Ep 4

4.1K 492 14
                                    

Zawgyi Version 

မျက်လုံး တစ်ချက်သာ ဝေ့ကြည့်လိုက်တာ ဖြစ်ပေမယ့် စိမ်းကားသော အငွေ့သက်များက ကျောချမ်းသွားရစေသော Oh Sehun  ဆိုတဲ့ လူကြီး ~ ပန်းပုထုဆစ်ထားသကဲ့သို့သော မြင့်မားသော နှာတံ ,သွယ်လျပြီး အဆီပိုမရှိသော ဆွဲမက်ဖွယ် jaw line တို့ကြောင့် ဘေးတိုက်ကြည့်ရတာကိုက ခန့်ညားလွန်းသော ထိုသူက ဖော်ရွေမှုများ ကင်းမဲ့နေခဲ့သည် ။

Baekhyun Hyung ကတော့ အရမ်းဖော်ရွေစွာဖြင့် လက်ဆွဲ ထိုင်ခိုင်းရင်း ချစ့်စရာ့ ညီငယ်လေးဟု ဆိုတာ အသီးများ အတင်းကျွေးနေသည် ။ Minseok Hyung  က ထမင်းစားဖို့ ခေါ်တော့ ဆာဆာ နဲ့ မီးဖိုထဲ လိုက်သွားလိုက်သည် ။မီဖိုချောင်နဲ့ ခါးလောက်ရှိတဲ့ show case စားပွဲ အရှည် တစ်ခုသာ ခြားကာ ဧည့်ခန်းအား လှမ်းကြည့်ရင် စားပွဲပေါ်ရှိ အလှဆင် ပစ္စည်း များကြားကနေ မြင်ရနိုင်သည် ။

"Xiao Lu Korean အစားစာ ကြိုက်လား " နောက်က လိုက်လာသော Baek က မေးလေသည် ။

"ဟုတ်ကဲ့ ကျတော် ကြိုက်ပါတယ် ဗျ "

"ဘေဂျင်းက ဆိုင်မှာတော့ သူကိုယ်တိုင်မှာ စားလာတာပဲ "ဟု Minseok က ဆိုလေတော့Baek က အဆင်ပြေတာပေါ့ဟု ဆိုကာ ရေတစ်ဘူး ယူပြီး ဧည့်ခန်းကို ထွက်သွားလေသည် ။ ထမင်းချက် အာဂျူးမားတွေကလဲ ကိုရီးယားလူမျိုးတွေ ဖြစ်ပြီး  လုဟန်အား ဝမ်းသာအားရနှုတ်ဆက်ကြသည် ။ Minseok Hyung တို့က ထမင်းချက် အာဂျူးမားတွေကိုလဲ မိသားစုဝင်သဖွယ် ဆက်ဆံသည်ကို တွေ့ရလို့ ဘာမှန်းမသိ စိတ်အေးသွား၏ ။ ထမင်းစားကြတဲ့ အချိန်မှ လုဟန်တစ်ယောက် ဒုက္ခလှလှ တွေ့လေသည် ။ ဟင်းက ပဲပိစပ်ဟင်းရည် (ပုံပါ ) နဲ့ ပြည်ကြီးငါး အစပ်ချက် (ပုံပါ ) ဘေဂျင်းကိုရီးယားဆိုင်တွေမှ ကိုရီးယား အစားစာတွေက အတုလား ထင်မှတ်ရအောင် အရသာက ဆယ့်နှစ်ခြားစီ ဖြစ်လေသည် ။

(Author's 📝 된장찌개 (ဒွင်းဂျန်းကျီဂဲ ) ပဲပိစပ် ဟင်းရည်ပါ ကြက်သွန် ပဲပြား ငြုပ်ပွ တို့နဲ့ ပြုတ်ပြီး ချက်တာပါ အမဲသားတို့ ပင်လယ်စာတို့နဲ့လဲ ထည့်ချက်ပါတယ် ။ကျန်းမာရေးနဲ့ ညီညွတ်ပြီး လူကိုထွားကျိုင်းစေတယ်လို့ သိရပါတယ်

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Nơi câu chuyện tồn tại. Hãy khám phá bây giờ