Ep 3

4.2K 404 11
                                    


Zawgyi Version 

"ဘယ်လို ~ Shanghai ကို လိုက်သွားမယ် ဟုတ်လား သားငယ် "

အိမ်ကို Taxi ဖြင့် ပြန်လာကာ Shanghai လိုက်သွားမယ်ဆိုပြီး အခန်းထဲမှာ လက်ဂေ့ခ်ျတွေ ချ အဝတ်စားတွေ သိမ်းကြုံးထည့်နေသော ရှောင်လုအား နားမလည်စွာဖြင့် လိုက်မေးနေသော Zhang ကတော်~

"ဟုတ်တယ် မား သားအလုပ်ရပြီး Shanghai က ရုံးချုပ်မှာ စကားပြန်လုပ်ရမှာ အဲ့ဒါ ဌာနမှူး hyung က ချက်ချင်းလိုက်ခဲ့ဆိုလို့ လိုက်သွားမလို့ "

"နေစမ်းပါဦး ရှောင်လုရယ် ငါ့မှာ နင်လုပ်သမျှကို ဘယ်လိုမှ နားမလည်နိုင်ဘူး ဖြစ်နေပြီ အခုတွေ့အခုမြင်တဲ့ သူခေါ်ရာကို  လိုက်မယ်ဆိုတော့ နင့်မှာ စဉ်းစားဉာဏ်ရော ရှိသေးရဲ့လားဟင် ??"

မားတစ်ယောက်ကတော့ အခန်းထဲမှာ ပစ္စည်းတွေ ထည့်ပြီး လူးလာခေါက်တုံ့ ပြာယာခတ်နေသော ရှောင်လုနောက် လိုက်ရင်း မေးခွန်းတွေ ထုတ်နေလေသည် ။

"မား သားကျောင်းပြီးရင် ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ခြေထောက်ပေါ် ရပ်တည်ခွင့်ပြုမယ်လို့ ပြောထားတာတွေ မေ့သွားပြီလား "

"မမေ့ပါဘူး အခုဟာက မြန်လွန်းလို့လေ မင်းပြောတဲ့ ကိုရီးယားလူမျိုး ဌာနမှူး ဆိုတာကိုလဲ မားတို့ မမြင်ဖူးသလို သူ့အကြောင်းလဲ မသိသေးဘူးလေ မားက သားကို ဘယ်လိုစိတ်မျိုးနဲ့ သူ့နောက်ကို ထည့်လွှတ်ရမှာလဲ "

"မား ~~သားအခု ကိုရီးယားကို လိုက်သွားမှာလဲ မဟုတ်ဘူးလေ တရုတ်ပြည်ထဲမှာပဲ နေမှာ ။ မဟုတ်တာလုပ် ရောင်းစားကြေးဆိုရင် သားကတောင် ပြန်ရောင်းစားလို့ရသေးတယ် "

"ဪ မဖြစ်သေးပါဘူး မဖြစ်သေးဘူး ဖုန်းဆက်ရမယ် လောင်ကုန်း ~လောင်ကုန်း " ပြောရင်းဆိုရင်း ပါပါးဆီ ဖုန်းတွေခေါ်လိုက် မကိုင်လေတော့ Xing Ge ဆီ ဆက်လိုက်နဲ့ ယောက်ယက်ခတ်နေသော မာမားကို ကြည့်ပြီး ရှောင်လု သက်ပြင်းချလိုက်မိသည် ။ ချက်ချင်းလိုက်သွားဖို့ ဆုံးဖြတ်ချက်ချလိုက်တာကလဲ မားကြောင့်ပါ နောက်ရက်မှ သွားရင် မားကို မခွဲနိုင်တာနဲ့ သွားဖြစ်မှာ မဟုတ်တာကို အသေချာသိနေလေသည်

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Where stories live. Discover now