"Sehun မင်း ရှန့်ဟိုင်းရုံးခွဲကို ပြောင်းရမယ် "အာဏာစက်ကြီးမားသော ဖခင်ရဲ့ တစ်ချက်လွှတ်အမိန့်နဲ့ မလာချင် လာချင်နဲ့ ရှန့်ဟိုင်းရုံးကို ရောက်လာခဲ့သည် ။ Xiumin Hyung နဲ့ Chanbaek couple က ရှိနှင့်နေသောကြောင့်လဲ ဘာတစ်ခွန်းမှ မပြောဘဲငြိမ်နေလိုက်ခြင်းလဲ ဖြစ်သည် ။"ဟဲ့ အသစ်ရောက်လာတဲ့ ဌာနမှုးက ဆိုးတယ်လို့ကြားတယ် ""အေး~~ ကိုရီးယားရုံးမှာ ဆိုးဝါးလွန်းလို့ ရာထူးချပြီး ဒီဘက်ကို ရောက်လာတာ နေမယ် ""ဟယ် နင်ကလဲ ဘယ်ဟုတ်ရမှာလဲ အရမ်းစည်းကမ်းတင်းကြပ်ပြီး အလုပ်အရမ်းလုပ်တာ တော်လွန်းလို့ လက်အောက်ငယ်သားတွေက မလိုက်နိုင်တဲ့ အခါ ပြသနာတွေ ခဏခဏ တတ်တယ်တဲ့ , ရှန့်ဟိုင်းရုံးကို ထုတ်ကုန်တိုးမြှင့်ဖို လွှတ်လိုက်တာတဲ့ ""အံမယ် ညည်းက သိလှချည်လား ""သိဆို စကားပြန် အဆင်လေး Lucas ကို ကပ်မေးထားတာဟ ""ဘယ်လိုအဖိုးကြီးမျိုးတွေ လာဦးမှာလဲ မသိဘူး~~ စိတ်လေပါတယ်ဟယ် "ဒီနေ့ Hyung တွေနဲ့ လိုက်မလာပဲ ရုံးကို လေ့လာချင်လို့ ကိုယ့်ဘာသာ သီးသန့်တစ်ယောက်ထဲ အရင်လာခဲ့လိုက်သည် ။Reception က ဝန်ထမ်းတရုတ်မ နှစ်ယောက်ပြောနေတာ တစ်စွန်းတစ်စ နားလည်တစ်ချက် နားမလည်တစ်ချက်နဲ့ နားစိုက်နားထောင်နေလိုက်ပြီး တစ်ချက် ပြုံးမိရပြန်သည် ။ဟုတ်ပါတယ် သူတို့ပြောသလိုပဲ ကိုယ်က စည်းကမ်းကြီးပြီး တိကျ ဇီဇာကြောင်တာ မှန်ပေသားပဲ ။ အလုပ်နဲ့ ပတ်သတ်လာရင် နည်းနည်းမှ အမှားမခံတတ်တာ ကိုယ့်ရဲ့ အကျင့် ~ ကိုယ်အဖေပိုင်တဲ့ လုပ်ငန်းစုဖြစ်ပေမယ့် လုပ်ငန်းခွင်ထဲမှာ အောက်ခြေကစပြီး လေ့လာကာ လစ်ဟာမှုမရှိအောင် နေခဲ့သည်မှာ ယနေ့အချိန်ထိပင် ။အထက်တန်းကျောင်းသားဘဝ ကတည်းက စည်းစနစ်ကြီးတဲ့ အဖေရဲ့ လက်အောက်မှာ လုပ်ငန်းတွေကို သင်ယူလာခဲ့သူ ဖြစ်လို့ တော်ရုံနဲ့ တက်မလာနဲ့ Sehun ရဲ့ လက်အောက်မှာ ပြားပြားဝပ်သွားစေသူပါ ။အဓိကကတော့ ကိုယ့်ရဲ့ လုပ်ငန်းစုထဲမှာ အရည်ချင်းရှိသော ဝန်ထမ်းတွေသာ ရှိစေချင်လို့ ဖြစ်သည် ။ကိုယ့်အကြောင်းကို တွေးနေရင်း Xiumin Hyung တို့ ရောက်လာတော့ သူတို့နဲ့ အတူ ရုံးခန်းထဲ လိုက်ခဲ့တော့ Reception က တရုတ်မလေး နှစ်ယောက် ဇတ်ပုကျန်နေခဲ့လေသည် ။ရှန့်ဟိုင်းရောက်လာပြီး ၂လကြာသည် အချိန်ကုန်ဆုံးသွားပေမယ့် စကားပြန် အခက်ခဲကြောင့် အလုပ်က ထင်သလောက်မတွင်ခဲ့ပေ ။ ကိုယ်ကလဲ တရုတ်စကားက မတတ်တခေါက်သာ တက်လေတော့ ဘယ်လိုမှ အဆင်မပြေပေ ။"Hyung စကားပြန်ရှာပေးဗျာ ""အေးပါ လာတဲ့ သူတွေလဲ မင်းက ကြေးများနေတာလေ""စကားပြန်ကို စကားပြန်ရှင်းပြနေရမယ့် အရည်ချင်းမျိုးတွေ ကျတော် မလိုချင်ဘူး Hyung""အေးပါကွာ ~ ငါလဲ ကြိုးစားရှာနေတာပဲ Kris ကနေ တဆင့်လဲ အမြဲ မေးနေတာပဲကို ""ပြီးတာပဲ တတ်နိုင်သလောက် အမြန်ရှာပေး Lucas နဲ့ စိတ်ကို မရှည်တော့ဘူး ထစ်အ ထစ်အနဲ့ ""ဟုတ်ပါပြီ ~~ စိတ်တော် နည်းနည်းလေးလျော့ Sehun ရယ် ,ဒါနဲ့ မနက်ဖြန် ကိုယ် ဘေဂျင်းကို သွားမှာနော် ""အင်း သွားသွား~~ "Lucas က ကိုရီးယားစကား သိပ်မရတော့ ဆဲဟွန်းသိပ်စိတ်မရှည်ပါ ။ အမြဲ အော်နေ ဆူနေတော့လဲ Lucas ကလဲ ကိုယ့်ဆို သိပ်မကပ်ချင်ပေ ။ကြားထဲမှာ စကားပြန် ၂ယောက်လာခဲ့ဖူးတယ် ဆိုပေမယ့် ကိုယ့်ရဲ့ စိတ်နဲ့ မတွေ့လို့ အော်မိလေတော့ ရက်ပိုင်းနဲ့ပဲ ထွက်သွားကြလေတော့ ရှိတဲ့ Lucas ကိုသာ ငျေးဇူးတင်ရမလို ဖြစ်နေသည် ။ Win Win ရှိတယ် ဆိုပေမယ့် Lucas ထက် မလျော့တော့ Skill နဲ့ဆိုတော့ သိပ် မသုံးမဝင်သလို သူ့ကို Baekhyung Hyung က အကောင့်ဘက်မှာဂသုံးနေတော့ မခေါ်ဖြစ်ခဲ့ပေ ။--------------------------Ring ~~Ringတမနက်ခင်းလုံး စက်ရုံထဲ production အတွက် လှည့်ပတ်နေသောကြောင့် ရုံးခန်းထဲ ဖုန်းထားခဲ့ခြင်းဖြစ်သည် ။ဘယ်အချိန်ကတည်းက အော်နေမှန်းမသိသော ဖုန်းကို ရှာပြီးကိုင်လိုက်တော့ Xiumin Hyung"Hyung ဘေဂျင်းမှာ အဆင်ပြေရဲ့လား ""အပြေတွေ လွန်နေတာ ~~ ဆဲဟွန်း စကားပြန် ယူမှာနော် ""ယူမှာမို့လို့ ရှာခိုင်းနေတာပေါ့ ""အေးပြီးရော ~~ ဒီမှာ ငါကို ဘာသာပြန်ပေးတဲ့ ကလေးတွေက တော်တော်လေး တော်တယ်ကွ သူရှန့်ဟိုင်းလိုက်နိုင် မလိုက်နိုင် မေးလိုက်မယ် ""ခဏ နေပါဦး Hyung ရယ် သူ့နဲ့ စကားပြောကြည့်ဦးမယ် ""ပြောမနေနဲ့တော့ သူလိုက်ရင် ငါတော့ ခေါ်ခဲ့တော့မယ် မင်းသူ့အသံနားထောင်ချင်ရင် ငါ သူနဲ့ စကားပြောပြမယ် မင်း ဖုန်းထဲက နားထောင် " Hyung က ပြောပြောဆိုဆိုလုဟန် ဆို ခေါ်လိုက်သည် ။ကလေးတစ်ယောက်လို ချိုချိုအီအီ အသံလေးနဲ့ ပြန်ထူးလိုက်သံလေးကြားလိုက်ပြီး Hyung နဲ့ အပြန်လှန်ပြောနေတာတွေက ကြားတချက် မကြားတစ်ချက် ~~"အသံလေးက ချစ်စရာကောင်းလိုက်တာ " စိတ်ထဲကနေ ဖြစ်ပေါ်လာတဲ့ စကားတွေက ယောင်ပြီး အပြင်ထွက်လာတော့ Xiumin Hyung က အသံအုပ်အုပ်လေးနဲ့"ဟေ့ကောင် လူလေးကလဲ ချစ်ဖို့ကောင်းတယ်ကွ "Hyung ရဲ့ စကားကြောင့် တဟားဟားဟားရယ်လိုက်မိသည် ။"Hyung ရာ လူထက် အလုပ်သေချာလုပ်ဖို့နဲ့ စကားတတ်ဖို့ပဲ လိုတယ် ""အာ့ဆို စိတ်သာချလိုက်တော့ ဆဲဟွန်း ငါခေါ်လာခဲ့ပြီမှန်လိုက်တော့ "အဲ့ဒီ Hyung ကလေ သူလုပ်ချင်တာဆို လုပ်ကို လုပ်လိုက်ရမှကျေနပ်တဲ့ သူမျိုး ခေါ်လာလဲ ကိစ္စမရှိပါဘူး မဆင်မပြေရင် Lucasပဲ ပြန်သုံးရုံပဲပေါ့--------------ညနေပိုင်းရောက်တော့ Xiumin Hyung က ဖုန်းထပ်ဆက်လာပြန်သည် ။"အဲ့ဒီကလေးလေးကို အိမ်ခေါ်လာမှာတဲ့ ""ဝန်ထမ်းအဆောင်မှာထားလေ " ဆိုတော့ သူလေးက Zhang Group ရဲ့ သားအငယ်လေးတဲ့ ။ သူ့မိသားစုက သေချာအပ်လိုက်တယ် ဆိုပဲ ဒီကောင်လေးကတော့မလာခင်ကတည်းက ဇာတ်လမ်းလေးတွေနဲ့ ~~ Zhang Group သားမကလို့ ဘိုးအေကြီးဖြစ်လဲ ကိုယ်နဲ့ အဆင်မပြောရင်တော့ မပြေသလို ပြောရမှာပဲ ။ညစာစားပြီး အားလုံး ဧည့်ခန်းမှာ စုပြီး အသီးစားရင်း TV ကြည့်နေတုန်း Xiumin Hyung ပြန်လာပုံရသည် ။Baekhyung Hyung ကတော့ ဆိုဖာပေါ် ထိုင်နေတဲ့ Chanyeol Hyung ရဲ့ ခြေထောက်တွေကြားထဲ ဝင်ကာ မှီထိုက်နေရင်း စတော်ဘယ်ရီသီးကို ခက်ရင်းနဲ့ ထိုးစားနေပြီး ဆိုဖာ အလည်တည့်တည့်မှာ ရှေ့က စားပွဲပေါ် ခြေထောက်တင်ကာ TV remote ကို ကိုင်ကာ မေးကို ထောက်ထားသော ထားရင်ူ ဝင်လာသော လုဟန်ဆိုတဲ့ ကလေးကို သုံးယောက်လုံးက လှည့်ကြည့်လိုက်ကြတာ ဖြစ်ပေမယ့် ပြူးကျယ် ဝိုင်းစက်နေသော သမင်မျက်လုံးလေး တစ်စုံေုကာင့် ရင်ထဲမှာ ဒိုင်းခနဲ့ မြည်ဟီးကာ ရင်တွေတုန်လာရပါတော့သည် ။"ကဲ နှုတ်ဆက်လိုက်ကြဦး ဒါ ငါတို့ကို စကားပြန်လုပ်ပေးမယ့် Luhan တဲ့ "Xiumin Hyung က မိတ်ဆက်ပေးလိုက်သည်Baekhyung Hyung က ထလာပြီး လုဟန်လက်ကို ဆွဲကာ" အန်ညောင် ငါက Baekhyung ပါ ၊ ပင်ပန်းနေပြီပေါ့ ""အာ မပင်ပန်းပါဘူး ရပါတယ် ခင်ဗျ "ပြာပြာသလဲ ငြင်းလိုက်တော့ Chanyeol ထရယ်လေသည် ။ ကိုကတော့ သူ့ရဲ့ ကြယ်လိုလက်လက်ထနေတဲ့ မျက်လုံးတွေကို ငေးမောရင်းက ဘာစကားမှ မထွက်နိုင်အောင်ပါပဲ ။"ဝိုး ~ကိုရီးယားစကား တော်တော် ပီတာပဲ , ကိုယ်က Chanyeol ပါ ""ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်ဗျ ၊လိုအပ်တာတွေ ရှိရင် သင်ပြပေးပါနော် "" ဟား ဟား ~ ဟုတ်ပါပြီ ဒီဘက်မှာ ထိုင်နေတာက Sehun တဲ့ " မိတ်ဆက်ပေးလိုက်ပေမယ့် တင်းတင်းစေ့နေသော နှုတ်ခမ်း ဖြင့် လူရော ခေါင်းရော မရွေ့ပဲ မျက်လုံးသာ ရွေ့ပြီး အသိမှတ်ပြုသလို တချက် ကြည့်လိုက်သည်ကို ဒီကလေးလေး တစ်ချက်တုန်သွားတာကို သတိထားမိလိုက်သည် ။အမလေး ဒုက္ခပါပဲ ရုတ်တရက်ဆိုတော့ စကားတွေက မထွက်ဘူး ဒီကလေးက ဘယ်လို လူကြီးပါလိမ့် ဆိုထင်ပြီး ငါ့ကို မကြည်တော့ဘူးလား မသိဘူး ~~မျက်လုံးအကြည့်တချက်ထဲနဲ့ တွေ့တွေ့ချင်းကို ငါရင်အစုံကို ပြောင်းဆန်အောင် လုပ်နိုင်တာ မင်းက ဘာကောင်လေးလဲ Luhan ရယ် ~~~TBC🔜🔜🔜ခင်ညားလေးတို့ရေ~~ Sehun version လေး လာပြီနော်Luhan Version လေးကတော့ မနေ့က အဆုံးသတ်လိုက်တော့ စကားသံတွေ အများကြီးထွက်လာကြတယ်နော် ~တန်းလန်းကြီး ထားခဲ့ကြတယ် ဘာညာပေါ့သာသာက Sehun version ရေးဦးမှာ ~ ရှောင်လုဆီပြန်လာတဲ့ အထိပေါ့ရှောင်လုဆီ ပြန်ရောက်မှ Extra ဆက်မှာဘာ~~ဟွင်းဟွင်းတကယ်လို့ မစောင့်နိုင်ရင်တော့ Sehun version ကို မရေးတော့ပါဘူးနော်Sehun version ကို ဖတ်ကြမှာလားဟင် ???
YOU ARE READING
A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)
FanfictionLuhan -ခင်များကြီးနော် တနေ့နေ့ ကျုပ်လက်ချက် မိမယ်သာမှတ် အဲ့ကြမှ အလုကယ်ပါ မလုပ်နဲ့ ချေမိုးပစ်မယ် Sehun -ချာတိတ်ရာ မင်းငယ်ပါသေးတယ် ~~မင်းပါးစပ်ဟလိုက်တာနဲ့ ဘာပြောမယ်ဆိုတာတောင် သိရလောက်အောင် ရိုးသားလွန်းတယ်