Ep 7

3.5K 375 34
                                    

Zawgyi Version 

မနက် ၆နာရီ သံပတ်ပေးကာ ကျတော်အိပ်ရာက ထလာတော့ မာမားနဲ့ အိမ်က လူတွေက တအံ့တသြလိုက်ကြည့်နေကြသည် ။အမြဲတမ်း အိပ်ရာကို နေဖင်ထိုးမှ ထသော နမော်နမဲ့ လုဟန်က မနက်ခြောက်နာရီ ထတယ်ဆိုတာက ၁၉နှစ်အတွင်း အကြီးကျယ်ဆုံးသော ကိစ္စတရပ်ဖြစ်လေသည် ။

"မား ~~ကျတော့ကို ခေါက်ဆွဲ "

အခုမှ မနက်စာအတွက့် ပြင်ဆင်နေသော အိမ်တော်ထိန်း အန်တီကြီးနဲ့ မာမားတို့က မျက်လုံးပြူးကြီးနဲ့ လှည့်ကြည့်လာကြပြန်သည် ။

"ဟဲ့ အစောကြီးရှိသေးတယ်လေ အခုမှ မနက်စာအတွက် ပြင်တုန်းပဲ ရှိသေးတာ ခဏစောင့် "

"ကျတော့အတွက် အရင်လုပ်ပေးဗျာ ၉နာရီ မထိုးခင် အလုပ်ကို အမှီသွားရမှာ , မဟုတ်ရင် ဟိုလူကြီးက အသေရစ်မှာ "

"အမ်မလေးတော် အလုပ်ရတာ တပတ်မပြည့်သေးဘူး ရှောင်လုတို့ ပြောင်းလဲစေတဲ့ ဟိုလူကြီးကိုတောင် တွေ့ချင်လာပြီတော် "

မာမားက ပွစိ ပွစိ ရေရွတ်ရင်း ရှောင်လုအတွက် ကော်ဖီတစ်ခွက် ကိုလာချပေးရင်း အိမ်တော်ထိမ်းကို ခေါက်ဆွဲလုပ်ရန် ညွှန်ကြားလိုက်သည် ။ ပြီးတော့ ကော်ဖီသောက်နေသော လုဟန် ဘေးနားမှာ ဝင်ထိုင်ရင်း ~~

"သား အလုပ်က အဆင်ပြေတယ်နော် "

"မားရယ် မနေ့ညပြန်ရောက်ကတည်းကလည်း မေး အခုလဲမေးနေတာ မလုံလောက်သေးဘူးလား " ရှောင်လု စူပုတ်ပွကာ ကွန်ပလိမ်းတတ်လိုက်သည် ။ မနေ့ညကလဲ ပြန်ရောက်ကတည်းက မေးနေလို့ အစဆုံး အသေးစိတ်ကအစ ပြောပြထားပြီးသား ကို ထပ်မေးနေပြန်တော့ စိတ်က သိပ်မရှည်ချင်တော့

"မားက သားအရမ်းစိတ်ပင်ပန်းရင် အိမ်ပြန်လာဖို့ ပြောမလို့ပါ "

"မားရာ ~ သားက ယောက်ျားလေးပါ ဒီလောက်လေးမှ သည်းမခံနိုင်ရင်နောက်ကြ လုပ်ငန်းကြီးတွေ ဘယ်လိုလုပ်မလဲ "

ဟား ဟား ဟား ~~~~~ အော်ရီသံနဲ့ အတူ ရှောင်လုရဲ့ ခေါင်းက ဆံပင်လုံးလုံးလေးတွေကို ဆွဲဖွလိုက်သော Lay Hyung 

" ကလေးက သွားတာ တစ်ပတ် မပြည့်သေးဘူး ဒီလိုတွေတောင် ပြောတတ်နေပြီ မားရေ ကျတော်တော့ စိတ်ချရပြီ " Lay က သဘောကျစွာပြောရင်း စားပွဲမှာ ဝင်ထိုင်လိုက်သည် ။

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Where stories live. Discover now