EP 14 (Sehun Version)

772 150 17
                                    

မျှော်လင့်စောင့်စားခဲ့ရသလောက် မှန်းချက်နဲ့ နှမ်းထွက်မကိုက်သော လမုန့်ပွဲတော် ပိတ်ရက်ရောက်ရှိလို့လာပါသည် ။ Minseok Hyung ကတော့ jongdae က ရုံးထိ လာခေါ်သွားပြီး ChanBaek အတွဲကို ရုံးကအပြန် လေဆိပ်ကို လိုက်ပို့ဖို့က ကျန်ခဲ့သော FA Sehun တာဝန်ကျလေသည် ။Baekhyung Hyung ကတော့ ကျတော့်ကို ကလေးနဲ့ တည့်အောင် နေဖို့ အနိုင်မကျင့်ဖို့ အထပ်ထပ်မှာနေလေသည် ။လေဆိပ်က အပြန်လမ်းမှာတော့ ဆဲဟွန်းက ကားမောင်းပြီး ဘေးမှာ တိတ်တဆိတ် ထိုင်လိုက်လာသော ကလေးကို ကြည့်ပြီး အတွေးတခု ဝင်လာသည် ။"လုဟန် ~ ဆိုဂျူသောက်ဖူးလား ""ဗျာ~ မသောက်ဖူးဘူး""ဆိုဂျူသွားသောက်ရအောင် လမ်းထိပ်မှာ ကိုရီးယားဆိုင် အသစ်ဖွင့်ထားတာရှိတယ် မင်းနည်းမှန် လမ်းမှန် သောက်တတ်အောင် သင်ပေးမယ် ""ဟုတ်ကဲ့ Hyung သွားမယ်လေ" နှစ်ခါတောင် ပြန်မစဉ်းစားပဲ ချက်ခြင်း Reply ပြန်လာသည် ။ ဒါမျိုးကြ တတ်တယ် သောင်ကလေးက"ဒါဆို ကားကို အိမ်မှာ ပြန်ထားပြီးမှ ထပ်ထွက်ကြတာပေါ ညစာလဲ အဲ့မှာပဲ စားမယ် "---------------------ဆိုင်လေးက ဖွင့်ထားတာ မကြာသေးပေမယ့် ကိုရီးယား လူမျိုးအချင်းချင်းမို့ထင်တယ် အရမ်းဖော်ရွေပြီး လိုလေသေးမရှိအောင် service ပေးရှာသည် ။သုံးထပ်သားအကင် ၂ယောက်စာမှာလိုက်ပြီး ထမင်းကြော် တစ်ပွဲမှာလိုက်သည် ။"လုဟန် အစားတွေချည်း လှိမ့်ပိတ်စားမနေနဲ့ "ဗိုက်က ဆာဆာနဲ့ လာချထားတဲ့ ထမင်းကြော် တွေ ငုံ့စားနေလို့ တားလိုက်သည် ။"တကယ့် အသောက်သမား အစစ်မှန်ဆိုတာ အမြည်းမစားဘူးကွ ""အဲ့ဒါဆို အမြည်းက ဘာလို့ မှာထားတာလဲ ""မင်းအတွက်လေ မင်းက အသင်အဆင့်ပဲ ရှိသေးတာ ""အဲ့ဒါဆို Hyung က အမြည်းမစားပဲ ဒီအတိုင်းသောက်မှာပေါ့"ဆဲဟွန်းက ဆိုဂျူပုလင်းကို မြှောက်ပြပြီး တဝက်ပြုံးလေးဖြင့် ပြုံးပြလိုက်သည် ။"ပရော်ဖက်ရှင်နယ် အသောက်သမားတွေက ဆိုဂျုသောက်ရင် အမြည်းအဖြစ် မက်ဂျူ (ဘီယာ) ကို မြည်းကြတယ် ၊ဆိုမက်ပေါ့ ""ဪ အဆန်းကြီးတွေနော် ~~""ဆိုဂျူသောက်ရင် တွဲသောက်တဲ့သူနဲ့ သူတစ်ခွက် ငါတစ်ခွက် လက်ညီမှ သောက်ရတာ အရသာရှိတာကွ , ဒီဆိုဂျုခွက်လေးတွေကို ကြည့်စမ်း တစ်ဂွတ်စာလေးပဲ တွေ့လား " ဆိုဂျူဖန်ခွက်လေးတွေကို မြှောက်ပြသည် (photo)"ဆိုဂျုသောက်ရင် ကိုယ့်ထက် အကြီးရှိရင် သူ့ကို အရင်ဌဲ့ပေးရတယ် ။ ဌဲ့ပေးတဲ့ အခါလဲ ရိုရိုကြိုးကြိုးနဲ့ ပုလင်းကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး ဌဲ့ဖို့ မမေ့နဲ့ ။လူကြီးက ပြန်ထည့်ပေးတဲ့ အခါလဲ ခွက်ကို လက်နှစ်ဘက်နဲ့ သေချာကိုင်ပြီး ခပ်စောင်းစောင်းလေး လက်ခံရတယ်၊ က..."ဆိုဂျုသောက်ရင် ကိုယ့်ထက် အကြီးရှိရင် သူ့ကို အရင်ဌဲ့ပေးရတယ် ။ ဌဲ့ပေးတဲ့ အခါလဲ ရိုရိုကြိုးကြိုးနဲ့ ပုလင်းကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး ဌဲ့ဖို့ မမေ့နဲ့ ။လူကြီးက ပြန်ထည့်ပေးတဲ့ အခါလဲ ခွက်ကို လက်နှစ်ဘက်နဲ့ သေချာကိုင်ပြီး ခပ်စောင်းစောင်းလေး လက်ခံရတယ်၊ ကဲ စမ်းကြည့်ရအောင် "ဆဲဟွန်းက ဆိုဂျူ ပုလင်းကို လုဟန်ထံပေးလိုက်သည် ။"ကဲ ~ ငါ့ခွက်ထဲ ထည့် "သူပြောသလို ပုလင်းကို လက်နှစ်ဖက်ဖြင့် သေချာကိုင်ပြီး သူခပ်စောင်းစောင်းလေးကိုင်ထားသော ခွက်ကလေးထဲ မပြည့်တပြည့်ထည့်လိုက်သည် ။"ငါ ဆိုဂျူလက်ခံတဲ့ ပုံတွေ့လား ""ဟုတ်ကဲ့ Hyung တွေ့ပါတယ် ""အေး ~~ မင်းခွက်ကိုင် ငါပြန်ထည့်ပေးမယ် "ဆဲဟွန်းဌဲ့ပေးသော ဆိုဂျူအား ပြာပြာသလဲလဲ လက်ခံလိုက်ရသည် ။"အင်း မဆိုးဘူး မင်းက တက်လွယ်သားပဲ ""သောက်တော့မယ်ဆိုရင် လူကြီးက မသောက်ခင် မသောက်ရဘူး လူကြီးသောက်ပြီးမှ သောက်ရမယ် ။ သောက်တဲ့ အခါမှာလဲ ဘေးကို လှည့်ပြီး ဖြစ်စေ လက်ကလေးကာပြီး ဖြစ်စေ သောက်ရတာက ဆိုဂျူ့ ယဉ်ကျေးမှူတစ်ခုပဲ ""ဟုတ်ကဲ့ ကျတော် မှတ်ထားပါ့မယ် "ဆဲဟွန်းက ခေါင်းငြိမ့်ပြပြီး ခွက်ကို တစ်ကြိုက်ထဲ မော့လိုက်သည် ။သူသောက်ပြီးလို့ လုဟန်က သာက်မယ် ပြင်ပြီး မသောက်ခင် အနံ့ကို နမ်းကြည့်ပြီး အရသာကို အနည်းငယ် မြည်းကြည့်လိုက်ပါသည် ။"လုဟန် ဆိုဂျူသောက်ရင် အနံ့မနမ်းကြည့်ရဘူး တစ်ကျိုက်ထဲ မော့ရတယ် ။ ဝိုင်သောက်ရင်သာ ဝိုင်ကို ဖောက်ထားတဲ့ သူရဲ့ စေတနာကို အသိမှတ်ပြုတဲ့ အနေနဲ့ အရင်ဆုံး အနံ့ကို နမ်းကြည့်ပြီး ခွက်ကလေးကို လှည့်မွှေပေးပြီး နည်းနည်းခြင်းဆီ အရသာ ခံရတာ ။ အခုတော့ အစမို့လို့ ထားပါတော့ ဘာအရသာရှိလဲ ""ချိုတယ် Hyung""ဟဟဟ ~~ မင်းလို အခုမှ စသောက်တဲ့ သူတွေက ချိုတယ်ပဲ ပြောကြတယ် ၊အဲ့ ချိုချိုလေးကိုပဲ ကောင်းတယ် ဆိုပြီး လစ်မစ် မရှိပဲ သောက်ဖြစ်လို့ ဒုက္ခရောက်တဲ့ သူတွေရှိတယ် ~ကဲ ကဲ သောက်ပါ သောက် "တယောက်တလှည့်စီ ဌဲ့ရင်း တပုလင်းကုန်သွားသည် ။"လုဟန်တွေ့လား ဆိုဂျူပုလင်းတစ်လုံးကို ဆိုဂျုခွက်နဲ့ ၇ခွက်ပဲ ရတယ် ။ ဘာလို့လဲ သိလား ? ""မသိဘူး Hyung""လာသောက်တဲ့ သူတိုင်းက အများအားဖြင့် နှစ်ယောက်လာသောက်တာများတယ်လေ ~ အဲ့ဒီတော့ ၇ခွက်မြောက်မှာ ကုန်သွားတော့ သောက်ရတာ မညီမျှတဲ့ အတွက် နောက်တစ်ပုလင်းထပ်မှာဖြစ်တယ်လေ ။ ဒါဆိုဂျူထုတ်လုပ်တဲ့ သူတွေရဲ့ စီးပွားရေးအကွက်တစ်ခုပဲ ""ဪ "ထိုနေ့က သုံးခွက်နဲ့တင် ရီဝေဝေဖြစ်စပြုနေသောကလေးက ကျတော်ထည့်ပေးတဲ့ နာက်ထပ် ဘယ်နှစ်ခွက်မှန်းမသိသော ဆိုဂျူတွေကို ပါးစပ်ထဲ ထည့်ရင်း ထုံးစံအတိုင်း ကမ္ဘာကြီးက အမှောင်ကျသွားပြန်သည် ။ပြန်လာတော့ အမူးသမားက ထုံးစံအတိုင်း ရစ်ချင်နေပြီ"လုဟန် ~~လမ်းကို တည့်တည့်လျှောက်စမ်း ""Hyung ကျတော်က တည့်အောင်သွားတယ် လမ်းကြီးက ကွေးကောက်နေတာ ""ဟာ~~~ဟေ့ကောင် ဘယ်တွေ လျှောက်တက်နေတာလဲ ၊ဆင်းစမ်း သူများ အုတ်တံတိုင်းပေါ်ကို ""ဘယ်က အုတ်တံတိုင်းလဲ ပလက်ဖောင်းပေါ်တက်တာပါ ။ Hyung လဲ တက်ခဲ့ လမ်းပေါ်လျှောက်ရင် ကားတိုက်လိမ့်မယ် ""ဟာ ~~ ဒီကောင်လေး ပြုတ်ကျတော့မှာပဲ လာစမ်း "ပလက်ဖောင်းပေါ် ဒယိန်းဒယိုင် သွားနေရင်း သူများ အုတ်တတိုင်းပေါ် ကျော်ခွတတ်နေလို့ အတင်းပင် ပွေ့ချီလာရသည် ။ဒါကို ရင်ခွင်ထဲမှာ အငြိမ်ကမနေ ပါးစပ်ကလည်း အော်နေလေရဲ့"အား ~Hyung ကျတော့ ကိုယ်လုံးကြီး လေပေါ်ပျံနေပြီ ကျတော် စူပါမန်း ဖြစ်ပြီ ဝေး~~~""လုဟန် ငြိမ်ငြိမ် နေစမ်း ငါ ပစ်ချလိုက်မှာနော် "ပြောသာ ပြောရတာ မပစ်ချရက်ပါဘူးဗျာ ~အခန်းထဲရောက်လို့ ကုတင်ပေါ် သေချာချပေးပြီး ပြန်ထွက်လာတုန်း ကုတင်ပေါ်က ပြုတ်ကျနေလို့ ဒီညတော့ဒင်းလေးနဲ့ အတူ အိပ်ဖို့ ဖြစ်လာခဲ့သည် ။"လုဟန် သေချာအိပ်စမ်း ကုတင်ပေါ်က ပြုတ်ကျတော့မယ် အလယ်ကို တိုးပြီးအိပ် " ဘေးကို တွန့်လိန် တွန့်လိန် ကွေးတာ ပြုတ်ကျလုနီးနီး ဖြစ်နေသော ကောင်လေးကို လှမ်းလှမ်းဆွဲနေရတာနဲ့ သောက်ထားသမျှ ဘယ်ရောက်ကုန်လဲ မသိတော့ပေ ။"မကျပါဘူး ဒီမှာ သေချာအိပ်နေတာပဲ" မူးနေတော့ လူကို ကတ်ကတ်လန်အောင် ပြန်ပြောနေသည် ။"Hyung စကားမများနဲ့ဗျာ ခင်များကို ပြန်ပြောရတာ ကျတော် မူးပြီး အန်ချင်လာပြီ ""ဟာ ဟေ့ကောင် အန်ချင်ရင် ထ ထ ကုတင်ပေါ် မအန်နဲ့ ""အား~~ထလို့ မရဘူး ကုတင်ကြီးက ဆွဲထားတယ် ဟီး~~အီး~~ဟီး""ဟာ ဒီကောင်လေးကွာ လာစမ်း ~~အာ ~~မငိုနဲ့လေ"ရေချိုးခန်းထဲတွင် ~~~"အန်လေ ~~အန် ~~ ဘာလို ပါးစပ်ပိတ်နေတာလဲ""မအန်ပါဘူး ~~ကျုပ်က Sannamja ဗျ ဒီလောက်လေးနဲ့ အန်စရာလား ~အေ့ အော့ ""ဟာ ဟေ့ကောင် သွားပါပြီကွာ အကျီတွေ ပေကုန်ပြီ ချွတ်ချွတ် ""မချွတ်ဘူး ချမ်းတယ် ""ဟေ့ကောင် ငါ အတင်းကြပ်မလုပ်ချင်ဘူး ချွတ်စမ်း လက်မြှောက် ""ရှောင်လု ငြိမ်ငြိမ် အိပ်စမ်းကွာ ~~ဘာကိတ်စ လူးလှိမ့်နေရတာလဲ""Hyung ~~ အီး ဟီး ဟီး~~~~""ဟေ့ ဟေ့ ဘာလို့ ငိုနေတာလဲ ဘာဖြစ်ပြန်တာလဲ ""ံHYUNG ~~~~HYUNG ~~~ရင်တွေ အရမ်းပူနေတယ် "" Wae ?? Wae ?? Hyung ပျားရည်ဖျော်ပေးမယ် အကျီတွေ မချွတ်ပစ်နဲ့လေကွာ ~~~"ဒါလေးတွေကတော့ အိုဆဲဟွန်း လုဟန်ကို ဆိုဂျုတိုက်လိုက်တဲ့ ကောင်းကျိုးလေးတွေပေါ့ဆဲဟွန်းမှာတော့ အမူးသမားလေးကို ရင်ခွင်နား ထားပြီး တညလုံး ကောင်းကောင်း အိပ်မပျော်ခဲ့ပါချေမနက်စောစော ထပြီး ကလေး အိပ်ရာနိုးလာရင် စားဖို့ ဈေးသွားပြီး ပြင်ဆင်ဖို့ လုပ်နေတုန်း ခေါင်းစုတ်ဖွားနဲ့ ခွေးပေါက်ကလေးက ခြေတရွတ်တိုက်ပြီး ဆင်းလာလေသည်။"နိုးပြီလား ~~ရေခဲသေတ္တာထဲမှာ ဂျင်းနဲ့ ပျားရည် ဖျော်ထားတယ် ယူသောက်လိုက် "" Hyung ဘာတွေ လုပ်နေတာလဲ""Steak လုပ်မလို့ အမဲသားကို ဝိုင်နဲ့ နှပ်နေတာ ""ဝိုး ~~Hyung က ဒါတွေလဲ လုပ်တတ်တာပဲလား " မျက်လုံးလေး အပြူးသားနဲ့ မေးလိုက်ပုံလေးက ထိပ်ကို ထုပစ်ချင်စရာလေးပါ"'ဒါပေါ့ င့ါကို မင်းလိုများ မှတ်နေသလား ""မဟုတ်ပါဘူး ကျတော်က အံ့သြလို့ မေးကြည့်တာပါ ကျတော့်အတွက်ရော ပါလားဟင် ""ပါတာပေါ့ဟ ~~ငါမှ ချက်မကျွေးရင် မင်းဘာစားမှာလဲ အာဂျူးမားတွေကလဲ ပိတ်ရက် မလာကြဘူး မင်းကလဲ ကြက်ဥတောင် ဖြောင့်အောင် ကြော်တတ်မှာ မဟုတ်ဘဲနဲ့ ""ဟီး~~ကျေးဇူးတင်ပါတင် ခင်ဗျ "" Steak က ညနေမှ စားရမယ် လောလောဆယ် ဗိုက်ဆာနေပြီ မဟုတ်လား Hyung ခေါက်ဆွဲပြုတ်ပေးမယ် ခဏစောင့် ဟုတ်ပြီလား "အစားစားရမယ်ဆိုလို့ကတော့ ပြုံးပြုံးကြီးနဲ့ စားပွဲပေါ် မေးထောက်ပြီး ထိုင်စောင့်နေလေရဲ့"ကဲ ရပြီ စားမယ် "ခေါက်ဆွဲပြုတ်အိုးကြီးကို သယ်လာကာ စားပွဲအလယ်ကို ချလိုက်သည် ။ ပြီးတော့ ပန်းကန်လုံးအသေးလေးတစ်ခုထဲသို့ ခေါက်ဆွဲထည့်ကာလုဟန်ရှေ့ကို ထိုးပေးသည် ။ ကိုယ်ကတော့ အိုးအဖုံးကို ယူကာ တူဖြင့် စားဖို့ကော်နေလေပြီ ။" Hyung ကျတော် ထည့်ပေးမယ်လေ ခဏစောင့် ပန်းကန်သွားယူလိုက်ဦးမယ် ""နေစမ်းပါ ဒီအတိုင်းအိုးထဲက နှိုက်စားတာ ပိုကောင်းတယ် ""ဪ ~~အဲ့လိုလား မသိပါဘူး "ခေါက်ဆွဲက ချဉ်စပ်ဖြစ်လို့ စားလို့ကောင်းသော်လည်း အစပ်မစားနိုင်သော ကလေးက တရှူးရှူးတရှဲရှဲဖြင့် ချွေးစေးပြန်နေလေသည် ~" ဘာလဲ မစားနိုင်ဘူးလား စပ်လို့လား မင်းမစားနိုင်မှာစိုးလို့ အစပ်ပေါ့အောင် ကြက်ဥ နဲ့ ရောထားတာ ""ရပါတယ် Hyung ရဲ့ ကျတော် စားနိုင်ပါတယ် ""ဘာစားနိုင်တာလဲ ကြည့်စမ်း ချွေးစေးတွေတောင် ပြန်နေပြီ "ပြောရင်းဆိုရင်း ကလေး နှဖူးမှာ စို့နေတဲ့ ချွေးတွေကို လက်နဲ့ သုတ်ချပေးမိသွားသည် ။"ဒါကို မစားနဲ့တော့ ပဲခေါက်ဆွဲ လုပ်ပေးမယ် ခဏစောင့် "ကလေးရဲ့ ခေါက်ဆွဲပန်းကန်ကို ဆွဲယူကာ သူစားနေတဲ့ အိုးထဲကို သွန်ထည့်လိုက်ပြီး မီးဖိုချောင်ဘက် ထသွားသည် ။ ခေါက်ဆွဲထည့် ရေနွေးအိုးတည်ပြီး စားပွဲဆီကို ပြန်လာကာ ခုနက အိုးထဲက ခေါက်ဆွဲတွေကို ဆက်စားလိုက်သည် ။ကလေးစားလက်စမို့လို့ ထင်တယ် ပလုတ်ပလောင်းစားတာတောင် အရသာရှိလို့ပါပဲ ။တလက်စတည်း မသိချင်ယောင်ဆောင်ကာ ကလေး သောက်လက်စ ရေခွက်အား ဆွဲယူကာ ဂွက်ခနဲ့ ကောက်သောက်သွားပြီး မီးဖိုချောင်ဘက် ထသွားလိုက်သည် ။မီဖိုချောင်ထဲမှာ ဆယ်မိနစ်လောက်နေတော့ ပြန်ထွက်လာတော့ လက်ထဲမှာ ပဲခေါက်ဆွဲ ပန်းကန်ပါလာသည် ။"ကဲ စားပေတော့ ဒါကတော့ အချို "ပဲခေါက်ဆွဲကတော့ ကလေးအကြိုက်ဖြစ်လေတော့ ဟန်မဆောင်နိုင်ပဲ ခေါင်းမဖော်တမ်း စားနေတာတွေ့တော့ ကြည်နူးရပြန်သည် ။"အမလေး အမလေး လုပ်ကျွေးတဲ့သူကို နည်းနည်းမှ မကျွေး ကျေးဇူးတင်စကားတောင် မပြောနိုင်အောင်ပဲ ဒီလောက်တောင် အရသာရှိတာလား ပဲခေါက်ဆွဲက ""ဟီး ~~ အရမ်းကောင်းတယ် Hyung""အာအီးဂု ~~ ကလေးကြနေတာပဲ ခါကြက်ဥနဲ့ ကြက်သွန်ဖက်တွေကိုကြ ချန်ထားတယ် ။ မင်းအစားရွေးနေသမျှ လူကြီးမဖြစ်သေးဘူး လုဟန် ၊ပါးစပ်တွေလဲ ပေပွလို့ "ကိုယ်ပြောတဲ့ စကားကို မျက်လုံးလေး ကလည်ကလည်နဲ့ နှူတ်ခမ်းလေးထော်ထော် လုပ်နေတဲ့ သူလေးရဲ့ နှုတ်ခမ်းလေးကို စုပ်ယူနမ်းချင်စိတ်ကို မနည်းထိန်းက ပေနေသော ပဲအနှစ်တွေကိုသာ လက်မနဲ့ သုတ်ပေးပြီး indirect kiss အနေနဲ့ ပါးစပ်နဲ့ စုပ်လိုက်လိုက်ကာ"အင်း ~ ချိုသားပဲ ပေါ့သွားမှာ စိုးရိမ်နေတာ "အရှက်ပြေ ပြောလိုက်ရတယ်ဆိုပေမယ့် ရင်ထဲမှာတော့ ကုလားဘုရားပွဲလှည့်နေပါသည် ။TBC🔜🔜🔜ကဲ ကဲ ~~ ခင်ညားလေးတို့ ဖတ်ပြီး ဘာမှ လဲ မပြောကြတော့ဘူး ~~ ရေးထားတာ မကောင်းတော့လို့လားဟင် 😢 ဝမ်းနည်းလိုက်တာ ကွန့်မန့်လေးတွေ ဖက်ပြီး အသက်ဆက်နေရပါတာ်ဆို ~~~~ရက်စက်ချက်

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Nơi câu chuyện tồn tại. Hãy khám phá bây giờ