EP 18 (Sehun Version)

643 73 10
                                    


Unicode Version 

အပြင်သွားမယ် ပြင်လိုက်ပေမယ့် သူမရှိရင် ကလေးက ဗိုက်ဆာနေမှာပဲ ဆိုတဲ့ စိတ်နဲ့ မီးဖိုထဲ ဝင်လိုက်ပြီး သူကြိုက်တတ်တဲ့ ရေညှိထမင်းလိတ်ကလေး လုပ်ပေးခဲ့ပြီး အုပ်ဆောင်းအောက်ကို အုပ်ထားရန် ပြင်လိုက်သည် ။

ဒီအတိုင်းသွားရင်လဲ ကလေးက သူ့အတွက်လို မထင်ပဲ မစားပဲနေမှာ စိုးရသေးလို့ စာလေးတစ်စောင်တော့ ချန်ထားခဲ့ရန် ဆုံးဖြတ်လိုက်သည် ။

" ညနေစာ အဆင်ပြေသလို စားလိုက်တော့ ငါက အပြင်မှာ စားလာခဲ့မှာ " စာရွက်ပေါင်းများစွာမှာ စာအကြောင်းရေများစွာ ရေးလိုက် ဆုတ်ဖြဲလိုက် လုပ်ပြီးမှ ရလာသော စာကြောင်းလေး ~~~

ဂိုထောင်ထဲက ကားကို ထုတ်ပြီး ခြေဦးတည့်ရာ မောင်းရန် ပြင်လိုက်ပေမယ့် အိမ်ထဲမှာ တစ်ယောက်ထဲ ကျန်ခဲ့မည့် သူလေးကို စိတ်မချလို့ လမ်းထိတ်က ကဖေးလေးမှာပဲ ထိုင်နေဖြစ်သည် ။ ကော်ဖီတစ်ခွက်ပြီး တစ်ခွက် မှာသောက်နေတဲ့ သူ့ကို စားပွဲထိုးကောင်လေးက ကွက်ကြည့်ကွက်ကြည့် ~~ မတတ်နိုင်ဘူးလေ ဖုန်းထဲက ခိုးရိုက်ထားတဲ့ ကလေးပုံလေးတွေ ကို တစ်ပုံခြင်းစီ ကြည့်လိုက် ပုံရိုက်ထားတဲ့ အချိန်တုန်းက အကြောင်းရာလေးတွေကို ပြန်တွေးလိုက်နဲ့ ကြည်နူးရတာ သူ့ အတွက် စိတ်ဖြေဆေးတစ်ခုပါပဲ ~~ ကလေးနဲ့ စတွေ့ကတည်းက ရိုက်ထားတာ ပုံပေါင်းက မနည်းမနောပါပဲ ၇၀၀၀ကျော်လေ ~~

ကြည့်ကောင်းကောင်းနဲ့ ကြည့်နေမိတာ ကလေးဆီက ဖုန်းဝင်လာမှပဲ ပတ်ဝန်းကျင်ကို သတိပြုမိတော့တယ် မိုးတောင် တော်တော် ချုပ်နေပြီပဲ

ဖုန်းကိုင်ဖို့ မဝံ့မရဲစိတ်နဲ့ ဝင်လာတဲ့ ဖုန်းလေးကိုပဲ ထိုင်ကြည့်နေလိုက်တာ

~~ 15 call လောက်မှာ ဖုန်းကိုင်ဖြစ်သွားသည် ။

"Hyung ~~ ပြန်မလာသေးဘူးလား "

"အင်း ~~ နောက်ကျမှာ "

"ဗျာ~~ ၈နာရီခွဲနေပြီလေ "

"အင်း ~~ အိပ်နှင့် ငါမှာ သော့ပါတယ် ကိုယ့်ဘာသာ ဝင်ခဲ့မယ် "

တီ~~ခနဲ့ ဖုန်းချလိုက်ပီး လူက ငေါင်တောင်တောင်နဲ့ ကျန်ခဲ့သည် ။

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Where stories live. Discover now