EP 2 (Sehun Version)

2.8K 364 50
                                    

မျက်လုံး တစ်ချက်သာ ဝေ့ကြည့်လိုက်တာ ဖြစ်ပေမယ့် အနှီသမင်မျက်လုံးလေးနဲ့ ကောင်လေးက ချစ်ဖို့ကောင်းလွန်းလှတယ် ။ ချယ်ရီရောင် နှုတ်ခမ်းလေးက စကားတစ်ခွန်းပြောလိုက်တိုင်း ရှေ့ကို ချွန်ထွက်လာတာလေးက တစ်မျိုးအမြင်ဆန်းနေသည် ။ မိန်းမလှလေးတွေ မြောက်များစွာနဲ့ ထိတွေ့ ဆက်ဆံဖူးသော်လည်း မိမိစိတ်ကို ဒီကောင်လေးလောက် ဆွဲဆောင်မှုရှိမနေပေBaekhyun Hyung ကတော့ အရမ်းဖော်ရွေစွာဖြင့် လက်ဆွဲ ထိုင်ခိုင်းရင်း ချစ့်စရာ့ ညီငယ်လေးဟု ဆိုတာ အသီးများ အတင်းကျွေးနေသည် ။

 Minseok Hyung က ထမင်းစားဖို့ ခေါ်တော့ ကောင်လေးက မီးဖိုထဲ လိုက်သွားလိုက်သည် ။မီဖိုချောင်နဲ့ ခါးလောက်ရှိတဲ့ show case စားပွဲ အရှည် တစ်ခုသာ ခြားကာ ဧည့်ခန်းအား လှမ်းကြည့်ရင် စားပွဲပေါ်ရှိ အလှဆင် ပစ္စည်း များကြားကနေ မြင်ရနိုင်သဖြင့် စိတ်က TV ကို မရောက်နိုင်ပဲ တစ်ချက်ချက် ထိုကောင်လေးဆီကိုသာ တဝဲလည်လည်ဖြစ်နေတော့သည် ။

"Xiao Lu Korean အစားစာ ကြိုက်လား " 

နောက်က လိုက်လာသော Baek က မေးလေသည် ။

"ဟုတ်ကဲ့ ကျတော် ကြိုက်ပါတယ် ဗျ "

"ဘေဂျင်းက ဆိုင်မှာတော့ သူကိုယ်တိုင်မှာ စားလာတာပဲ "

ဟု Minseok က ဆိုလေတော့Baek က အဆင်ပြေတာပေါ့ဟု ဆိုကာ ရေတစ်ဘူး ယူပြီး ဧည့်ခန်းကို ထွက်သွားလေသည် ။ 

ထမင်းချက် အာဂျူးမားတွေကလဲ ကိုရီးယားလူမျိုးတွေ ဖြစ်ပြီး လုဟန်အား ဝမ်းသာအားရနှုတ်ဆက်ကြသည် ။ထမင်းဝိုင်းထိုင်လိုက်တဲ့ အချိန် လုဟန်တစ်ယောက် မျက်နှာလေး မဲ့လိုက်တာ အမှန်တမဲ့ တွေ့လိုက်လေသည် ။ 

ဟင်းက ပဲပိစပ်ဟင်းရည် (ပုံပါ )

 နဲ့ ပြည်ကြီးငါး အစပ်ချက် (ပုံပါ ) ပါ 

။သူလေးများ မကြိုက်ပေဘူးလား ~~

ဆဲဟွန်းယောင်လည်လည်နဲ့ ထမင်းစားခန်းထဲ ထသွားမိသည် ။

(Author's Note📝 된장찌개 (ဒွင်းဂျန်းကျီဂဲ ) ပဲပိစပ် ဟင်းရည်ပါ ။ ကြက်သွန် ပဲပြား ငြုပ်ပွ တို့နဲ့ ပြုတ်ပြီး ချက်တာပါ ။ အမဲသားတို့ ပင်လယ်စာတို့နဲ့လဲ ထည့်ချက်ပါတယ် ။ကျန်းမာရေးနဲ့ ညီညွတ်ပြီး လူကိုထွားကျိုင်းစေတယ်လို့ သိရပါတယ်

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Donde viven las historias. Descúbrelo ahora