Ep 20

3.4K 422 31
                                    

Zawgyi Version 

Sehun တစ်ယောက် cancels လုပ်လိုက်တဲ့ အကျိုးကြောင့် နောက်ထပ် စကားပြန် လုပ်ရမယ့်သူတွေ ရှာရပြန်ပါပြီ ။ ကျောင်းက Group ထဲမှာ ဆဲဟွန်းပုံကြီးကိုတွဲတင်ကာ အလုပ်ခေါ်စာကို ကြော်ငြာလိုက်ပြီးနောက် CV Form တွေ ဝင်လာမဆဲ တသဲသဲ ဖြစ်နေသည် ။ လာသမျှ ဖောင်တွေက ကျောင်းက လူတွေလဲ အကုန်နီးပါး ဖြစ်နေပေမယ့် အခုချိန်ထိ အဆင်ပြေတာ မတွေ့သေးပါဘူး ။ လျှောက်တဲ့ အထဲ မိန်းကလေးတွေ အရမ်းချောနေရင်လဲ ဆဲဟွန်းလက်ချက်မိမှာစိုးလို့ တရုတ်လူမျိုးခြင်း ဖေးမခြင်းအားဖြင့် CV Form တွေ ကို ဆဲဟွန်း လက်ထဲ မရောက်အောင် ဖယ်ရသေးသည် ။ဖောင်လေးတွေ ပြန်ကြည့်လိုက် ကော်ဖီလေး ပိုက်နဲ့ စုပ်လိုက် အလုပ်များနေစဉ် ~

We young ~coz we young ~~

လူက CV တွေ ရွေးနေတုန်း အလုပ်ရှုပ်ပါတယ် ဆိုနေမှ TAO ပန်ဒါက ဖုန်းဆက်နေသည် ။

"သားရီးပြော ~"

"ဟေ့ကောင် မင်းတို့ ရုံးက အလုပ်ခေါ်နေတယ်ဆို ?"

"အေး အဲ့ဒါကြောင့် မင်းပါပါး အလုပ်ရှုပ်နေတယ် နောက်မှ ပြန်ဆက် "

"ဟေ့ကောင် ~~လုလု ခဏ နေဦးဟ , ငါ လျောက်ချင်လို့ " သောက်နေတဲ့ ကော်ဖီတောင် သီးမတတ် ဖြစ်သွားရလေသည် ။Lamborghini နဲ့မြို့ပတ်နေတဲ့ သူဌေးသားက အလုပ်လျောက်မယ် ဆိုလို့ပါ ~ (ကျတော်လဲ သူဌေးသားပါပဲ အိမ်က ကားပေးမမောင်းတာက လွဲလို့)

"လခွမ်း~ မင်းက ဘာလုပ်ဖို့ လျောက်မှာလဲ မင်းပါပါး Company မှာ လုပ်နေတာကြီးကို "

"မင်းကလဲ လုပ်ပါကွာ ~~ငါ ရှန့်ဟိုင်းသွားရမယ့် ကိစ္စရှိလို့ "

"သွားပေါ့ မဟုတ်လဲ မင်း အဖွားတွေဆီကို အိမ်ဦးနဲ့ ကြမ်းပြင် ကူးနေတာပဲ"

"အာ~ပြောရတာ ဝေးလိုက်တာ ရှန့်ဟိုင်းမှာ နေချင်လို့ နေရမယ့် အကြောင်းပေါ်လာလို့ ဟေ့ သိပြီလား သမင်ဂျပု "

"အကြောင်းရင်း သိမှ ဖြစ်မယ် မသိရလို့ကတော့ never ever ပဲ ငါ မင်းနဲ့ အတူတူ မလုပ်ချင်ဘူး " ဟုတ်တယ်လေ ~ ပန်ဒါကောင်က နမော်နမဲ့က နိုင်သေးတယ် သူလာရင် သူရှာသမျှ ပြသနာ ကိုယ်က ရှင်းရမယ့် အရေးကြိုမြင်နေတယ်

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Donde viven las historias. Descúbrelo ahora