EP 15

3.4K 393 37
                                    

Zawgyi Version 

ကျောက်လမ်းပေါ်မှောက်ရက်လေး ပြုတ်ကျတဲ့ ရလာဒ်က နှဖူးလေး မဆိုသလောက်ပွန်းသွားကာ ဒူးလဲ ပြဲသွားသည် ။ ဆဲဟွန်းက ရှောင်လုအား ဆွဲထူကာ ခွက်ထိုးခွက်လှန်ရီနေလေသည် ။

"Hyung ဘာလို့ ရီနေတာလဲ " လုဟန် စိတ်တိုတိုနဲ့ အော်လိုက်သည် ။

"ဟား ဟား~~~မင်းမှောက်ရက်ပြုတ်ကျနေတဲ့ ပုံစံက ဖားပြုတ်နဲ့ တူလို့ ရီချင်လို့ကွာ ဘာဖြစ်လဲ"

"အဲ့ဒါ ခင်များကြီးကြောင့်လေ ~~~"

"ဟင် ဘာဆိုင်လို့လဲ"  အံမယ် သူ့ကြောင့်ဆိုတော့ မျက်လုံးတွေက အရောင်ပြောင်းကာ လေသံက မာသွားရပြန်သည် ။ မရဘူး ဒီတစ်ခါတော့ မရတော့ဘူး လုဟန်တို့သည်းခံနေလို့  သောင်ကိုရီးယား အချေကောင်ကြီးက ခေါင်းချေးတက်ပါသွားမယ် ~~

" ဆိုင်တာပေှါ့ဗျ ခင်များကြီးကို ၀ိတ်များတယ် ဆိုပြီး  ကျတော် ရှေ့မထိုင်ခိုင်းဘူးလား ပြော"

"မင်းက ရှေ့ဘီးထောင်တတ်တယ်လို့ ပြောလား ~~ပြော ~ပြောစမ်းဘာ "

"ဟင့် ဒါက ခင်များကြီး စဉ်းစားရမှာလေ " ပြောပါတယ် အခုတောင် ခေါင်းချေးတတ်ပါသွားပြီ

"ဒီမယ် ရှောင်လု မင်းကို ငါက အရောဝင်တယ်ဆိုပြီး ပါးယက်နားယက် လုပ်ဖို့ မစဉ်းစားနဲ့ ~ ငါ့ကိုလဲ ပြန်မအော်နဲ့ မင်းထက် ရာထူးရော အသက်ရောကြီးတယ် နားလည်လား ၊ တကတည်းမှပဲ နို့နံမစင်သေးတဲ့ ကလေးဥာဏ်လေးနဲ့ ငါ့ကို စကားနိုင်လာလုမနေနဲ့ ~ကိုယ်လုပ်တာ အချိုးပြေလား စဉ်းစား "

ဆိုင်လားဗျာ ~~ဆိုင်လား ~~အဲ့ဒါလူကြီးတဲ့လား ပြန်ပြောရင် ရှောင်လုပဲ လွန်ရာကြမယ် ၊ပြောချင်တာတွေပြောပြီး ရှေ့ကနေ ကော့တော့ကော့တော့နဲ့ ထွက်သွားတဲ့ သူလူကြီးကို နောက်ကနေ လက်သီးတွေ ပြ ခြေထောက်တွေနဲ့ ကန်လိုက်မိပြန်တော့ ဘေးနားက ဆိုက်ကားဆရာကြီးက ဟိ ခနဲ့ ရယ်လေသည် ။ သူကတော့ ရှေ့က ထွက်သွားပေမယ့် ကိုယ့်မှာတော့ မသွားနိုင်သေးပဲ ဆိုက်ကားဆရာကို ပိုက်ဆံရှင်းပေးကာ ကျန်ခဲ့ရသည် ။ ဒူးပြဲသွားလို့ နာနေပေမယ့် သူလမ်းလျောက်တဲ့ အခါ ကိုယ်က ဆိုက်ကားနဲ့ အခန့်သင့်ထိုင်စီးလာရင် အဆဲတောင်းသလို ဖြစ်ဦးမယ်

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Where stories live. Discover now