Zawgyi Version
မနေ့နေ့လည်က ဆဲဟွန်းပြန်လာတာ နောက်ရက် ခရီးသွားမှာမို့လို့ပြန်လာတာ ဖြစ်ကြောင်း အခုမှ တွေးမိတော့သည် ။ ဒီတစ်ခါတော့ တစ်ပတ်ကျော်လောက် သွားမှာ ဖြစ်လို့ ဆဲဟွန်းရဲ့ ပက်စ်ပို့ရော ဟိုတယ်ရော ဆူခံရမှာကြောက်ပေမယ့်လဲ အသေချာ သတိပေး အသေချာ စီစဉ်လိုက်သည် ။ဘေဂျင်းမှာ ကျတော့အိမ်ပြန်အိပ်မည် ဖြစ်ကြောင်း ကိုတော့ သေသေချာချာ ရှင်းရှင်းလင်းလင်း ခွင့်တောင်းထားရသည် ။ ဘေဂျင်းရောက်တော့ အရင်တစ်ခေါက်က သွားခဲ့တဲ့ မြို့ကိုပဲ ပြန်သွားရတာ ဖြစ်သည်။
ကျတော်တို့ ဒီတစ်ခေါက်သွားတော့ မြို့က လူတွေက ကောင်းကောင်းမှတ်မိနေကြသည် ။ မှတ်မိဆို ကျတော်တို့ ရဲစခန်းမှာ ဖမ်းခံရတဲ့ ကိစ္စက ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့တာကိုး ~~သူတို့ လာမေးရင် ရှက်လိုက်တာ ဆိုတာလေ အဲ့လူကြီးကိုသာ စောင့်ကန်ပစ်ချင်တော့တယ် ။ ညစာစားတော့ မြို့ခံ ဝန်ထမ်း လူကြီးက သူ့အိမ်ကို ထမင်းစားဖိတ်သည် ၊ စက်ရုံကနေ ထိုလူကြီးအိမ်ကို သွားကြရာ လူကြီးတွေနဲ့ ဆဲဟွန်းကို ကားနဲ့ လွှတ်ပြီး ကျတော်က ကျတော်နဲ့ လေပေးဖြောင့်သော အပြုံးချိုချိုနဲ့ Kun ဆိုတဲ့ ကောင်လေးနဲ့ ဆိုင်ကယ်စီးလာလိုက်သည် ။ KPopper ချင်း ဖြစ်ကြ၍ ပြောကြ ဆိုကြ ငြင်းကြ ခုန်ကြရင်းနဲ့ လိုက်လာကြတာ အိမ်ရောက်တော့ အပေါက်ဝမှာ ဆဲဟွန်းက ခါးထောက်လျှက် စီးကာကြိုနေလေသည် ။
" လူကြီးတွေက ထမင်းစားဖို့ ပြန်စောင့်နေရတာ မဟုတ်သေးဘူး လုဟန် "
ပျော်နေတဲ့ အပျော်လေးတောင် ပျောက်ပြီး မျက်နှာငယ်လေးနဲ့ အိမ်ထဲ ဝင်ကာ ထမင်းဝိုင်းပြင်နေတဲ့ နေရာကို မယောင်မလည်နဲ့ ဝင်ကာ ကူသယောင်ပြုနေလိုက်သည် ။ ကြောင်ရှာသီးကြီး ဘေးနားနေရင် ထပ်ပြီးပြောခံရမယ့် ကိစ္စတွေပေါ်လာနိုင်တယ်လေ
ထမင်းစားတော့လဲ လူကြီးတွေက ဟင်းတွေ ထည့်ပေးကြရာ ကျတော် မစားတဲ့ ဟင်းတွေချည်း ဖြစ်နေလေတော့ လူက စားရမလို မစားရတော့ မလိုနဲ့ တို့ကနန်းဆိပ်ကနန်းဖြစ်နေလေသည် ။ အဆိုးဆုံးက ထမင်းပန်းကန်ပေါ်ပုံနေသော ခါကြက်ဥ ကြော်တွေပင် ဖြစ်သည် ။ ခါကြက်ဥတွေကို ဖယ်ရင်းစားလိုက် တစ်ယောက်က ငါးတွေ လာထည့်လိုက် ကြက်ဥတွေ လာထည့်လိုက်နဲ့ မစားဖြစ်တဲ့ ဟင်းတွေက ပန်းကန်ပေါ် ပုံနေလေတော့သည် ။
YOU ARE READING
A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)
FanfictionLuhan -ခင်များကြီးနော် တနေ့နေ့ ကျုပ်လက်ချက် မိမယ်သာမှတ် အဲ့ကြမှ အလုကယ်ပါ မလုပ်နဲ့ ချေမိုးပစ်မယ် Sehun -ချာတိတ်ရာ မင်းငယ်ပါသေးတယ် ~~မင်းပါးစပ်ဟလိုက်တာနဲ့ ဘာပြောမယ်ဆိုတာတောင် သိရလောက်အောင် ရိုးသားလွန်းတယ်