Ep 29

3.5K 448 94
                                    

Zawgyi Version 

Good Night ကိုယ့်ရဲ့ ကလေးလေး~~

ဘာလဲ ~ အဲ့ဒါ ဘာကိုဆိုလိုတာလဲ ???

ငါ့ရဲ့ပါးကို ကြောင်လျှာသီးကြီးက ဘာလို့ နမ်းတာလဲ

ငါက အရမ်းပဲ ကလေးဆန်လွန်းနေပြီလား ??

ကြောင်လျှာသီးကြီးက ကိုရီးယားမှာ ကျန်ခဲ့တဲ့ သူရဲ့ ကလေးကိုများ သတိရလို့လား ??

သူ့ကလေးကို သတိရနေလို့ ငါ့ကိုများ သူ့သားလို့ သတ်မှတ်နေတာလား ???

သူက FA မဟုတ်ပဲ မိန်းမရှိနေတဲ့ သဘောပေါ့ , ဒါဆို Baekhyung Hyung က လိမ်ပြောနေတာလား

အေးလေ~သူတို့လဲ မသိဘူးထင်တယ်

အား~~~မသိဘူး မသိဘူး ဘာတွေလဲ ဘာတွေလဲ

မနက်ကြ ကြောင်လျှာသီးကြီးကို မေးကြည့်ရမလား , အမ် မေးလို့ ဖြစ်ပါ့မလား သူက ငါ အိပ်နေပြီ ထင်လို့ လုပ်သွားတာပဲ ။မအိပ်ဘူးဆိုရင် ငါပဲ ဆူခံရမှာ ~~ သူ့ သားလေးကို သတိရနေတယ် ဆိုရင် သနားရှာပါတယ်လေ ဒီအတိုင်းပဲ မသိချင်ယောင် ဆောင်နေမှပါပဲ

ကုတင်ပေါ်မှာ ကောင်လေးတစ်ယောက် လူးကာလွန့်ကာ တော်တော်နဲ့ အိပ်မပျော်နိုင်ပဲ အတွေးနယ်ချဲ့နေပါသည် ။ ကုတင်ပေါ် ထိုင်လိုက် ပြန်လှဲအိပ်လိုက် ဇောက်ထိုးနေလိုက်နဲ့ လုဟန် အတွေးနယ်ချဲ့နေသည်မှာ မနက်ရောက်ခါနီးမှ အိပ်ပျော်သွားတော့သည် ။ မနက်နိုးလာလို့ နာရီကြည့်လိုက်တော့ ၁၁ခွဲနေပြီ ~~ မျက်နှာသစ် ရေမိုးချိုးပြီး အောက်ထပ် ဆင်းလာတော့ ဆဲဟွန်းကို မတွေ့ရပေ ။ဗိုက်က ဆာနေသလို ဘာစားမလဲ မသိဖြစ်နေစဉ် အရသာရှိတာတွေ လုပ်ကျွေးတတ်တဲ့ ဆဲဟွန်းကို သတိရမိသည် ။ အပေါ်တက်ကြည့်တော့

ဆဲဟွန်းကြီး အခန်းကလဲ တံခါးဖွင့်ထားသလို အထဲမှာလဲ လူမရှိပေ ။ တနေရာရာများ သွားနေသလား မသိ ~~

ပျင်းပျင်းနဲ့ အောက်ဆင်းကာ မီးဖိုချောင်ထဲ ဝင်ကာ ခေါက်ဆွဲပြုတ်ရန် ရေနွေးတည်လိုက်သည် ။ ခေါက်ဆွဲထုတ်ကို ကိုင်ရင်း စားပွဲပေါ်မေးထောက်ကာ ပြန်အိပ်ငိုက်နေခိုက် ~~ ဘုတ်ခနဲ့ ဇာတ်ပိုးကို ရိုက်လိုက်သောအရှိန်ကြောင့် လူက အလန့်တကြား ပြန်နိုးလာခဲ့သည် ။

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Where stories live. Discover now