Zawgyi Version
"လုဟန် သေချာအိပ်စမ်း ကုတင်ပေါ်က ပြုတ်ကျတော့မယ် အလယ်ကို တိုးပြီးအိပ် "
"မကျပါဘူး ဒီမှာ သေချာအိပ်နေတာပဲ" ကြောင်ရှာသီးကြီးကလဲစကားများလိုက်တာ သူ့ကို ပြန်ပြောရတာ လူက အန်ချင်လာပြီ
"Hyung စကားမများနဲ့ဗျာ ခင်များကို ပြန်ပြောရတာ ကျတော် မူးပြီး အန်ချင်လာပြီ "
"ဟာ ဟေ့ကောင် အန်ချင်ရင် ထ ထ ကုတင်ပေါ် မအန်နဲ့ "
"အား~~ထလို့ မရဘူး ကုတင်ကြီးက ဆွဲထားတယ် ဟီး~~အီး~~ဟီး"
"ဟာ ဒီကောင်လေးကွာ လာစမ်း ~~အာ ~~မငိုနဲ့လေ"
ရေချိုးခန်းထဲတွင် ~~~
"အန်လေ ~~အန် ~~ ဘာလို ပါးစပ်ပိတ်နေတာလဲ"
"မအန်ပါဘူး ~~ကျုပ်က Sannamja ဗျ ဒီလောက်လေးနဲ့ အန်စရာလား ~အေ့ အော့ "
"ဟာ ဟေ့ကောင် သွားပါပြီကွာ အကျီတွေ ပေကုန်ပြီ ချွတ်ချွတ် "
"မချွတ်ဘူး ချမ်းတယ် "
"ဟေ့ကောင် ငါ အတင်းကြပ်မလုပ်ချင်ဘူး ချွတ်စမ်း လက်မြှောက် "
"ရှောင်လု ငြိမ်ငြိမ် အိပ်စမ်းကွာ ~~ဘာကိတ်စ လူးလှိမ့်နေရတာလဲ"
"Hyung ~~ အီး ဟီး ဟီး~~~~"
"ဟေ့ ဟေ့ ဘာလို့ ငိုနေတာလဲ ဘာဖြစ်ပြန်တာလဲ "
"ံHYUNG ~~~~HYUNG ~~~ရင်တွေ အရမ်းပူနေတယ် "
" Wae ?? Wae ?? Hyung ပျားရည်ဖျော်ပေးမယ် အကျီတွေ မချွတ်ပစ်နဲ့လေကွာ ~~~"
ဒါလေးတွေကတော့ အိုဆဲဟွန်း လုဟန်ကို ဆိုဂျုတိုက်လိုက်တဲ့ ကောင်းကျိုးလေးတွေပေါ့
အိပ်ရာက နိုးလာတော့ ၁၀နာရီထိုးနေပြီး ခေါင်းထဲမှာ ကြပ်ခဲကြီး ဖြစ်နေသလို လူတစ်ကိုယ်လုံးကလဲ ဖောရောင်နေသလို ခံစားရသည် ။ လက်တွေဆုပ်လိုက်တော့ သေချာစွာ ဆုပ်ကိုင် မမိသလို ဖောင်းကားနေတာ တွေ့ ရသည် ။ လေးပင်စွာနဲ့ပဲ ကုတင်ပေါ်က ဆင်းပြီး ရေချိုးခန်းထဲ ၀င်လိုက်တော့ မျက်လုံးတွေ ဖောင်းအစ်နေကာ တစ်ကိုယ်လုံးလဲ ကုတ်ရာ ဖဲ့ရာတွေ အပြည့်နဲ့ပါ ။ အကုန် မမှတ်မိပေမယ့် မနေ့ညက တော်တော်လေး ခံလိုက်ရတာတော့ သိသည် ။ လည်ပင်းက ယားနေလို့ ကုတ်ရင်း အရည်ပြား အဖတ်လေးတွေ ကွာလာတာ တွေ့ တော့ ဆွဲခွာလိုက်တာ အချပ်လိုက်ပါလာလေသည် ။ ရေပါ တစ်ခါတည်း ချိုးပစ်လိုက်ကာ တီရှပ်အပွ တစ်ထည်နဲ့ ဘောင်းဘီအတိုအား ဖြစ်သလို ကောက်စွပ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည် ။ မီးဖိုချောင်ထဲမှာ တလှုပ်လှုပ်လုပ်နေတာကို တွေ့ လို့ ၀င်ကြည့်လိုက်တော့ ကြောင်ရှာသီးကြီးပါ ~~
![](https://img.wattpad.com/cover/156278748-288-k403319.jpg)
YOU ARE READING
A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)
FanfictionLuhan -ခင်များကြီးနော် တနေ့နေ့ ကျုပ်လက်ချက် မိမယ်သာမှတ် အဲ့ကြမှ အလုကယ်ပါ မလုပ်နဲ့ ချေမိုးပစ်မယ် Sehun -ချာတိတ်ရာ မင်းငယ်ပါသေးတယ် ~~မင်းပါးစပ်ဟလိုက်တာနဲ့ ဘာပြောမယ်ဆိုတာတောင် သိရလောက်အောင် ရိုးသားလွန်းတယ်