Ep 6

3.6K 385 20
                                    

Zawgyi Version 

ရုတ်တရက် ဆန်လွန်းတဲ့ ခရီးကို ကျတော်နဲ့ Sehun အဝတ်တထည် ကိုယ်တစ်ခုနဲ့ ဘေဂျင်းကို ရောက်လာကြသည် ။ ကျတော်ကတော့ ကိုယ့်မွေးရပ် ကိုယ့်အိမ်ပြန်ရလို့ ပျော်သည် ။ဘေဂျင်းရောက်တာနဲ့ လေဆိပ်ကနေ ပြသနာဖြစ်ရာ စက်ရုံသို့ တန်းသွားပြီး ဖြေရှင်းရသည် ။ လာမယ် သိထားသော မာမားက ဖုန်းတဂွမ်ဂွမ် ဆက်တာကိုလဲ မကိုင်အားပေ ။ ညနေစောင်းတော့မှ နေ့လည်စာရယ် ညစာရယ် ပေါင်းပြီး စားဖြစ်သည် ။တစ်နေ့လုံး ဘာသာပြန်ခြင်းနှင့် သူခိုင်းသမျှ ကို လုပ်ပေးနေရလို့ သေချာစကားမပြောဖြစ်ပေမယ့် အခုလို အလုပ်ပြီးတဲ့ အချိန်မှာတော့နည်းနည်း ရှိန်သည် ။

"Hotel အခန်းယူပြီးပြီလား "

ဗျာ~~

"Hotel အခန်းလုပ်ပြီးပီလားလို့ မေးတာ မလုပ်ရင် ငါက လမ်းဘေးအိပ်ရမှာလား ? "

လာပါပြီ ဒီလို လေသံမာမာတွေ ကိုးလို့ကန့်လန့် စကားတွေကို လန့်ပါတယ် ဆိုနေ စလာပြီ

" ဟို~~ကျတော် မစီစဉ်ရသေးဘူးဗျ အခု စီစဉ်လိုက်ပါ့မယ် "

ကျတော် စားလက်စကို ရပ်ရင်း စက်ရုံနဲ့ အနီးဆုံး ဟိုတယ်ကို ရှာရင်း ဘွတ်ကင်လုပ်လိုက်သည် ။

"ကျတော် Superior ပဲ လုပ်ထားလိုက်ပါတယ် Sehun Hyung နံမည်နဲ့ "

"Family room လုပ်ပြီးတော့ ကုတင် အကြီးနဲ့ အသေး ထည့်ခိုင်းလိုက် , ငါ ကုတင်သေးရင် မအိပ်တတ်ဘူး " ခေါက်ဆွဲစားရင်း မိမိကို မကြည့်ပဲ ပြန်ပြောနေသော Sehun အား Luhan အရဲစွန့်ကာပြန်ပြောလိုက်သည် ။

"အခန်းကျယ်တာ ကြိုက်ရင် Deluxe ကို ကျတော် King size bed လုပ်ခိုင်းလိုက်ပါ့မယ် "

"ဟေ့ကောင် လျှာမရှည်နဲ့ ငါ မင်းနဲ့ အတူကပ်မအိပ်နိုင်ဘူး "

"ဗျာ~~ဟိုဟာလေ ကျတော်က အိမ်ပြန်အိပ်လိုက်ပါ့မယ် Hyung တစ်ယောက်ထဲ ဆို Deluxe က အဆင်ပြေမှာပါ "

"ဘာ~~Luhan မင်းကိုမင်း အပျော်ခရီးထွက်လာတယ်များ မှတ်နေလား အလုပ်ကိစ္စနဲ့ လာတာဟ ၊ မင်း အိမ်ပြန်နေတုန်း ငါ့မှာ ကိစ္စတစ်ခုခု ဖြစ်ခဲ့ရင် မင်း ဘယ်လိုလုပ်မှာလဲ ။ စကားပြန် တစ်ယောက်က ဘာတစ်လုံးမှ နားမလည်တဲ့ အလုပ်ရှင်ကို ပစ်ထားခဲ့မယ် ဆိုတာ အလုပ်တော့ သိပ်မဟုတ်သလိုပဲ ။ အလုပ်ကိစ္စနဲ့ခရီးထွက်လာတယ် ဆိုကတည်းက ၂၄နာရီ တာဝန်ရှိတယ် ဆိုတာ မင်းနားမလည်ဘူးလား "

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Where stories live. Discover now