Ep 22

3.3K 397 45
                                    

တီ တီ တီ ~~~ ဆူညံစွာထွက်ပေါ်လာသော ဖုန်း Alarm သံကြောင့်
လုဟန် အသိစိတ်ဝင်လာပြီး မျက်စိဖွင့်ကြည့်လိုက်တော့ အိပ်ယာထဲမှာ ၊ နံရံက နာရီကို ကြည့်လိုက်တော့ ၈နာရီ ထိုးနေပြီ ။ လောလောနဲ့ ၀ုန်းခနဲ့ ထလိုက်တော့

အား~~~ ခေါင်းတွေကိုက်လိုက်တာ သေမတတ်ပဲ

အရက်နာကျတယ်ဆိုတာ ဒါမျိုးကို ပြောတာလား မသိဘူး ။ မနေ့ညနေက သက်တံ့ရောင် ကော့တေးလေးကို ကြည့်ရင်း ကာလာတွေ ရောသွားတာထိပဲ သိလိုက်ပေမယ့် အိမ်ကို ဘယ်လိုလုပ် ရောက်လာမိသလဲ မစဉ်းစားနိုင်သေးဘဲရေချိုးခန်းထဲကို ၀ုန်းခနဲ့ ပြေးဝင်ပြီး ရေကို ၅မိနစ်နဲ့ အပြီးချိုးကာ တီရှပ်နဲ့ ဂျင်းဘောင်းဘီကို အလွယ်ကောက်ဝတ်လိုက်သည်  ။  ကုတင်ဘေး စားပွဲပေါ်က လွယ်အိတ်ကို ဆွဲပြီး အောက်ထပ်ကို အပြေးဆင်းလာခဲ့လေသည် ။  Minseok Hyung  က ထမင်းစားချိန် နောက်ကျတာ မကြိုက်ပါဘူး ။ ထမင်းစားပွဲကို ရောက်တော့ အားလုံးက စားနေပြီ ။

"အမူးသမားလေး နိုးပြီလား "Baekhyung Hyung က ပါးစပ်ထဲက ထမင်းပလုတ်ပလောင်းနဲ့ နှုတ်ဆက်လေသည် ။ Chanyeol Hyung  ကတော့ ကျတော့်ကို ကြည့်ပြီး စပ်ဖြဲဖြဲနဲ့ ပြုံးလို့ နေပါသည် ။

"ပဲပိစပ် ဟင်းချိုလေး သောက်လိုက် ရှောင်လု သူက Hangover အတွက် အထောက်ကူဖြစ်တယ် " Minseok Hyung က ပဲပိစပ်ဟင်းရည် ပန်းကန်ကို ကျတော့်ရှေ့ကို တိုးပေးရင်းပြောသည် ။ ရေချိုးထားပေမယ့် အခုချိန်ထိ အုံခဲနေသော ခေါင်းကြောင့် အသံမထွက်နိုင်ပဲ ခေါင်းပဲ အသာယာညိမ့်ပြလိုက်တော့ Minseok Hyung က

"နေမကောင်းရင် တစ်ရက်နားလိုက်လေ ရှောင်လု"

"ဘာတွေများ တော်နေလို့ နားရမှာလဲ" တချိန်လုံး ဘာစကားမှ မပြောဘဲထမင်းသာ သဲကြီးမဲကြီးစားနေသော ဆဲဟွန်းဆီမှ အသံကြီး ဟိန်းခနဲ့ ထွက်လာသည် ။

"လူမှန်းသူမှန်းမသိအောင် သောက်လာတဲ့ သူက ဘယ်နေရာများ လိမ်မာနေလို့ တစ်ရက် နားခိုင်းနေရတာလဲ ~အရက်တောင် သောက်တတ်သေးတာပဲ အလုပ်လဲ လုပ်ရမယ် ဆိုတာ နားမလည်ဘူးလား " စားလက်စ တူကို စောင့်ချလိုက်ပြီး တရစပ်ထွက်လာသော စကားများပင် ဖြစ်သည် ။

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Onde histórias criam vida. Descubra agora