဖြင့် သပ်ပေးရင်း ~"နေမကောင်းဖြစ်နေတာကို ငိုရင် ပိုဆိုးမှာပေါ့ ၊ ဆေးလဲ မသောက်ရသေးဘူး ၊ ထင်ရင် ထင်တဲ့ အတိုင်းကို ဖြစ်နေတော့တာပဲ ၊ ပြောပါဦး ဘာတွေများ ဝမ်းနည်းနေရတာလဲ "ငိုချင်တဲ့ ကလေးဆိုတာ ချော့လေ ငိုလေဆိုတာ မှန်ပုံရတယ် ။ ဆဲဟွန်းက အကြောင်းရင်းမေးလိုက်မှ လူက မျက်ရည်တွေ ဘူးသီးလုံးကြီးလောက် ကျလာပြန်သည် ။ ထိမ်းမနိုင် သိမ်းမနိုင်ဖြစ်ကာ ရှိုက်သံများဖြင့် တအင့်အင့်မည်အောင် ငိုလိုက်မိတော့ ~ဆဲဟွန်းက ခေါင်းလေးကို ဆွဲဖက်ကာ ရင်ခွင်ထဲကို ထည့်ရင်း"ဘာတွေ မကျေနပ်နေတာလဲ ကလေးက ။ မကျေနပ်တာတို့ ဝမ်းနည်းစရာတို့ ရှိရင်ပြောလေ ။ ဘာလဲ ကိုယ့်ကို မကျေနပ်တာလား "အဲလို တည့်ကြီးမေးလာတော့လဲ လူက ဘယ်ကစဖြေရမှန်းမသိတော့ချေ ~ဒါပေမယ့် ရင်ခွင်ထဲက နေ ခေါင်းကို တွင်တွင်ရမ်းရင်း ငိုသာငိုမိနေတော့သည် ။"ကိုယ်ပြောနေ ဆိုနေတာတွေကို ဝမ်းနည်းတယ်ဆိုရင် တောင်းပန်ပါတယ်နော် ~ကိုယ်က မင်းကို တော်စေ တတ်စေချင်ကို ရင့်ကြတ်စေချင်တဲ့ စိတ်နဲ့ ပြောမိတာပါ ""မ ~ မဟုတ်ပါဘူး Hyung ရယ် ကျတော် Hyung ရဲ့ စေတနာတွေကို နားလည်ပါတယ် ဒီအတိုင်း ဝမ်းနည်းလို့ ငိုတာပါ ""ဒါဆိုလဲ တိတ်တော့ ~~ခုထိ ဆေးလဲ မသောက်ရသေးဘူး ~~ထင်ရင် ထင်တဲ့ အတိုင်းပဲ~ဒါကြောင့် မင်းကို ကလေးလို့ ပြောတာ ဘယ်တော့များမှ ရင့်ကြတ်မှာလဲ"နည်းနည်းလောက်လေး မာန်လိုက်မှ စူပုတ်ပုတ်ဖြင့် ကတ်ကတ်လန်ပုံစံလေး ပြန်ဖြစ်လာတော့မှ ချော့ကာ ဆန်ပြုတ်ပန်းကန်ကို ကုန်အောင် သောက်ခိုင်းရသည် ။ ။ ဆေးလဲ တစ်ခါတည်းသောက်ကာ အိပ်ခိုင်းပြီး စာအုပ်တစ်အုပ်ဖတ်ရင်း ဘေးက စောင့်ကြည့်နေတော့မှ အသက်ရှူသံမှန်မှန်းလေး ထွက်ပေါ်လာပြီး ကလေးလေးတစ်ယောက် အိပ်ပျော်သွားလေသည် ။အိပ်ပျော်နေသော ကလေးလေးရဲ့ ပါးဖောင်းဖောင်းလေးတွေကို နစ်မြှပ်ဝင်သွားအောင် နမ်းပြီး ဆဲဟွန်း ဟိုတယ်ပြန်လာလိုက်တော့သည် ။မြန်မြန်ကျန်းမာပါစေ ကိုယ့်ရဲ့ ကလေးလေးရေ~~_________TBC🔜🔜🔜Feedback တွေ မျှော်နေပါတယ်နော်အကြာကြီးနေမှ ပြန်လာရလို့ Motivate လေး မြှင့်ပေးသွားကြပါဦး

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Nơi câu chuyện tồn tại. Hãy khám phá bây giờ