Zaygyi Version
ပတ်စ်ပို့က Check in လုပ်ကတည်းက ရှော့ပင်းမောထဲ သွားပြီးမှ ယူမယ်ဆိုပြီး မေ့လာခဲ့ကြတာဖြစ်လေသည် ၊ ရလာဒ်အနေဖြင့် နှစ်ယောက်လုံး မသင်္ကာမှုနဲ့ ရဲစခန်းကို လိုက်သွားရတာ ဖြစ်လေသည် ။ ရဲစခန်းမှာ ပြောကြ ဆိုကြ မေးကြ မြန်းကြသည်မှာ ချမ်းအေးလွန်းတဲ့ ဆောင်းရာသီ ညနေပိုင်းမှာ ကျတော် ရေသုံးဘူး ကုန်သည် အထိ အာခြောက်အောင် ဘာသာပြန်ရလေသည် ။ ပါပါးတို့ကိုဖုန်းဆက်လိုက်ရင် တစ်ခါတည်းပြီးမယ့် ပြသနာ ဆိုပေမယ့် ကျတော်ရဲ့ ပြသနာကို အိမ်ကို မသိစေချင်ပါ ။ သိသွားရင် မာမားက အိမ်ကိုအတင်းပြန်ခေါ်မှာလဲ ကြောက်ရလေသည် ။ ပတ်စပို့ မပြနိုင်ပါက ဒီည အချုပ်ခန်းထဲတွင် အိပ်ရမည် ဆိုသောကြောင့် ဆဲဟွန်းတစ်ယောက် အကြီးကျယ် ပေါက်ကွဲလေတော့သည် ။ ရဲစခန်းထဲကနေ လုဟန့်အား ဆွဲထုတ်လာရင်း အပြင်ရောက်တော့
"လုဟန် ဒီပြသနာမှာအဓိက တာဝန်ရှိတာ ဘယ်သူလဲ??"
ဆဲဟွန်းပြောတာကို နားမလည်သဖြင့် ပြူးကြောင်ပြီး ကြည့်နေစဉ် ~~
"ဘာကြည့်တာလဲ အဓိက တာဝန်ရှိတာမင်းလေ ~~ မင်းအသုံးမကျ လို့ ဒီလိုအဖြစ်မျိုးတွေ ဖြစ်ရတာ ။ ငါ ပတ်စပို့ မေ့နေရင် မင်းက သတိပေးရမယ်လေ ။ မင်းက စကားပြန်ဆိုပေမယ့် ဒေသအကြောင်းမသိတဲ့ ငါ့ကို မင်း တာဝန်ယူရမယ်လေ ဒီလမ်းတွေ သွားရင် ဒီလိုတွေ စစ်တတ်တယ် ဆိုတာ မင်း စုံစမ်းထားသင့်တယ် ။ တကယ်လို့ လူရမ်းကားတွေ ရှိတဲ့ အရပ်ဆိုရင် ငါ အသက်ပါသွားမှာပေါ့~ ငါ့ရဲ့ အလုပ်တွေကို မင်းနဲ့ အတူတွဲလုပ်ဖို့တောင် တော်တော် ပြန်စဉ်းစားရတော့မယ် မင်းက ငါ့ကို ကူညီရာ မရောက်ဘူး ဒုကပေးနေတာပဲ "
လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ဟစ်ပြောဆိုနေသော ဆဲဟွန်းကြောင့် လုဟန်ခင်မျာ ၀မ်းနည်းခြင်းကြီးစွာနဲ့ မျက်ရည်ပေါက်ကြီးများ ကျလာပါတော့သည် ။တစ်ခွန်းထက် တစ်ခွန်း ပိုမို ပြင်းထန်လာသော စကားတွေကို လုဟန် ဆက်ပြီး နားထောင်နိုင်စွမ်း မရှိတော့ချေ
"ဘာ ငိုနေတယ် ဟုတ်လား ~~ မင်းအသက် ၂၀ ရှိနေပြီ ငိုနေရအောင် မင်းက ကလေးလား အခြောက်လား ~~" မျက်ရည်များ ပေါက်ပေါက် ကျနေသော လုဟန့်ရဲ့ ပုခုံးကို ဆုပ်ကိုင်လာ လှုပ်ရမ်းရင်း
YOU ARE READING
A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)
FanfictionLuhan -ခင်များကြီးနော် တနေ့နေ့ ကျုပ်လက်ချက် မိမယ်သာမှတ် အဲ့ကြမှ အလုကယ်ပါ မလုပ်နဲ့ ချေမိုးပစ်မယ် Sehun -ချာတိတ်ရာ မင်းငယ်ပါသေးတယ် ~~မင်းပါးစပ်ဟလိုက်တာနဲ့ ဘာပြောမယ်ဆိုတာတောင် သိရလောက်အောင် ရိုးသားလွန်းတယ်