Ep 21

3.4K 368 25
                                    

Zawgyi Version 

"Luhan မင်းက ဘယ်သူ့သဘောနဲ့ အိမ်က ထွက်သွားချင်ရတာလဲ ?မင်းအိမ်ကို သေချာစောင့်ရှောက်ပါ့မယ်ဆိုပြီး ကတိတွေ အထပ်ထပ်ပေးပြီး Minseok Hyung က ခေါ်လာခဲ့တာလေ " Taxi ပေါ်မှာ မပြီးသေးတဲ့ ဇာတ်လမ်းကို ထပ်ကရပြန်ပါပြီ ။ အလွယ်တကူနဲ့ ပြီးသွားမယ် ထင်တဲ့ အကြောင်းရာတစ်ခုက သူနဲ့ကြမှ ဘာလို့ ရှုပ်နေမှန်းကို မသိတော့ပါဘူး ။

"မဟုတ်ပါဘူး Hyung ရယ် Tao နဲ့က မူလတန်းကတည်းက အတူတူပေါင်းလာခဲ့တာမို့လို့ အတူတူသွားနေမလို့ ဆုံးဖြတ်လိုက်တာပါ "

"ဒါပေမယ့် မင်းအိမ်က ယုံကြည်စိတ်ချလို့ ငါတို့နဲ့ အတူထည့်လိုက်တာလေ ပြီးတော့ မင်း ငါတို့နဲ့ ခွဲနေလို့ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ ကြားထဲက ငါတို့ပဲ မျက်နှာပျက်ရမှာ "
တကယ်ဆို အထက်လူကြီး နဲ့ အတူနေရတဲ့ ခံစားချက်က ဘယ်လောက်ပင် လွတ်လပ်တယ် ဆိုပေမယ့် အနည်းငယ်ဖိအားတော့ ရှိတာပါပဲ ။အထူးသဖြင့် ကြောင်ရှာသီးပေါ့ ~ဒီလူကြီးက ရုံးချိန်ပြင်ပက ကိုယ့်ရဲ့ အပြုမူတွေကိုလဲ မပြတ်မလတ်ကြည့်ပြီး ပြောဆိုနေမှတော့ နားချိန်လေးတော့ ခွဲနေချင်မိတာပေါ့ ။အခုလဲ မိန်းမကြီးတစ်ယောက်လို ဗြစ်တောက်ဗြစ်တောက်နဲ့ ပြောဆိုနေပြန်ပါပြီ

"ဟုတ်ကဲ့ပါ Hyung ကျတော် တွေးတာ လွန်သွားတယ် သွားမနေတော့ပါဘူး " စိတ်တွေကလဲ လေ နားတွေလဲ ညီးလာလို့ စကားစဖြတ်ပေးလိုက်သည် ။

"အေး အစကတည်းက စဉ်းစားရမှာ မင်းဦးဏှောက်ကို စဉ်းစားပါ တွေးပါလို့ ပြောသားပဲ အမြဲတမ်း တစ်ထွာတစ်မိုက်ပဲ စဉ်းစားတယ် နောက်ဘာတွေ ဖြစ်လာမလဲ မတွေးဘူး "

သိနေပြီးသားပါ ~မှားပါတယ် ဝန်ခံလဲ ဆက်ပြောနေဦးမယ်ဆိုတာ စိတ်လေလေနဲ့ ကြည့်မိကြည့်ရကြည့်လိုက်တော့လဲ ကြောင်ရှာသီးရဲ့ လက်ချောင်းလေးတွေ ။အမြင်ကပ်ပေမယ့်လဲ ချီးကျူးရဦးမယ် သိလား အဲ့လူကြီးကလေ လက်တွေ ခြေထောက်တွေ အရမ်းလှတာ ။ လက်ကလေးတွေဆို ဖွေးဥပြီး သွယ်လျှဖောင်းနေတာပဲ six pack ရှိတဲ့ ယောက်ျားကြီးတန်မဲ့ပေမယ့် ကျတော့ရဲ့ လက်လောက်တောင် ယောက်ကျားမဆန်ပါဘူး ။ ဘဝပေးကောင်းတယ်ပြောရမှာပေါ့ ။ အခုလဲ Taxi ရဲ့ နောက်မှာ အတူထိုင်ရင်း လွယ်အိတ်ပေါ်တင်ထားတဲ့ သူ့ရဲ့ လက်တွေကို ငေးကာ ကြည့်မိလေတော့ ~

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Donde viven las historias. Descúbrelo ahora